SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ လူနာ ၁၁၂ ဦးရှိပြီး သံသယလူနာ ၁၆၇၆ ဦးထိရှိလာ

Monday, 16 September 2019 09:38 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  စက်တင်ဘာ  ၁၅

နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A(H1N1)pdm09  ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ  သေဆုံးသူ ၁၁၂ ဦးအထိရှိလာပြီး ပိုးတွေ့လူနာ ၇၁၆ ဦးထိရှိလာကြောင်း  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏   ဓာတ်ခွဲအတည်ပြုသေဆုံးစာရင်းများအရ သိရသည်။

ရာသီတုပ်ကွေးရောဂါ A(H1N1)pdm09  ကြောင့်  စက်တင်ဘာ ၆ ရက်အထိ သေဆုံးလူနာ ၁၀၉ ဦးရှိခဲ့ရာ စက်တင်ဘာ ၁၃  ရက်တွင်  မနလေးတိုင်း ဒေသကြီးမှ သေဆုံးသူနှစ်ဦး၊ နေပြည်တော်မှ သေဆုံးသူ တစ်ဦး ရှိလာသောကြောင့် စုစုပေါင်း ၁၁၂ ဦး အထိ တိုးလာကြောင်း သိရသည်။                      

ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေး ရောဂါ A(H1N1)pdm09 ကြောင့် သေဆုံးမှုများဖြစ်ပေါ်နေပြီး   ယနေ့အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် များ၌ ပိုးတွေ့လူနာ ၂၈၇ ဦးရှိပြီး သေဆုံးသူ ၆၈ ဦးထိရှိနေကြောင်း ကျန်တိုင်း ဒေသကြီး နှင့်ပြည်နယ်များတွင် သေဆုံးသူ ၄၄ ဦးရှိ နေပြီဖြစ်ကြောင်းရာသီတုပ်ကွေးရောဂါ A(H1N1) pdm09 သံသယဖြင့် ဓာတ်ခွဲစစ် ဆေးသူ ၁၆၇၆ ဦးထိ ရှိလာပြီး ပိုးတွေ့ လူနာသည် ၇၁၆ ဦးရှိလာကာ ယခင်ထက် တိုးတက် လာနေကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 93 times Last modified on Monday, 16 September 2019 09:41