SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆားဘီးယားနိုင်ငံရှိ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ဖူးမြော်၊ Belgrade City Museum သို့ သွားရောက်လေ့လာ

Saturday, 21 September 2019 20:14 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် စက်တင်ဘာ ၂၁

 

ဆားဘီးယားနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် ဆားဘီးယားနိုင် ငံနို ဗီဆတ်မြို့ ချက်တနိုစီဒေသရှိအောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ကို ဆက်ကပ်လှူဒါန်းသည်။

 

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းရှိ လန်ဒန် ကျောင်းတိုက်လက်ထောက်ဆရာတော် ဒေါက်တာ  အရှင် ပညာဝံသအား ဖူးမြော် ကန်တော့ပြီး ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ထံအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဘုန်းတော်ကြီးကျောင်းအတွင်း လှည့်လည်ကြည်ရှုကြ၍ အမှတ်တရသစ်ပင် စိုက်ပျိုးကြပြီး အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကြသည်။

 

အဆိုပါအောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသည်ဘဲလ်ဂရိတ်မြို့မှ ၅၀ ကီလိုမီတာ အကွာ၊ နိုဗီဆတ်မြို့မှ ၂၅ ကီလိုမီတာအကွာတွင်တည်ရှိပြီး ၂၀၁၇ ခုနှစ် ၊ ဩဂုတ် ၂၇ ရက်တွင် တရားဝင်တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းတွင် လက်ထောက်ဆရာတော် ဒေါက်တာအရှင်ပညာဝံသဦးစီး၍ မြန်မာသံဃာတော် ၃ ပါး သီတင်းသုံး နေထိုင်လက်ရှိပြီး နိုင်ငံခြားသားသံဃာတော်အဖြစ် ဆားဘီးယားနိုင်ငံ Nis မြို့မှသံဃာတော် ၁ ပါး သာသနာ့ဘောင် အတွင်း ဝင်ရောက် သီတင်းသုံးလက်ရှိသည်။ အပြင် စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ တရားစခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ခရိုအေးရှားနိုင်ငံမှ ယောဂီအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ဆားဘီးယားနိုင်ငံမှယောဂီ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ယောဂီ ၁၂ ဦး တရားစခန်း ဝင်ရောက်၍ တရားဒေသနာတော်များအား အားထုတ်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် Belgrade City Museum သို့ သွားရောက် လေ့လာကြသည် ။

 

အဆိုပါ Belgrade City Museum သည် ၁၉၉၉ ခုနှစ်၌ဆားဘီးယားနိုင်ငံအား NATO အဖွဲ့က ကျူးကျော်တိုက်ခိုက်ခြင်း၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆားဘီးယား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆားဘီးယားတပ်မတော်တို့က ကြီးမှူးဖွင့်လှစ်ခဲ့သောပြခန်းဖြစ်သည်။  ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်တွင် NATO အဖွဲ့ဝင် ၁၉ နိုင်ငံမှ ကုလသမဂ္ဂ၏ သဘောတူခွင့်ပြုချက် ရယူခြင်း မရှိဘဲ ရန်လိုရက်စက်စွာ ဆားဘီးယားနိုင်ငံအပေါ် ၇၈ ရက်ကြာမြင့်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဆားဘီးယားတပ်မတော်နှင့် ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ဝ၈ ဦး ကျဆုံးခဲ့ကာ ကလေးငယ်များနှင့် အမျိုသမီးများ  အပါအဝင် ပြည်သူ ၂၅၀ဝ ကျော်သေဆုံးခဲ့ရပြီး ဆားဘီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံအပါအဝင် စက်ရုံ၊ အလုပ်ရုံနှင့် လူနေအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ Belgrade City Museum Defence 78 ပြခန်းများအတွင်း ပြသထားသည့် ထိုအချိန်က ဆားဘီးယားနိုင်ငံ ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ရန်သူ NATO အဖွဲ့လေယာဉ်များအား ပစ်ချခဲ့ပုံများ၊ စွန့်လွှတ်စွန့်စားစွာ ပြန်လည်တိုက်ခိုက်ခဲ့ကြပုံများ စသည် တို့ကို လှည့်လည်ကြည်ရှုခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

Read 83 times Last modified on Sunday, 22 September 2019 08:46