SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

Wednesday, 09 October 2019 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အင်ဒိုနီးရှား ရေတပ်မှ  ရွက်သင်္ဘော အမျိုး အစား စစ်ရေယာဉ် KRI   BIMA   SUCI-945 သည်  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့၊  သီလ၀ါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာ ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီး H.E.Dr.Iza Fadri ၊ စစ်သံ မှူး Captain Fajar Rusdianto နှင့်သံရုံး ၀န်ထမ်းများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်အား စစ်ရေယာဉ်မှူး ဖြစ်သူ  Lieutenant Colonel Waluyo ဦးစီး၍ ရေယာဉ် အမှုထမ်းအရာရှိ၊ စစ်သည်  ၁၀၁ ဦးနှင့် ဗိုလ်လောင်း ၁၀၉ ဦး၊ စုစုပေါင်း ၂၁၀ ဦးလိုက်ပါလာပြီး လေးရက်တာခရီးစဉ် အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာများအား လေ့လာလည်ပတ်ခြင်း၊  အင်ဒိုနီးရှား ရေတပ်မှ ဗိုလ်လောင်းများက ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်၌  စစ်တီးဝိုင်း တပ်ဖွဲ့ဖြင့် ချီတက်၍ ရိုးရာ အနုပညာများ ဖျော်ဖြေခြင်းနှင့် နှစ်နိုင်ငံ ရေတပ် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။        

............

 

Read 40 times Last modified on Wednesday, 09 October 2019 09:18