SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

Friday, 13 September 2019 20:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ စက်တင်ဘာ - ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူး ကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန်  Mrs. Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာ အလေးအနက် ထား၍ ချစ်ကြည်ရေးနှင့် ဆက်ဆံရေးများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတို့ကို ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဩဂုတ်လ ၁၅ ရက်တွင်ဖြစ်ပွားခဲ့သည့် AA TNLA MNDAA အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချ သည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ရပ်တည် ဆောင်ရွက်ချက်များအား တရုတ်နိုင်ငံက ထောက်ခံအားပေးကူညီ ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှုရရှိရေး ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read 93 times Last modified on Friday, 13 September 2019 20:11