SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Monday, 16 September 2019 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၅

၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ (International  Day of Democracy 2019) အထိမ်းအမှတ် အခမ်းအနားကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော် သမတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယ သမ ဦးဟင်နရီ ဗန်ထီးယူနှင့် ဧည့်သည်တော်များသည် သဘင်ဆောင်အတွင်း၌ ခင်းကျင်းပြသထားသည့်  အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ မြန်မာလွှတ်တော် နှစ်ပတ်လည်နေ့ အခမ်းအနားများ၊ လွှတ်တော်တွင် ကတိသစ်္စာ ပြုမှုများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥကဋ္ဌ များ၏ ဧည့်သည်လက်ခံတွေ့ဆုံမှု၊ လွှတ်တော် ပူးပေါင်း ကော်မတီ အစည်းအဝေးများ၊ လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးများ၊ ATPA အစည်းအဝေး တက်ရောက် မှုများ၊ IPU အစည်းအဝေး တက်ရောက်မှုများ၊ မြန်မာလွှတ်တော် အဆောက်အအုံများ၊ မြန်မာလွှတ်တော် နာယက၊  ဥကဋ္ဌ နှင့် ဒုတိယ ဥကဋ္ဌ များ၏ မှတ်တမ်း ဓာတ်ပုံများ၊ လွှတ်တော် ဥက်္ကဋ္ဌနှင့် ဒုတိယ ဥကဋ္ဌ တို့၏ ပြည်ပ ခရီးစဉ်များ၊ ဧည့်သည်တောှ်တ်တမ်း လက်မှတ်ရေးထိုးမှုများ၊ ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်ပြိုင်ပွဲ ဆုရကဗျာ၊ စာစီစာကုံး နှင့်ပန်းချီများ၊ လွှတ်တော်ရေးရာ ကော်မတီများအလိုက် ကွင်းဆင်း စိစစ်ဆောင်ရွက်မှုများ၊   လွှတ်တော် ကိုယ်စားလှယ်များနှင့် ၀န်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ၊ မြန်မာလွှတ်တော်သို့ လာရောက်လေ့လာမှုများ၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သော လွှတ်တော် အထောက်အကူပြုဟောပြောပွဲများ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်က စီစဉ်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်များ၊ ဖက်ဒရယ် နိုင်ငံများဖိုရမ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ  ပူးပေါင်းကျင်းပခဲ့သည့်    ဖက်ဒရယ် စနစ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊  ဖက်ဒရယ် နိုင်ငံများ ဖိုရမ်နှင့် ပြည်ထောင်စု လွှတ်တော်တို့ အကြား ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားတွင်   နိုင်ငံတော်သမတ ဦးဝင်းမြင့်က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ကြွရောက်လာကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ ဒုတိယ သမတ၊ လွှတ်တော် ဥကဋ္ဌများ၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့်  ကုလသ္ဂ အဖွဲ့အစည်းဝင်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ဆရာ/  ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊  ပြည်တွင်း အသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ  စသည့် ဧည့်သည်တော်များ အားလုံး  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေလို့ ဦးစွာပထမနှုတ်ခွန်း ဆက်သအပ်ပါကြောင်း။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပ ရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိတဲ့  အချုပ် အခြာအာဏာပိုင်နိုင်ငံများကို ဂုဏ်ပြုဖို့၊  ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်ဖို့၊   ပြည်သူများအကြား  ဒီမို ကရေစီ စိတ်ဓာတ်ခိုင်မာလာစေဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြဖို့နဲ့ ဒီမို ကရေစီရှင်သန် အမြစ်တွယ်ဖို့ တို့အတွက်  ဖြစ်ပါကြောင်း။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်ထောင်စုလွှတ်တော်ကြီးက ““ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့”” လို့သတ်မှတ်ထားပါ ကြောင်း။ ဒီမိုကရေစီဆိုတာ ပြည်သူလူထု အတွက် (for the People) ပြည်သူလူထု ကတင်မြှောက်တဲ့ (by the  People) ပြည်သူ လူထုရဲ့အစိုးရ (Government  of  the  People) ဖြစ်ပါကြောင်း။ ဒါကြောင့် ဒီမိုကရေစီ စနစ်တွင် ပြည်သူလူထုကိုဗဟိုပြုမှု၊ ပြည်သူ လူထုပူးပေါင်း ပါဝင်မှုကို  ပေါ်လွင် စေပါ ကြောင်း။  ထို့အတူ  ““နိုင်ငံတော်၏အချုပ် အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက် ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်”” ဟူသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူအရ ဒီမိုကရေ စီစနစ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရေးပါပုံကို ထင်ရှားစေပါကြောင်း၊

