SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့ ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိ

Monday, 14 October 2019 21:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၁၄

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် General Koji YAMASAKI ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ဂျပန်နိုင်ငံ Tokyo  မြို့ရှိ၊ Narita လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနမှ Colonel ISHIWATA၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုးနှင့် တာဝန်ရှိ သူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ် ကြီး H.E.Mr.Ichiro MARUYAMA ၊စစ်သံမှူး Col. TAKASHI KOMATSU တာဝန်ရှိသူများက လေဆိပ် တွင် ကြိုဆို နှုတ်ဆက် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိများ ပြန်လည်လိုက်ပါ လာခဲ့ကြသည်။ အဆိုပါ ချစ် ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Shinzo ABE အပါအ၀င် ဂျပန်နိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် တို့အား တွေ့ဆုံ၍ နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စ ရပ်များအား ဆွေးနွေးခြင်း၊ ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့် စက်မှု လုပ်ငန်းများအား ကြည့်ရှုလေ့ လာခြင်း၊ တိုကျိုမြို့ရှိ အထင်ကရ နေရာများသို့ သွားရောက် လေ့လာခြင်းနှင့် မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုး တိုးတက်မှုများနှင့် သယ်ယူ ပို့ ဆောင်ရေး စနစ်များအား လေ့လာခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

 

Read 127 times Last modified on Monday, 14 October 2019 21:19