SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်က အားကစားနည်း ၁၇ မျိုးထိ ၀င်ရောက်ယှဉ်ပြိုင်သွားမည်

Tuesday, 17 September 2019 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၆

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ်က အားကစားနည်း ၁၇မျိုးထိ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေး မှူး ဒေါ်ခင်မိုးမိုးထံမှ သိရသည်။

ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင်  လှေလှော် အားကစားနည်း ၁၉ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်သော်လည်း  မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနေဖြင့်  ရိုးရာလှေအားကစားနည်းတွင်  ခြောက်မျိုး၊   အနောက်တိုင်းလှေလှော် အားကစားနည်း တွင် ခြောက်မျိုးနှင့် ကနူးကယက်လှေလှော်ပြိုင်ပွဲတွင် ငါးမျိုးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင် ကစားရာတွင် မြန်မာနိုင်ငံ အတွက် ဆုတံ ဆိပ်များ ရယူပေးနိုင်သော အားကစားနည်း တစ်မျိုးဖြစ်ပြီး လာမည့်ဖိလစ်ပိုင်ဆီးဂိမ်း ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ဆုများ ရရှိနိုင်  အောင် စွမ်းဆောင်ပေးနိုင်မည့် အားကစား နည်းဖြစ်သည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်အနေဖြင့် အနီးစပ်ဆုံးပြိုင်ပွဲ အဖြစ် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကမာ့နဂါး လှေလှော် ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခဲ့ရာတွင်လည်း ရွှေတံဆိပ်လေးခု၊  ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်ငါးခု ရရှိခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး အင်းယားကန်၌ စခန်းသွင်း လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်လွင်

 

Read 81 times Last modified on Tuesday, 17 September 2019 09:37