SJ WorldNews - шаблон joomla Авто

လီဗာပူးကို ဂိုးပြတ်ရှုံးလျှင် မန်ယူနည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရဖွယ် ရှိနေ ……….

Wednesday, 09 October 2019 10:24 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် နှစ် ၃၀ အတွင်း ရာသီအစပိုင်း အဆိုးရွားဆုံးရလဒ်များဖြင့်ရင်ဆိုင်နေရပြီး နည်းပြဆိုးလ်ရှားသည် လည်း အောက်တိုဘာ ၂၀ ရက်တွင် လီဗာပူးနှင့်ရင်ဆိုင်ရမည့်ပွဲ၌  ဂိုးပြတ်ရှုံးပါက ရာထူးမှထုတ်ပယ်ခံ ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် နယူးကာဆယ်ကို ရှုံးနိမ့်ခြင်းကြောင့် အဆင့် (၁၂) နေရာသို့ရောက်သွားပြီး ဆိုးလ်ရှားနှင့်အတူ မန်ယူဒုတိယဥက်္ကဋ္ဌ ၀ုဒ်ဝပ် သည်လည်း ဖိအားများစွာ ရှိနေခဲ့ပြီဖြစ်သည်။

မန်ယူအသင်းသည် လီဗာပူးကိုသာ ဂိုးပြတ်ရှုံးပါက ၀ုဒ်ဝပ်အနေဖြင့် ဆိုးလ်ရှားကို ထုတ်ပယ်ရန် ဆုံးဖြတ်ရဖွယ် ရှိနေသည်။ မော်ရင်ဟိုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ပယ်စဉ်ကလည်း  လီဗာပူးကို   ဂိုးပြတ်ရှုံးပြီး နောက်  ထုတ်ပယ် လိုက်ခြင်းဖြစ်ရာ ယခုလည်း ဆိုးလ်ရှားသည် လီဗာပူးနှင့်ပွဲတွင် အနာဂတ်ကို  အဆုံးအဖြတ် ပေးသွားနိုင်သည့်အနေအထားနှင့် တိုက်ဆိုင်နေသည်။  သို့သော် မန်ယူတွင် လီဗာပူးနှင့်ပွဲ၌ ဒဏ်ရာရကစား သမားများ ပြန်လည် ပါဝင်လာဖွယ်ရှိသည်။      

Ref:Dailymail

Read 42 times Last modified on Wednesday, 09 October 2019 10:27