SJ WorldNews - шаблон joomla Авто

(၁၁)ကြိမ်မြောက် အာဆီယံ အပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် အဖွဲ့၏ အစည်းအဝေး (11th ADMM-Plus Experts' Working Group on Military Medicine Meeting) ကျင်းပ

Wednesday, 09 October 2019 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အပေါင်း တပ်မတော်ဆေးဘက် ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်အဖွဲ့မှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော (၁၁)ကြိမ်မြောက် အာဆီယံ အပေါင်း တပ်မတော်ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် အဖွဲ့၏ အစည်းအဝေး (11th ADMM-Plus Experts' Working Group on Military Medicine Meeting) နှင့် ပူးတွဲ ဥကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားအား ယနေ့တွင် နေပြည်တော်ရှိ   M-Gallery by Sofitel Hotel တွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းက အဖွင့် အမှာစကား ပြောကြားပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် အာဆီယံအပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် အဖွဲပူးတွဲ ဥကဋ္ဌများ ဖြစ်ကြသော မြန်မာနှင့် အိန်္ဒိယတို့မှ ဗိုလ်မှူးချုပ် တင်မောင်လှိုင်နှင့် Colonel  GC Gulati  တို့က အစည်းအဝေး သဘာပတိ များအဖြစ် ဆောင်ရွက်ကြသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး ခင်အောင်ထွန်းက အာဆီယံစစ်ဘက်ဆေးပညာညီလာခံ (AMMC) အစပြု ကျင်းပခြင်းနှင့် ပတ်သက်၍ သဘောထား အမြင် စာတမ်း တင်သွင်းသည်။

ယင်းနောက် ဗိုလ်မှူးချုပ်ကိုကိုလွင်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာဆီယံ စစ်ဘက် ဆေးပညာညီလာခံများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု အစီရင်ခံစာအား တင်သွင်း ဖတ်ကြားပြီး ဗိုလ်မှူးချုပ် လှအောင်က  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်အဖွဲ့ (EWG on MM-Myanmar) ၏အနာဂတ် အစီ အစဉ်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက် သူများက အာဆီယံ တပ်မတော် ဆေးဘက်ဆိုင်ရာ ဗဟိုဌာန (ACMM) ၊ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင် အဖွဲ့(EWG on MM-Myanmar) နှင့် အာဆီယံ စစ်ဘက် ဆေးပညာ ညီလာခံ (AMMC) တို့၏ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ အား ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ အာဆီယံ အပေါင်း တပ်မတော် ဆေးဘက် ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်အဖွဲ့ ပူးတွဲဥကဋ္ဌ များဖြစ်ကြသော မြန်မာနှင့် အိန်္ဒိယတို့မှ  ဗိုလ်မှူးချုပ် တင်မောင် လှိုင်နှင့် အဖွဲ့ဝင်များ၊ အိန်္ဒိယနိုင်ငံ Colonel GC Gulati နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အာဆီယံ အပေါင်း နိုင်ငံတို့မှ   ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ တပ်မတော် ဆေးဘက်ဆိုင်ရာ ဗဟိုဌာန (ASEAN Centre of Military Medicine-ACMM) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံ အပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာ လုပ်ငန်းကျွမ်း ကျင် အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် မြန်မာ့ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၏ လှုပ်ရှား ဆေးကုသမှု အဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် သရုပ်ပြ အခမ်းအနားသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်အဖွဲ့ တတိယ သက်တမ်း သုံးနှစ်တာ ကာလပြီးဆုံး၍ စတုတသက်တမ်း သုံးနှစ်တာကာလ ပူးတွဲဥကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်း အနားအား အောက်တိုဘာလ ၉ ရက်နေ့တွင် အဆိုပါဟိုတယ်၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 38 times Last modified on Wednesday, 09 October 2019 08:56