SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Friday, 13 September 2019 20:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ စက်တင်ဘာ - ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ တွင်တာဝန်ပြီးဆုံး၍ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် သံတမန် များအဖွဲ့နာယကဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Pehin  Orang  Kaya  Seri  Pahlawan  Dato  Paduka  Haji  Abdu'r   Rahmani bin  Dato Paduka Haji  Basir ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက် ရောက်ကြပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယအကြီးအကဲ  Mr. Shahrual Anaz Ismail တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊  မြန်မာနိုင်ငံတွင် တိုင်းရင်း သားပြည်သူများအားလုံးကို ဥပဒေပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာများတွင် ခွဲခြား ဆက်ဆံမှုမရှိသည့် အခြေအနေများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေး အရတည်ငြိမ် အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်သည့် အခြေ အနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းသား များ အပြန်အလှန်စေလွှတ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း  သတင်းရရှိသည်။

Read 92 times Last modified on Friday, 13 September 2019 20:42