SJ WorldNews - шаблон joomla Авто

ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ချိန်တွင် အစုန်အဆန် ရထား ၁၀ စင်း ယာယီရပ်နားမည်

Tuesday, 17 September 2019 10:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၁၆

ရန်ကုန်- တောင်ငူရထားလမ်းပိုင်းအဆင့် မြင့်တင်မှုကို အောက်တိုဘာ ၁ရက်တွင် ဆောင်ရွက်မည်ဖြစ်ရာ စီမံကိန်း ကာလ အတွင်း အဆိုပါ လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသည့် အစုန်အဆန်ရထား ၁၀ စင်းကို ယာယီ ရပ်နားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား သွားလာရေး အထွေထွေ မန်နေဂျာ  ဦးအောင်မြင့်လှိုင်ထံမှ သိရသည်။

ယာယီရပ်နားထားမည့် ရထားများမှာ ရန်ကုန်-မနလေး စာပို့ရထား အစုန်အဆန်နှစ်စင်း၊ ရန်ကုန်-သာစည်အစုန် အဆန်နှစ်စင်း၊ နေပြည်တော်- မော်လမြိုင် အစုန်အဆန်နှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန်အဆန် နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် အစုန်အဆန်နှစ်စင်းတို့ဖြစ်သည်။

““ပုံမှန်ပြေးဆွဲနေတဲ့  ရထားအစင်းရေထက်  လျှော့ပြီးပြေးဆွဲမယ်။ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် ပြေးဆွဲ ပေးမှာ ပါ။ ကုန်ပစည်း စီးဆင်း မှုတွေမပြတ်ဖို့ နေ့စဉ်ပါဆယ် ရထားတစ်စင်း ပြေးဆွဲပေးမယ်”” ဟု ဦးအောင် မြင့်လှိုင်က ပြောသည်။

စီမံကိန်းကာလအတွင်း ပြေးဆွဲပေးမည့် ရထားများမှာ ရန်ကုန်-မနလေး အမြန်ရထား အစုန်အဆန် ခြောက်စင်း၊   

ရန်ကုန်- ပဲခူးလော်ကယ်ရထား အစုန်အဆန် နှစ်စင်း၊ နေ့စဉ် ပဲခူး-တောင်ငူ အစုန်အဆန် နှစ်စင်း၊  ရက်ခြား  တောင်ငူ-သာစည်အစုန် အဆန်နှစ်စင်း၊ ရက်ခြား  သာစည်-မနလေး အစုန်အဆန်နှစ်စင်းနှင့်   နေ့စဉ်  ပါဆယ် ရထားတစ်စင်း   ပြေးဆွဲပေးမည်ဖြစ်သည်။

ရန်ကုန်- နေပြည်တော် အမြန်ရထား အစုန်အဆန် နှစ်စင်းဖြစ်သည့် အမှတ်(၈)အစုန်ကို အပတ်စဉ် သောကြာနေ့တွင် ပြေးဆွဲမည်ဖြစ်ပြီး အမှတ် (၇) အဆန်ကို တနင်္ဂနွေနေ့တွင် ပြေးဆွဲပေးမည်ဖြစ်သည်။ ရန်ကုန်-မော်လမြိုင် အစုန်အဆန် နှစ်စင်း၊ ရန်ကုန်- ထားဝယ်အမြန် ရထား အစုန်အဆန် နှစ်စင်းနှင့်  ကုန်ရထား အဆန်သုံးစင်းမှလေးစင်း၊  အစုန်သုံး စင်းမှ  လေးစင်းအထိ ပြေးဆွဲပေးမည်ဖြစ်သည်။

ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်း တွင် အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 89 times Last modified on Tuesday, 17 September 2019 10:07