SJ WorldNews - шаблон joomla Авто

ရွှေကျင်မြို့၏ (၁၆၈)နှစ်မြောက် မီးမျှောပူဇော်ပွဲပြုလုပ်

Wednesday, 16 October 2019 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၏ (၁၆၈) နှစ်မြောက် မီးမျှောပူဇော်ပွဲကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရွှေကျင်မြို့၊  ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်းအနီး ဗဟိုမဏ္ဍပ်၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း နှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက မီးမျှောပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအကအလှအဖွဲ့များ၏   ဖျော်ဖြေတင်ဆက်မှုများ၊ လှော်ကားတော်ကြီးလှေ အဖွဲ့၏ တက်ရေးပြ ဖျော်ဖြေခြင်းများ၊ ယိမ်း အဖွဲ့ပြိုင်ပွဲများ၊ လှေအဖွဲ့များ၏ တက်ခုတ်၊ တက်ပျံယိမ်းပြိုင်ပွဲများကို ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ယိမ်းအဖွဲ့ပြိုင်ပွဲ အသီးသီးတွင်  ဆုရရှိကြသည့် အဖွဲ့များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ကြသည်။ ရွှေကျင်မြို့၏ (၁၆၈) နှစ်မြောက် ရိုးရာ မီးမျှောပူဇော်ပွဲတွင် ယိမ်း အဖွဲ့ငါးဖွဲ့၊ တက်ခုတ်ယိမ်းအဖွဲ့လေးဖွဲ့၊ တက်ပျံယိမ်းအဖွဲ့ငါးဖွဲ့နှင့် ကရင်ရိုးရာ  ဒုံးယိမ်းတစ်ဖွဲ့တို့ ပါဝင် ယှဉ်ပြိုင် ကြသည်။

ညပိုင်းတွင် အရှင် ဥပဂုတမထေရ်မြတ် အား ရွှေကျင်ချောင်းအတွင်း လှည့်လည် အပူဇော်ခံပြီး ရောင်စုံ မီးကြာခွက် များကို မီးမျှော ပူဇော်ခဲ့ကြကြောင်း  သတင်းရရှိသည်။

Read 110 times Last modified on Wednesday, 16 October 2019 08:47