SJ WorldNews - шаблон joomla Авто

အီဂျစ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထား သူဇာ နှစ်နှစ်ဆက် ဗိုလ်စွဲ

Monday, 21 October 2019 08:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၀

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ကမာ့ ကြက်တောင် အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International  Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲတွင် ကျင်းပလျက်ရှိသည့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ  ဗိုလ်လု ပွဲစဉ်အဖြစ်  ယနေ့မြန်မာ  စံတော်ချိန်ညနေ ၄ နာရီခွဲတွင်  မြန်မာ့ လက်ရွေးစင်ကြက်တောင်မယ် သက်ထား သူဇာနှင့် ဝေးလ်စ်ကစားသမား Jordan HART တို့ ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် အနိုင် ရရှိခဲ့ပြီး   ချန်ပီယံ ဆု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာနှင့် ဝေးလ်စ် ကစားသမား Jordan  HART တို့ ယှဉ်ပြိုင် ကစားရာ ၂၁-၆ မှတ်၊ ၁၁-၁ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရ ဗိုလ်စွဲ သွားကြောင်း သိရသည်။

အဆိုပါ အီဂျစ်အင်တာ နေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲကို အောက်တိုဘာ ၁၇ရက်မှ ၂၀ ရက်ထိ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာ အနေဖြင့် ၂၀၁၈ခုနှစ်ကကျင်းပခဲ့သည့် အီဂျစ်အင်တာ နေရှင်နယ် စီးရီကြက်တောင် ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးထားပြီး  ယခု နှစ်တွင် လက်ရှိ ချန်ပီယံဆုကို ကာကွယ်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သက်ထား သူဇာသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး ကြက်တောင် အားကစား နည်းတွင် အဆင့် အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ကြိုးပမ်း လျက်ရှိနေပြီး လက်ရှိ အချိန်တွင် ကမာ့အဆင့် ၆၅ နေရာတွင် ရပ်တည်လျက် ရှိကာ ပြိုင်ပွဲဝင်ခွင့် အတွက် အလားအလာ ကောင်းများ ပိုင်ဆိုင်လျက် ရှိနေကြောင်း သိရသည်။

ကျော်လွင်

Read 134 times Last modified on Monday, 21 October 2019 08:56