SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တပ်မတော်(လေ) ၏ လေယာဉ်မောင်း သင်တန်းအမှတ်စဉ်( ၈၁) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်

Friday, 11 October 2019 09:29 font size decrease font size decrease font size increase font size increase font size

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တပ်မတော်(လေ) ၏ လေယာဉ်မောင်း သင်တန်းအမှတ်စဉ်( ၈၁) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ  ၁၀

တပ်မတော်(လေ)၏ လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၁)  ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် မိတ်္ထီလာမြို့၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ဇနီး တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ တပ်မတော်(လေ)မှအရာရှိ ကြီးများ၊ မိတ်္ထီလာတပ်နယ်မှအရာရှိကြီးများ၊ ကျောင်းဆင်းအရာ ရှိများ၏ မိဘဆွေမျိုးများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကျောင်းဆင်း အရာရှိများနှင့် တပ်မတော်(လေ)မိသားစုဝင်များက တပ်မတော်(လေ) တေး ဂီတအဖွဲ့နှင့် တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

ညစာစားပွဲအခမ်းအနားအပြီးတွင်  ကာကွယ်ရေးဦးစီးချုပ်(လေ)သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

......

Read 32 times Last modified on Friday, 11 October 2019 09:33