SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှား သမ္မတနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ရန် ဂျကာတာမြို့သို့ ရောက်ရှိ

Sunday, 20 October 2019 09:07 font size decrease font size decrease font size increase font size increase font size

ဂျကာတာ  အောက်တိုဘာ  ၁၉

အင်ဒိုနီးရှား သမ္မတနိုင်ငံ အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန်   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်   ရန်ကုန်မြို့မှ   ဂျကာတာမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာအီဇာဖာဒရီနှင့်  တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ဒေသစံတော်ချိန်  ည ၆ နာရီ် တွင် အင်ဒိုနီးရှား သမ္မတနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိကြရာ   အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး   စီမံကိန်း ဝန်ကြီး Mr. Bambang P.S.Brodjonegoro နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့်ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဖြိုးဇော်စိုးနှင့် ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဆိုကာနိုဟတ္တ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့်  ဂျကာတာမြို့ရှိ Mandarin Oriental Hotel သို့ ရောက်ရှိကြသည်။

ထို့နောက် ဒုတိယသမ္မတသည် Mandarin Oriental Hotel ၌ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၊ စစ်သံမှူးနှင့် သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊   စစ်သံရုံးတို့မှ  ဝန်ထမ်းများနှင့် မိသားစုဝင်များ၊    အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေကြသည့်  မြန်မာလူမှု အသိုက်အဝန်းတို့အား  ရင်းရင်းနှီးနှီး တွေ့ဆုံကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာသံအမတ်ကြီး တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

(သတင်းစဉ်)

Read 113 times Last modified on Sunday, 20 October 2019 09:07