ဒီမိုကရေစီနိုင်ငံမှာ  တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ အဖိုးအနဂထိုက်တန်တဲ့   လောကပါလတရားများ  ထွန်းကား ပါကြောင်း။ ဒီမိုကရေစီက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊  တရားဥပဒေ စိုးမိုးရေးတို့ကို အခြေခံသည့် စနစ်ဖြစ်ပါကြောင်း။ ဒီမိုကရေစီအရေး၊  လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ ချိတ်ဆက်လျက် ရှိနေတာကြောင့် တစ်ခု ချိုးဖောက်ခံရလျှင်   ကျန်တဲ့အခွင့်အရေးများလည်း ဆုံးရှုံးရပါကြောင်း။ ဒီမိုကရေစီက နိုင်ငံသူ နိုင်ငံသားများ အားလုံးကို လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ကာယ၊ ဉဏ၊ ၀ီရိယ စွမ်းအားအလိုက် အခြေအနေများ သာတူ ညီမျှဖြစ်ရေးကို  ဦးတည်ပါကြောင်း။

ဆင်းရဲချမ်းသာ မျက်နှာကြီးငယ် မရွေးဘဲ  အခွင့်အလမ်းများ တန်းတူရည်တူဖြစ်ရေးကို အာမခံပါကြောင်း။  ထို့ပြင် ဥပဒေ ဘောင် အတွင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ဖြစ်စေပါကြောင်း။  နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရက် တစ်နိုင်ငံရေး စနစ် မရှိရင်   ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်နိုင်သလို သန့်ရှင်းသည့်အစိုးရ ဆိုတာ လည်း မဖြစ်နိုင်ကြောင်း၊ ဒါတွေကို  ပြည်သူလူထုကြီးက ကောင်းစွာနားလည် သဘောပေါက်ထားတာကြောင့် ဒီမိုကရေစီကို စဉ်ဆက်မပြတ် လိုလား တောင့်တနေကြ တာဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလဖြစ်ပါကြောင်း။ ဒီမိုကရေစီလမ်းစပေါ် ခြေချခါစပဲရှိသေးပြီး ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးဘူး ဆိုတာ ပြည်သူလူထုကြီးတစ်ရပ်လုံး သတိချပ်စေလိုပါကြောင်း။

ယခုလို  ဒီမိုကရေစီ ရှင်သန်ရေးအတွက်   ပူးပေါင်းပါဝင်   ဆောင်ရွက်ကြရာတွင် လူပုဂ်္ဂိုလ် အသီးသီး၊ အဖွဲ့အစည်း အသီးသီး ကတည်ဆဲ ဥပဒေများကို လေးစားကြရမှာဖြစ်သလို စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရမှာ ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်အရ အများစုရဲ့ဆနကို  လက်ခံလိုက်နာရသလို အနည်းစုရဲ့ သဘောထားကို လေးစားရမှာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီရဲ့ သဘော သဘာဝအရ အမြင်မတူ အယူအဆ ကွဲပြားမှုများ ရှိကြသော်လည်း ယင်းမတူ ကွဲပြားမှုများကို နိုင်ငံတော်ရဲ့ရေရှည်အကျိုး စီးပွားကိုဦးထိပ်ထားပြီး စေ့စပ် ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ  အဖြေရှာ ကြမှသာလျှင်  ဒီမိုကရေစီကျင့်စဉ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊  ဒီမိုကရေစီရဲ့မဏ္ဍိုင်ကြီးများဖြစ် ကြတဲ့ သဘော ထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကိုအခြေခံလျက် ဆွေးနွေး ညှိနှိုင်းကြရတာဖြစ်ပါကြောင်း၊ တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြူစင်တဲ့စိတ်ထား မျှတတဲ့ သဘောထားရှိလျှင် မှန်ကန်တဲ့ အဖြေကို ရရှိ မှာဖြစ်ပါကြောင်း၊  မိမိတို့ အားလုံး ဒီမိုကရေစီကို အမှန်တကယ်သက်ဝင်ယုံကြည်ကြပါက အမုန်းစကားများကို ရှောင်ရှား၊  အမုန်းတရားများ ကို ကျော်လွှားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို    ရှေးရှုကြရန်လိုအပ်ပါကြောင်း။

ပြည်သူလူထုရဲ့ အသက်၊ သွေးချွေးနဲ့ ဘ၀တွေ ပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့် ချိုးမခံရအောင် အားလုံးက ၀ိုင်းဝန်းပြုစု ပျိုးထောင်စောင့်ရှောက်ကြစေလိုပါကြောင်း၊  ဒီမိုကရေစီ ရှင်သန်ရေး အတွက်   နိုင်ငံသား အားလုံးငေးငိုင် မနေကြရန် အလစ်အငိုက် မမိကြရန် အရေးကြီးလှပါကြောင်း။

ဒီမိုကရေစီမရှိသေးတဲ့ ဒါမှမဟုတ် အပြည့်အ၀ မရသေးတဲ့နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာများနဲ့ စိတ်ဝမ်းကွဲပြားမှုများ ဟာ  ဒီမိုကရေစီရှင်သန်ရေးကို အတားအဆီးဖြစ်စေကြောင်း သတိပြုကြစေလိုပါကြောင်း၊ ဒီမို ကရေစီအသွင် ကူးပြောင်းရေး  ပိုမိုလျင်မြန် စေရန် တိုင်းရင်းသားများအားလုံး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေးအမြန်ရရှိရေးမှာလည်း    လိုလို  လားလားပူးပေါင်း ဆောင်ရွက်ကြ ရန် အထူး လိုအပ်ပါကြောင်း။ ထို့အတူ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန်၊ ငြိမ်းချမ်းသာယာဝ ပြောရန်နှင့် ဖွံ့ဖြိုးတိုး တက်ရန်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်း၊  ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း တို့ ပြုလုပ်ရာတွင် ဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွှန်းများ၊  လူ့အခွင့်အရေးရဲ့ အခြေခံစံနှုန်း စံထားများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း။

