SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်အဖြစ် ယခင်နည်းပြချုပ်ဟောင်း အန်တွမ်နီဟေးကို ခန့်အပ်တာဝန် ပေးမည်

Monday, 21 October 2019 10:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံးနည်းပြ

၂၀၂၂  ဖီဖာ ကမာ့ ဖလားနှင့်   အာရှ ဖလား ၂၀၂၃ ခြေစစ်ပွဲလက်ကျန်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာ့ လက်ရွေးစင်  ဘောလုံး အသင်းအတွက် ရာဂျူလိုဗစ်ကို နည်းပြချုပ်အဖြစ်မှ နှစ်ဖက် သဘောတူညီချက်ဖြင့် စာချုပ်ဖျက် သိမ်း၍ ဂျာမနီနိုင်ငံသား ယခင်နည်းပြချုပ်ဟောင်း အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် MFF က အောက်တိုဘာ ၂၀ ရက် တွင် တရားဝင်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်   နည်း စနစ်ကော်မတီအနေဖြင့် ပြီးခဲ့သည့် ကမာ့ ဖလားခြေစစ်ပွဲစဉ်များတွင် မြန်မာ အသင်း ယှဉ်ပြိုင်ခဲ့ မှုများကို   ပြန်လည်လေ့လာ သုံးသပ်ပြီး   ဆက်လက်တာဝန်ပေးရန် မသင့်တော်သည့်အတွက် ရာဂျူလို ဗစ်ကို စာချုပ် ဖျက်သိမ်းရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

ထို့ပြင်   လစ်လပ်သွားသည့်  မြန်မာ့လက်ရွေးစင်အသင်း   နည်းပြချုပ်ရာထူးအတွက် နည်းပြချုပ်သစ်တစ်ဦး  အချိန်မီ ခန့်အပ် တာဝန်ပေးရမည်ဖြစ်ရာ  မြန်မာ့ ဘောလုံးနှင့်  ရင်းနှီးပြီးဖြစ်သည့်  ဂျာမနီ နိုင်ငံသား     ယခင်နည်းပြချုပ်ဟောင်း

အန်တွမ်နီ ဟေးကို နည်းပြချုပ်၊ ဦးကြည်လွင် ကို လက်ထောက်နည်းပြအဖြစ် နည်းစနစ် ကော်မတီက ခန့်အပ် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သည်။

အန်တွမ်နီဟေးသည်    မြန်မာ့လက် ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ခုနစ်လ တာကာလအတွင်း ရှစ်ပွဲ နည်းပြခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့်  ငါးပွဲရှုံးခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ   ၁၃ ရက်က   ထုတ်ပယ် ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။                       

TZW

..............

Read 93 times Last modified on Monday, 21 October 2019 10:27