SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Mr. Taro Kono နှင့် တွေ့ဆုံဆွေးနွေး

Thursday, 10 October 2019 23:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၁၀       

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ဌာနသို့ သွားရောက်၍ ဂျပန်ကာကွယ်ရေး ၀န်ကြီး Mr. Taro Kono နှင့် တွေ့ဆုံ ဆွေးနွေးသည်။     

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ မြန်မာ စစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုးတို့ တက်ရောက်ကြပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး နှင့်အတူ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယပူးတွဲ စစ်ဦးစီးချုပ် Lieutenant General Masuko Yutaka ၊ နီပွန် ဖောင် ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA  နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ကြိုးစား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ကုလသမဂ္ဂ စာမျက်နှာထက်တွင် မြန်မာနိုင် ငံ ဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့သည့် အခြေအနေများ၊ ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတုပြင်းထန် လာပြီး ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး ဆိုင်ရာ ကိစ္စများတွင် နိုင်ငံအားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်၍ ပူးပေါင်း ဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ ကာကွယ်ရေး၊ ပညာရေးနှင့် ကုန်သွယ်ရေး အပါ အ၀င် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှုများ ပိုမိုတိုးတက် ကောင်းမွန်လာပြီး ဆက်လက်၍ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန်ကာကွယ်ရေး ၀န်ကြီးတို့သည် အထိမ်း အမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

Read 40 times Last modified on Thursday, 10 October 2019 23:57