SJ WorldNews - шаблон joomla Авто

ချောင်းရေကြီး၍ တံတားပျက်စီးသဖြင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေသော ဒေသခံပြည်သူများအား တပ်မတော် မှ ဖိုက်ဘာ လှေများဖြင့် ဆက်လက် ကူညီပို့ဆောင်

Friday, 13 September 2019 09:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး   ဖြူးချောင်း ရေကြီးမှုကြောင့် ၀ဲကြီးကျေးရွာအုပ်စု၊ ၀ဲကြီးတောင်ရွာနှင့် ၀ဲကြီးမြောက်ရွာကြားရှိ ဖြူးချောင်းတံတား ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိရာ တပ်မတော်မှ    ဖိုက်ဘာစက်လှေများဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၃ ဦးနှင့် ကျေးရွာနေ ဒေသခံ ပြည်သူ ၈၈၅ ဦးတို့ကို တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ အုတ်တွင်း တပ်နယ်မှ တပ်မတော် သားများက  ဖိုက်ဘာ စက်လှေများဖြင့် ဆက်လက်ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။               

 

Read 103 times Last modified on Friday, 13 September 2019 09:39