SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာကြီးကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Wednesday, 16 October 2019 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ လွယ်ကောင်းရွာကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်း သားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ရတနာ ဗောဓိဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၄၈ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အရိုး/ အကြော ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းနှင့် digital ဓာတ်မှန်ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော် ဘဒကုမာရအား သွားရောက်ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ၀တ္ထုပစည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။       

Read 126 times Last modified on Wednesday, 16 October 2019 09:19