SJ WorldNews - шаблон joomla Авто

သီတင်းကျွတ် ရေကျော်မီးထွန်း ပွဲတော် တတိယနေ့ စည်ကားစွာ ကျင်းပ

Sunday, 13 October 2019 10:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ ၁၂

နှစ်ပေါင်း ၆၀ ကျော်ကြာလာပြီဖြစ်သော  ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော် သီတင်းကျွတ် မီးထွန်း ပွဲတော်ကြီး၏ တတိယနေ့ကို ယနေ့ညပိုင်းတွင် ဆက်လက် ကျင်းပရာ ရန်ကုန်မြို့ပေါ်နှင့် အနယ်နယ် အရပ်ရပ်မှ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

အဆိုပါမီးထွန်းပွဲတော်ကျင်းပရာ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရေကျော်လမ်းမှ   အထက်ပုဇွန်တောင်လမ်းအထိ   သိမ်ဖြူ မီးပွိုင့်မှ ဗိုလ်တထောင်ဘုရားလမ်း ထိပ်အထိ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင်လည်း ရပ်ကွက်အလိုက် ပျော်ပွဲ ရွှင်ပွဲအစီ အစဉ်များ၊ ကလေးကစားစရာများ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာမုန့်မျိုးစုံအရောင်း ဆိုင်များ၊ လူ့အသုံးအဆောင် ပစည်းအရောင်း ဆိုင်များအပါအ၀င်  မျက်လှည့်ပြကွက်၊ မြွေလိမ်္မာပြကွက်နှင့် ပြခန်းများ၊ အရောင်း စင်တာကြီးများ၏   အထူး ပရိုမိုးရှင်း အစီအစဉ်များ၊ Lucky  Draw  အစီအစဉ် များပါဝင်ပြီး   ပြခန်းနှင့် ဆိုင်ခန်းပေါင်း ၅၀၀ ခန့်အထိ  ပါဝင် ပြသ ရောင်းချလျက် ရှိသည်။

ဈေးပွဲတော်ကြီးနှင့်အတူ    ရပ်ကွက် အလိုက်  ဖျော်ဖြေရေးအစီအစဉ်များကိုလည်း  သတ်မှတ်ရက်အလိုက်ဖျော်ဖြေ တင် ဆက် နေကြောင်း   မီးထွန်းပွဲတော်ဖြစ် မြောက်ရေးအဖွဲ့မှ သိရသည်။

ပွဲတော်ကြီးတွင် လူပေါင်း ရာထောင်ချီ လာရောက် လည်ပတ်နေခြင်းကြောင့်  ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့များ၊ မီးသတ်၊ ကြက်ခြေနီနှင့် မြို့နယ်တွင်းရှိ လူငယ်အဖွဲ့ အစည်းများနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များကို  တာဝန်ချကာ စောင့်ရှောက်ပေးမည့်အပြင် အရေးပေါ် လူနာတင် ယာဉ်များကိုလည်း ပရဟိတလူမှု ကူညီရေး အသင်းများက လမ်းထောင့်များတွင် ထားရှိပေးထားကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 217 times Last modified on Sunday, 13 October 2019 10:32