SJ WorldNews - шаблон joomla Авто

နယူး ကာဆယ်နှင့် ပွဲအပြီး ၎င်းကို အလုပ်ပြုတ်ရန် လုပ်နေကြ သလားဟု ဆိုးလ်ရှား မာန်မဲ

Thursday, 10 October 2019 09:37 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

နောက်ဆုံးကစားသည့် ပရီးမီးယား လိဂ်ပွဲတွင် မန်ယူအသင်း သည် နယူးကာဆယ်ကို ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် မန်ယူ နည်းပြ ဆိုးလ်ရှားသည် ကစားသမားများ စွမ်းဆောင်ရည်ကို ပေါက်ကွဲကာ အ၀တ်လဲခန်း အတွင်း၌ မိမိအား အလုပ်ပြုတ်စေရန် လုပ်နေကြ သလားဟု မာန်မဲခဲ့ကြောင်း သိရသည်။

ဝက်စ်ဟမ်းကိုရှုံးသည့် ပွဲအပြီးတွင်လည်း ဆိုးလ်ရှားက ကစားသမားများ စွမ်းဆောင်ရည်မှာ စိတ်ပျက်စရာ ကောင်း သည်ဟု ဆူပူခဲ့ပြီး  နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် အသင်းသည် တန်းဆင်းဇုန်အထက်  နှစ်မှတ်အသာ အဆင့် (၁၂) နေရာသို့ ရောက်သွားခဲ့သည်။

မန်ယူ အသင်းသည် နိုင်ငံတကာ ရက်သတပတ် အပြီး အောက်တိုဘာ ၂၀ ရက်တွင် လီဗာပူးနှင့် ကစားရမည့်ပွဲ၌ ဂိုးပြတ်ရှုံးနိမ့်ပါက ဆိုးလ်ရှားကို ထုတ်ပယ်ဖွယ် ရှိနေကာ ဂျာမန်ဘောလုံး လောကတွင် အထူးအောင်မြင်နေသော အသက် ၃၂နှစ် အရွယ်ရှိ လိုက်ပဇစ် နည်းပြ နီဂယ်စ်မန်းနှင့် အစားထိုးရန် စီစဉ်နေသည်ဟုလည်း သတင်း များ ထွက်ပေါ်နေသည်။                             

Ref:Dailymail

Read 33 times Last modified on Thursday, 10 October 2019 09:39