SJ WorldNews - шаблон joomla Авто

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် နိုင်ငံတကာ ကုန် စည်ပြပွဲ ကျင်းပ

Saturday, 21 September 2019 15:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၂ဝ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် Fortune Plaza ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်၏  နှစ်(၁ဝဝ) ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပသည့် UMFCCI Centennial International Expo 2019 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန် ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ် အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် CEC,EC များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က  ဂုဏ်ပြု အမှာစကား ပြောကြားကြသည်။

ဆက်လက်၍   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့်  အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က UMFCCI Centennial International Expo 2019 အခမ်းအနားကို   စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊   ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည်    မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြပြီး UMFCCI Centennial International Expo 2019အခမ်းအနားတွင် ပြသထားသည့် ပြခန်းများအား လှည့်လည် ကြည့်ရှုကြသည်။

ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုး ကူညီလျက်ရှိရာ  ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်များ  အချိတ်အဆက်မိမိ  လုပ်ကိုင်နိုင်စေရေး၊   နိုင်ငံ တကာ ဈေးကွက်သို့   မြန်မာ့ထုတ်ကုန်ပစ္စည်းများ  ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရေး၊    ပြည်ပမှ အ ရည် အသွေး မြင့်သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင်စေရေး  ရည်ရွယ်ချက်ဖြင့် အဆိုပါ ပြပွဲကို ကျင်းပခြင်း ဖြစ်သည်။

ပြပွဲကျင်းပခြင်း အားဖြင့် ပြည်တွင်း ထုတ်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး အတွက် မိတ်ဆက် ပေးရုံသာမက အခွင့်အလမ်းကောင်းများစွာ ရရှိလာနိုင်ကြောင်း၊ ပြည်တွင်းပြည်ပစီးပွားရေး လုပ် ငန်းရှင်များ အချင်းချင်း စီးပွားရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာ ထုတ်ကုန် ပစ္စည်းများ နှင့် နည်းပညာများကို လေ့လာ သိရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာအောင် ကြိုးစားလာနိုင်ကြမည် ဖြစ်ကြောင်း၊ MSMEများ တိုးတက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ဂျာမနီ၊ နယ်သာလန်၊ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့်ပြည်တွင်း လုပ်ငန်းရှင်များ မှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်တွင်း အလှဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ် ရတနာများ၊ စား သောက်ကုန် ပစ္စည်းများ၊ ယာဉ် အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ စသည့် ဆိုင်ခန်းပေါင်း ၂၃၅ ခန်း ပါဝင်ပြသခဲ့ကြသည်။

ယနေ့ ကျင်းပသည့် UMFCCI Centennial International Expo 2019 ပြပွဲကို စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တို့က  ပူးပေါင်း ပါဝင် ပံ့ပိုးကူညီထားပြီး စက်တင်ဘာ  ၂ဝ  ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။      

(၅ဝဝ)

Read 69 times Last modified on Saturday, 21 September 2019 15:04