SJ WorldNews - шаблон joomla Авто

အောင်လအန်ဆန်နှင့် ဘရန်ဒန်ဗီရာပွဲတွင် တွေ့မြင်ရဖွယ် ရှိသည့် ပွဲသိမ်း တိုက်ကွက်လေးမျိုး

Wednesday, 09 October 2019 10:03 font size decrease font size decrease font size increase font size increase font size

ONE Championship ၏ သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲကြီးဖြစ်သော ONE Championship ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပ မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် မြန်မာစပါးအုံးအောင်လအန်ဆန်နှင့် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမာ့ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ရာ ၎င်းတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုတွင် မြင်တွေ့ရဖွယ်ရှိသည့် ပွဲသိမ်းတိုက်ကွက်များအကြောင်းကို စုစည်း ဖော်ပြလိုက်ပါသည်။

အောင်လအန်ဆန်၏ Guillotine Choke မြန်မာစပါးအုံး ဟူသော ကြိုးဝိုင်းအမည်သည် ပရိသတ်များ အလွယ်တကူ မှတ်မိ နိုင်စေရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ပေးထားခြင်း မဟုတ်ပေ။ ပြိုင်ဘက် ကစားသမားများကို စပါးအုံးမြွေ တစ်ကောင်ပမာ ရစ်ပတ်ချုပ်နှောင်ပြီး မရုန်းနိုင်အောင် လုပ်နိုင်စွမ်း ရှိသဖြင့် ပရိသတ်များကရော ကိုယ်ခံပညာ သိုင်း ပေါင်းစုံ လောကသားများကပါ တညီတညွတ်တည်း ပေးထားသည့် ကြိုးဝိုင်း အမည်ဖြစ်သည်။  ယင်းနာမည်နှင့် လိုက်ဖက် အောင်လည်း အောင်လအန်ဆန်သည်  ၎င်း၏ နိုင်ပွဲတစ်ဝက်ကို  မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူ ထားခြင်း ဖြစ်သည်။

၎င်း၏ ကစားသမား ဘ၀တစ်လျှောက် ပွဲပေါင်း  ၃၅  ပွဲကစားရာတွင်   ၂၄ ပွဲ နိုင်ပြီး  ၁၂ ပွဲမှာ မြေပြင်ချုပ်ကွက်ဖြင့် နိုင် သော ပွဲများဖြစ်သည်။   မြေပြင်ချုပ် ကွက်အမျိုးမျိုးရှိသည့်အနက်  အောင်လအန်ဆန်၏    အကြိုက်ဆုံး ချုပ်ကွက်မှာ Guillotine Choke ဖြစ်သည်။ Alain Ngalani ဆိုသည်မှာ ဂျူဒိုပညာမှ လာသည့် ချုပ်ကွက် တစ်မျိုးဖြစ်ပြီး ရန်သူ၏ လည်ပင်းကို မိမိလက်မောင်းကြားတွင် ညှပ်ကာ အသက်မရှူနိုင်အောင် ညှစ်ထားသည့် ချုပ်ကွက်ဖြစ်သည်။ ယင်းချုပ် ကွက်ဖြင့် အောင်လအန်ဆန် အနိုင်ရခဲ့သည့် ပွဲပေါင်းငါးပွဲရှိကာ ဟဲဗီးဝိတ်တန်းမှ Alain   Ngalani နှင့် Kickboxing ချန်ပီယံဟောင်း Mohamed Ali တို့ပင် ပွဲသိမ်း ခံခဲ့ရသူစာရင်းတွင်ပါဝင်သည်။ အောင်လအန်ဆန်၏ နောက်ထပ် အားသန်သည့် ချုပ်ကွက် တစ်မျိုးမှာ   လည်ပင်းကို   ခြေ ထောက်ဖြင့်  ညှပ်ချုပ်သည့်   Armbar ချုပ်ကွက်ဖြစ်သည်။

ဘရန်ဒန်ဗီရာ၏ ပြင်းထန်သော ကန်ချက်နှင့် ဒူးတိုက်ချက် ဗီရာ၏  ONE  Championship  နိုင်ပွဲများကို လေ့လာကြည့် လျှင် ပွဲတိုင်းကို အားပြင်းပြီး တိကျသည့်အမြင့်ကန်ချက် နှင့် ဒူးတိုက် ချက်များကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပြိုင်ဘက်ကို ကြာမြင့်စွာအချိန် ဆွဲခွင့်မပေးဘဲ ပထမအချီနှင့်ပင် မြန်မြန် ဆန်ဆန် ပွဲသိမ်းနိုင်ခဲ့ခြင်းမှာလည်း ယင်း ကန်ချက်များကြောင့်ဖြစ်သည်။ နပန်းသမား ဘ၀မှလာသော်လည်း  ဗီရာ၏  MMA ကစားသမားဘ၀တစ်လျှောက်  နိုင်ပွဲ များ ကို ကြည့်လျှင် နိုင်ပွဲ ၁၆ ပွဲအနက် ရှစ်ပွဲကို ကန်ချက်၊ ဒူးတိုက်ချက်များကြောင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။