ဒီမိုကရေစီကို အမှန်တကယ်ယုံကြည် လက်ခံတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ဆိုတာ  နောင်မှကျင့်သုံးမယ် ဆိုတာထက်  ယနေ့ကပင် စတင်ကျင့်သုံးရတာမျိုးဖြစ်တယ်ဆိုတာကို  အားလုံးက  လက်ခံဖို့လိုအပ်ပါကြောင်း၊ ဒီမိုကရေစီမှာ မဲဆနရှင်ပြည်သူလူထု၏ဆနသည်သာ နိုင်ငံရေးအချုပ်အခြာအာဏာပိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမို ကရေစီ ရဲ့အသက်သွေးကြောဖြစ်ပါကြောင်း၊  ဒါ့ကြောင့်  ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်း ပါဝင်ခြင်းဟာ ဒီမိုကရေစီရှင်သန်ရေးကို ပိုမိုအားကောင်းစေပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ် တော်နာယက ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ဦးတီခွန်မြတ်က ဒီမိုကရေစီနေ့ အထိမ်း အမှတ် အမှာစကားပြောကြားသည်။

ထို့နောက်    ကုလသမဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်  သ၀ဏ်လွှာကို ကုလသမဂကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) မှ ဌာနေကိုယ်စားလှယ် Ms.  June Kunugi က ဖတ်ကြားပြီး IPU နှစ်  (၁၃၀)ပြည့် အထိမ်းအမှတ် ဗီဒီယိုနှင့် မြန်မာ့ လွှတ်တော် IPU ၏ပ တ်သက် ဆက်နွှယ်မှု ဆိုင်ရာ ဗီဒီယိုတို့ကိုပြသသည်။

ယင်းနောက် စာတမ်းများဖတ်ကြားခြင်း အစီအစဉ်ကိုဆက်လက်ကျင်းပရာ ကျောင်းသားလူငယ်များ၏ စာတမ်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများကိုယ်စားပြုစာတမ်း၊““””ဒီမို ကရက်တစ်ပါတီ၏စာတမ်း၊  တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၏စာတမ်း၊ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၏စာတမ်း၊   ကချင်ပြည်နယ်ပြည်သူ့ ပါတီ ၏ စာတမ်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ စာတမ်း၊  လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (ဒူးလေးပါတီ)၏ စာတမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)) ပါတီ၏ စာတမ်း၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ စာတမ်း၊ တအာင်း(ပလောင်)အမျိုး သားပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စာတမ်း၊ ရခိုင် အမျိုးသားပါတီ၏ စာတမ်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီ၏ စာတမ်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ စာတမ်းတို့ကို သက်ဆိုင်ရာကိုယ်စားလှယ်များက ဖတ်ကြားကြသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု လွှတ်တော်  ဒုတိယနာယက  ပြည်သူ့လွှတ်တော် ဒုတိယ ဥကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်း အမှတ် တကသိုလ် အဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အခြေခံပညာ အလယ်တန်း အဆင့်  စာစီစာကုံး ပြိုင်ပွဲ၊  ကဗျာပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ရွှေသံလွင် ကုမဏီနှင့် Three  Swallows  Construction ကုမဏီ လီမိတက်တို့မှ   တာဝန်ရှိသူထံ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

 ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့    တက်ရောက်လာသူ များအား  ““မြို့မ”” အပျော်တမ်း တူရိယာ အသင်းနှင့် တွဲဖက်၍ တေးသံရှင်များက မြူမှောင်ဝေကင်း၊  ငြိမ်းချမ်းရေး၊ လက်ရည် တစ်ပြင်တည်း၊ လူချွန် လူကောင်း၊ စစ်ကိုင်းတောင်၊ ပြည်တော်ဝင်  စသည့် တေးသီချင်းများဖြင့် လည်း ကောင်း၊  မင်းသမီး ပန်တျာ ဌေးဌေးမြင့်နှင့်  ၀င်းသပြေထွန်း၊ လူရွှင်တော် ပေါစိန်၊ ထင်ပေါ်၊ ချစ်စရာနှင့်  မုံရွာ တက်တိုး တို့ ပါဝင်သည့်  မနလေး အငြိမ့်အဖွဲ့က အငြိမ့်အကများဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက်  ပြည်သူ့လွှတ်တော် ဥကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥကဋ္ဌ၊    ပြည်သူ့လွှတ်တော် ဒုတိယ ဥကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥကဋ္ဌ တို့က ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ခဲ့ကြ သူများအား ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြုငွေပေး အပ် ချီးမြှင့်ကြသည်။

ယခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်သည် ““ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့ (Participation) ””ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။          

Read 82 times Last modified on Monday, 16 September 2019 08:55