SJ WorldNews - шаблон joomla Авто

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ စတင် ကျင်းပ

Wednesday, 09 October 2019 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ    

၂၀၁၉ ခုနှစ်  ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ၀ဏသိဒ်္ဓိအားကစား ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ    ဖွင့်ပွဲအခမ်းအနားကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့် အမှာစကား ပြောကြားပြီး ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နေပြည်တော်စည်ပင်အသင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော် စည်ပင် အသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၇ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။

အဆိုပါဝန်ကြီးဌာနပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲတွင် ၀န်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ဦးရေစုစုပေါင်း ၂၇၀ ဦးဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။

ယင်းပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ ၀ဏသိဒ်္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၁/၃)တို့၌ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။ အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန အသင်းတို့သည် ၀ဏသိဒ်္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင်လည်းကောင်း၊ ၀ဏသိဒ်္ဓိ အားကစား လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ နယ်စပ်ရေးရာ ၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်စိုး

Read 38 times Last modified on Wednesday, 09 October 2019 08:57