SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Tuesday, 17 September 2019 09:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၆

၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ)စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြည့်ဇာနည်အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။   ထို့နောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက  ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါစားပွဲတင်တင်းနစ်ပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ)တိုင်း/တပ်မဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း  ၁၈ သင်း  

ဖြင့် စက်တင်ဘာ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။                                             

..............

Read 87 times Last modified on Tuesday, 17 September 2019 09:46