SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၁) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနား တက်ရောက်

Friday, 11 October 2019 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၀

တပ်မတော်(လေ)၏ လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၁) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မိတ8ီလာမြို့၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ တပ်မတော်(လေ)မှ အရာရှိ ကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေး ပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (လေ)အား အနှေးလျှောက်၊ အမြန် လျှောက် တို့ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်ရဟတ် ယာဉ်များနှင့် အမောင်းသင်လေယာဉ်များအား အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်အား အလေးပြုကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က ကျောင်းဆင်း အရာရှိများအား လေသူရဲ တောင်ပံများကို တစ်ဦးချင်း အပ်နှင်းသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၁)မှ စံပြလေသူရဲဆုရ ဗိုလ်ရှိန်ထက်အောင်အား လည်းကောင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ်သန်းတိုးအောင် အား လည်းကောင်း၊ စာပေ ထူးချွန်ဆုရ ဗိုလ်ဇင်နိုင်ထွန်းအားလည်း ကောင်း ထူးချွန်ဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်ရဲ့ အမျိုးသားရေးမူဝါဒနှင့် ရည်မှန်း ချက်ကို ပြည့်ဝအောင်မြင်စေရန် လိုအပ်ချက် အပေါ်မူတည်ပြီး လုံလောက်သောလေကြောင်း စွမ်းအားရရှိစေရေးကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် ဒို့တာဝန် အရေး သုံးပါးကို ရဲရင့်တက်ကြွစွာ ကာကွယ်စောင့် ရှောက်ဖို့အတွက် အမြဲတမ်းအသင့်ရှိနေရ မှာဖြစ်ကြောင်း။

မြန်မာ့တပ်မတော်ကို အင်အားတောင့် တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုး ချစ်တပ်မတော်အဖြစ် ရည်မှန်း တည်ဆောက် ရာမှာ တပ်မတော်(လေ)အနေနဲ့ ထိရောက်တဲ့ လေကြောင်းစွမ်းအားနဲ့ လေကြောင်း အာကာသ စွမ်းအား ပိုင်ဆိုင်တဲ့ တပ်မတော် (လေ)ဖြစ်ဖို့ စနစ်တကျလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေယာဉ်မောင်းသင်ကျောင်းရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်အဖြစ် လေယာဉ် မောင်းသင်တန်းဆင်းပြီးတာနဲ့ တိုက်ပွဲဝင်အသင့် တာဝန်ထမ်းဆောင်နိုင်မယ့် လေသူရဲ များမွေးထုတ်ပေးရန်ဖြစ်တဲ့အတွက် လေ့ကျင့် ရေးစနစ်မှာ အရေးကြီးဆုံးဖြစ်တဲ့ သင်ရိုးညွှန်း တမ်းကိုလည်း လက်တွေ့အခြေအနေနဲ့ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့တာ ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ သင်တန်းဆင်း ပြီးတာနဲ့ သက်ဆိုင်ရာပျံသန်းရေးအုပ်အသီး သီးကို ရောက်ရှိတဲ့အခါမှာ တန်ဖိုးကြီးမားတဲ့ လေယာဉ်/ရဟတ်ယာဉ်များကို တာဝန်ယူ ကိုယ်တိုင်မောင်းနှင်ရာမှာ ယုံကြည်စိတ်ချရတဲ့  လေသူရဲတစ်ဦးဖြစ်အောင် အမြဲတမ်း လေ့လာ၊ ကြိုးစားနေဖို့ အလေးအနက်ထား မှာကြားလိုကြောင်း။

ပျံသန်းမှုအရည်အချင်းကို အမြင့်ဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခြင်းဟာ လေသူရဲတစ်ဦးရဲ့ အရေးအကြီးဆုံး ထိန်းသိမ်းအပ်သော ဂုဏ်ပုဒ်တစ်ခုပဲဖြစ်ကြောင်း။

ပျံသန်းရေး တာဝန်များကို နေ့၊ ညအချိန်မရွေး တာဝန် ထမ်းဆောင်ကြရမယ့် လေသူရဲများအနေနဲ့ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ဖို့လိုအပ် သလို ကိုယ်ခနာကျန်းမာကြံ့ခိုင်ဖို့ကလည်း အရေးကြီးကြောင်း။

လေသူရဲတစ်ဦးဟာ တန်ဖိုးကြီးမားတဲ့ လေယာဉ်/ ရဟတ်ယာဉ်များကို ပျံသန်းမောင်းနှင်ရာတွင် ယုံကြည်စိတ်ချစွာ တာဝန် အပြည့် အ၀ယူ ဆောင်ရွက်နိုင်ရေး အမြဲတမ်းကြိုးစား နေရမှာဖြစ်ကြောင်း၊ မိမိတို့ရရှိတဲ့ပျံသန်းချိန် နာရီနဲ့ညီမျှတဲ့ အတွေ့အကြုံအရည်အသွေး တိုးတက်လာစေရန် အစဉ်အလေးထား လေ့ကျင့်ပျံသန်းသွားဖို့ မှာကြားလိုကြောင်း၊ ပျံသန်းမှုအရည်အသွေး တိုးတက်မြင့်မား လာစေရန် ပျံသန်းမှုအထောက်အကူပြုစေမယ့် ပျံသန်းရေးပညာရပ်များ၊ စာပေပညာ ရပ်များ၊ စစ်နည်းဗျူဟာ ပညာရပ်များ၊ ဘေးအနရာယ် ကင်းရှင်းရေးဆိုင်ရာ ဗဟုသုတများ၊ လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ စသည်တို့ကို အမြဲမပြတ်လေ့လာနေရ မှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် K-8W လေယာဉ် တစ်စီးဖြင့် ကျွမ်းထိုး သရုပ်ပြ ပျံသန်းမှုအား ကြည့်ရှုခဲ့ပြီး ဝေဟင် မှ အုပ်ဖွဲ့ပျံသန်းခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြု နှုတ်ဆက်ကာ ကျောင်းဆင်း အရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံ ရသူ ကျောင်းဆင်းအရာရှိ ၃၁ဦးဖြစ်ပြီးယင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်အမျိုးအစား အလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Read 31 times Last modified on Friday, 11 October 2019 09:21