SJ WorldNews - шаблон joomla Авто

တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ ကျောင်းသား၊ ကျောင်းသူများ ရန်ကုန်မြို့၊ နေပြည်တော်၊ လွိုင်ကော်မြို့နှင့် ဒီးမော့ ဆိုမြို့တို့ သို့ လာရောက် လေ့လာ

Sunday, 13 October 2019 10:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဂျိုးဖြူရှိ တကသိုလ် လေ့ကျင့်ရေးတပ်တွင်  အခြေခံပထမနှစ်၊ ဒုတိယနှစ်  မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသော တကသိုလပေါင်းစုံမှ  တကသိုလ ကျောင်းသား၊  ကျောင်းသူများ၊ အုပ်ချုပ်သူနည်းပြ အရာရှိများ၊ စုစုပေါင်း ၆၄၇ ဦး သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ  ရေတပ် ဆိပ်ခံတံတားရှိ တပ်မတော်(ရေ)မှ စစ်သင်္ဘောများနှင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်ရှိ သယ်ယူပို့ဆောင်ရေး အုပ်၊ ကင်းထောက်လေယာဉ်အုပ်၊ ပို့ဆောင်ရေး(ခ)အုပ် (ATR) ၊ ကြားဖြတ်တိုက်ခိုက်ရေးအုပ် တို့အား အဖွဲ့လေးဖွဲ့ဖွဲ့ ပြီး သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက အသီးသီး လိုက်လံ ရှင်းလင်းပြသကြကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့ရှိ တကသိုလ် လေ့ကျင့်ရေးတပ်မှ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၇၀ ဦးတို့သည် အဖွဲ့များခွဲ၍ ယနေ့တွင် လွိုင်ကော် မြို့ရှိ  နယ်မြေခံ အမြောက် တပ်ရင်းနှင့် နယ်မြေခံ သံချပ်ကာ တပ်ရင်းများသို့ လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ငွေတောင် ဆည်၊ ကန်ခုနစ် ဆင့်၊ ထီးပွင့်ကန်နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ တောင်ကွဲစေတီသို့ လည်းကောင်း၊ နေပြည်တော်ရှိ အထင် ကရ နေရာများဖြစ်သည့် သူရဲကောင်း ဗိမာန်(နေပြည်တော်)နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့ကို တာဝန်ရှိသူ များလိုက်ပါလျက် လာရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံ များ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ မိုးရာသီစ ခန်းချလေ့ကျင့်ရေးသင်တန်းသို့  လာရောက်တက်ရောက်သော တကသိုလပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများကို  အောက်တိုဘာ ၁ ရက်မှ ၃၀ ရက်အထိ ရက်သတ လေးပတ်ကြာ လေ့ကျင့် သင်ကြား ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။         

 

 

Read 212 times Last modified on Sunday, 13 October 2019 10:36