SJ WorldNews - шаблон joomla Авто

မြန်မာ-တရုတ် ဖက်စပ် ထုတ်လုပ်နေသည့်လျှပ်စစ်ကားများ ဈေးကွက် အတွင်း မြင်တွေ့ရဖွယ်ရှိ

Monday, 16 September 2019 09:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၁၅

မြန်မာ-တရုတ်  နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကား အမျိုးအစား သစ်များကို စက်တင် ဘာလပိုင်းမှ စတင်ကာ  ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်  သာဓုကန်စက်မှု ဇုန်ရှိ ကားစက်ရုံတွင် ထုတ်လုပ် နေပြီဖြစ်ရာ မကြာမီ ကာလအတွင်း ဈေးကွက်အတွင်းသို့  ထိုးဖောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလျှပ်စစ်ကားများကို တရုတ်နိုင်ငံ YUE DIနှင့်  မြန်မာနိုင်ငံ   HAINGKHAING  SANGDA    MOTORCAR   FACTORY    တို့  ပူးပေါင်းကာ ပထမဆုံး ဖက်စပ် ထုတ်လုပ်သော ကားများဖြစ်ကြောင်း သိရသည်။

““ဒီလျှပ်စစ် ကားတွေကို  မြန်မာနိုင်ငံအတွက်  ပထမဆုံး ထုတ်လုပ် တင်သွင်းရတာက ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက  မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ကို အဓိကရည်ရွယ်ပါတယ်။       

ဒီကားတွေ တင်သွင်းမှုအတွက်   တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို ဈေးနှုန်း ချိုသာစွာနဲ့ ၀ယ်ယူ အသုံးပြု နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အရစ်ကျစနစ်နဲ့လည်း ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ကားတွေကို တရုတ်ပြည် မှာထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ် ပေးသွားမှာပါ။ မြို့တွင်း/မြို့ပြင်  ဟိုင်းဝေး တစ်နိုင်ငံလုံးကို  မောင်းနှင်နိုင် အောင်နည်းပညာနဲ့  ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီးရှိ တဲ့နေရာတွေမှာ အလွယ်တကူ သွင်းနိုင်ပြီး ဟိုင်းဝေး ရောက်ရင် လမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်း နည်းနေရင် ဆီထည့်ပြီး ကားရဲ့ ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါပါ တယ်။ အဲဒီအတွက် ဟိုင်းဝေးတွေမှာလည်း ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ မီးခိုးမထွက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ကိုလည်းထိန်းသိမ်းနိုင်ပါတယ်””ဟု KHAING KHAING   SANGDA   MOTORCAR ကားစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ မစ်္စတာ YU JIAN CHEN ကထပ်မံ ပြောသည်။

ယခု စက်တင်ဘာလတွင် စတင်ထုတ် လုပ်နေသည့် KSD-V1-NE2  အမျိုးအစား နှင့် KSD- V1-NE3 အမျိုးအစားသည် လျှပ်စစ်အား တစ်ခါသွင်းလျှင် ၈၀၀ ကီလိုမီတာကို  တစ်ဆက်တည်း မောင်းနိုင်ပြီး တစ်နာရီ  မိုင်နှုန်း ၇၀/ ၈၀ ကီလို မီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း၊ သွားလာ၍  ဘက်ထရီအား ၃၀ ရာခိုင်နှုန်းကို ကားတွင်အပိုပါသော 789 CC ဘက်ထရီ ဖြင့် ထပ်မံအားဖြည့်ကာ သွားလာနိုင်ကြောင်းသိရသည်။

KSD-V1-NE6 သည် တစ်နာရီ မိုင်နှုန်း ၈၀ ကီလိုမီတာအထက် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း၊   LITHIUM   BATTERY အမျိုးအစားကို အသုံးပြု ထားကြောင်း၊ အသစ်ထုတ်လုပ်သော ကားများသည် မြန်မာငွေကျပ် ၁၃၉ သိန်း ကျသင့်မည် ဖြစ်ပြီး ဘက်ထရီအာမခံ ငါးနှစ်ရရှိမည်ဖြစ်ကြောင်း၊ ထိုလျှပ်စစ် ကားများသည် ငါးယောက်စီးဖြစ်ပြီး ကားများ အတွက် အာမခံ ငါးနှစ် ပေးထားကာ ထိုကာလအတွင်း ကား၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ကိစအ၀၀ကို စက်ရုံမှ ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါကားစက်ရုံတွင် ကနဦး NEW ENERGY  CAR  (HYBRID) လျှပ်စစ် (ဘက်ထရီ)ကား KSD-V1- NE1 အမျိုး အစားကို အစီးရေ တစ်ရာကျော် ထုတ်လုပ်ထားပြီး LEADACID  BATTERY အမျိုးအစားကို အသုံးပြုထားသည်။ သွားလာ၍ ဘက်ထရီအား ၃၀ ရာခိုင်နှုန်း ကျန်ရှိ နေလျှင် ကားတွင်အပိုပါသော  200 CC ဘက်ထရီဖြင့် အားဖြည့်နိုင် သည်။  မြန်မာ ငွေကျပ် ၉၃ သိန်းရှိပြီး ဘက်ထရီအာမခံ တစ်နှစ်ခွဲ ပေးထားကြောင်း သိရသည်။                  

မောင်မျိုး(ဧရာဝတီ)

Read 109 times Last modified on Monday, 16 September 2019 09:13