SJ WorldNews - шаблон joomla Авто

ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်း အနိုင်ရဗိုလ်စွဲ

Friday, 13 September 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၂

ဝန်ကြီးဌာနပေါင်းစုံ  အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို  ယနေ့နံနက် ၈ နာရီခွဲတွင် ၀ဏ်္ဏသိဒ်္ဓိ အားကစားရုံ (B) ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်ထဲရေး ၀န်ကြီးဌာန အသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အသင်းကို ၂၄-၂၆ မှတ်၊  ၂၅-၁၉ မှတ်၊ ၂၅-၂၂ မှတ်၊ ၁၈-၂၅ မှတ်၊ ၁၅-၁၃ မှတ်ဖြင့် အနိုင်ရရှိသည်။

စက်တင်ဘာ ၁၃ ရက်(ယနေ့) နံနက် ၈ နာရီခွဲမှစတင်၍ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲ ရေး ၀န်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး ပြိုင်ပွဲ အပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိ သူများ တက်ရောက် ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။

ကျော်လွင်         

 

 

 

Read 90 times Last modified on Friday, 13 September 2019 09:45