SJ WorldNews - шаблон joomla Авто

Myanmar Off Road Trophy 2019 လမ်းကြမ်းမောင်းနှင်ပြိုင်ပွဲကျင်းပ

Monday, 21 October 2019 08:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၀

Myanmar Motor Sports Organization(MMSO)မှ ကြီးမှူးကျင်းပသည့် Myanmar Off  Road Trophy 2019 လမ်းကြမ်းမောင်းနှင်ပြိုင်ပွဲကို  ယနေ့နံနက်  ပိုင်းမှ စတင်ပြီး ရန်ကုန်-မနလေး အမြန်လမ်း ၈ မိုင် ၄ ဖာလုံ ငါးဆူ တောင် ရှိ 8 Mile X Field Track ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ဆိုင်ကယ်နှင့် ကားအခက်အခဲ ဖြတ်ကျော် လမ်းကြမ်း မောင်းနှင်ပြိုင်ပွဲ (Myanmar Off Road Trophy 2019) Motorbikes  (ဆိုင်ကယ်ပြိုင်ပွဲ)နှင့် ကားပြိုင်ပွဲတွင် Stage 1,2,3 ဟူ၍  သတ်မှတ်ထားပြီး နံနက် ၉ နာရီမှ ၁၁ နာရီခွဲ အထိကို  ဆိုင်ကယ်ပြိုင်ပွဲ၊ နံနက် ၁၁ နာရီခွဲနောက်ပိုင်းတွင်ကား  Stage 1 ၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိကို ကား Stage 2 ၊ ညနေ ၄ နာရီနောက်ပိုင်းတွင် ကား Stage 3  တို့ကို အသီးသီး ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ဆုအနေဖြင့် Stage 1 တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်၊ Stage 2 အတွက် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆုငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ်တစ်သိန်းနှင့်ဆုတံဆိပ်များ၊ Stage 3 အတွက် ပထမဆုငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ ဆုတံဆိပ်နှင့် Myanmar  Off  Road Trophy 2019  ချန်ပီယံဆု တို့ကို အသီးသီး ပေးအပ်ခဲ့သည်။

Myanmar Off Road Trophy ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ ကားအစီးရေ ၁၀၀ ကျော်၊ ဆိုင်ကယ် အစီးရေ ၃၀ ကျော်ဖြင့် ကျင်းပခဲ့ပြီး  ယခု ပြိုင်ပွဲသည် ဒုတိယ အကြိမ်အဖြစ် ကားအစီးရေ ၅၀ ကျော် ဆိုင်ကယ် အစီးရေ ၃၀ ကျော်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                          

ကျော်လွင်

Read 138 times Last modified on Monday, 21 October 2019 08:58