SJ WorldNews - шаблон joomla Авто

MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆု ဆွတ်ခူး

Monday, 16 September 2019 09:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၁၅

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲနောက်ဆုံး ရက်သတပတ်ဖြစ်သည့် ပွဲစဉ် (၂၂)ကို ယနေ့ညနေ ၃ နာရီခွဲတွင် တစ်ချိန် တည်းကျင်းပရာ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရယူပြီး   ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။

တောင်ကြီးကွင်း၌ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို ၄ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက် တက်အသင်းသည် အမှတ်ပေး ချန်ပီယံဆုကို   ဒုတိယအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ရာသီ စလုံးရှုံးပွဲ မရှိဘဲ ပထမဆုံးချန်ပီယံ ဆုရသည့်အသင်း အဖြစ်ပါ  မှတ်တမ်းဝင်ခဲ့သည်။ 

ရှမ်းယူနိုက်တက် အသင်းသည် ပထမပိုင်းတွင် ဂိုးမရသောကြောင့် အနည်းငယ် ရုန်းကန် MNL အမှတ်ပေးပြိုင်ပွဲ ၊ ခဲ့ရသော် လည်း ၆၃ မိနစ်တွင် ဒွေးကိုကိုချစ်၏ သွင်းဂိုးရပြီး နောက်ပိုင်းပွဲကို စိုးမိုးကာ ဂိုးပြတ် အနိုင်သွင်း ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံဆု မျှော်မှန်းနိုင်သည့် ဧရာဝတီ အသင်းနှင့် ရန်ကုန်အသင်းတို့သည် ပထမပိုင်း၌ အနိုင်ရနေချိန်တွင် ရှမ်းယူ နိုက် တက်အသင်းအနေဖြင့်  ဂိုးရရန်  ရုန်းကန်နေရသောကြောင့် ဖိအားနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင်  ပွဲအဖြေ ပြောင်းလဲကာ  အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ဂိုးမရသည့် ရှမ်းယူနိုက်တက် အသင်းသည်  ဒုတိယပိုင်းတွင်  ဂိုးရရန် တိုက်စစ်အပြောင်း အလဲများပြုလုပ်ခဲ့ပြီး  ၆၃ မိနစ်တွင် ဒွေးကိုကိုချစ်က အဖွင့်ဂိုး သွင်းယူခဲ့သည်။   ဂိုးရပြီးနောက်ပိုင်းတွင်  ရှမ်းယူနိုက် တက် အသင်းက ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့ပြီး  ၆၈ မိနစ်တွင် ၀ီလျံ၊ ၈၁ မိနစ်တွင် မက်ဆီမင်တို့က ဂိုးများထပ်မံ သွင်းယူခဲ့ သည်။ ၈၄ မိနစ်တွင် ဆင်မြူရယ်က ပယ်နယ်တီမှတစ်ဆင့် ရခိုင်အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန် သွင်းသော်လည်း  ပွဲအဖြေကို မပြောင်း လဲနိုင်ဘဲ ၈၇ မိနစ်တွင် ဒွေးကိုကိုချစ်က ရှမ်းယူနိုက်တက်အသင်း အတွက် စတုတအနိုင်ဂိုး သွင်းယူခဲ့သည်။

ရှမ်းယူနိုက်တက် အသင်းနှင့်  ရခိုင် အသင်းတို့ပွဲ အပြီးတွင် ဆုပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့ သည့် ရှမ်းယူနိုက်တက် အသင်းကို တစ်ဦး ချင်းဆုတံဆိပ်၊ ဆုကြေးငွေကျပ်သိန်း ၁၀၀၀နှင့် ချန်ပီယံဆု ဖလားတို့ကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည် နယ် တရားသူကြီးချုပ်  ဦးကြွယ်ကြွယ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန် ရှိသူများက ပေးအပ်ချီးမြှင့်သည်။ 

ထို့ပြင် တစ်ရာသီလုံး ရှုံးပွဲ မရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို Special Congratulation Trophy ပေးအပ် ချီးမြှင့်ခဲ့ပြီး  ရှမ်းပြည်နယ် အစိုးရအဖွဲ့က ယခုရာသီတွင်  ချန်ပီယံဆုရခဲ့သည့် ရှမ်းယူနိုက်တက်စီနီယာ အသင်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀၊ ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းကို ဆုကြေး ငွေကျပ် ၂၅ သိန်းတို့ ချီးမြှင့်ခဲ့ကြောင်း  သိရသည်။          

 

Read 96 times