SJ WorldNews - шаблон joomla Авто

အာဆီယံ ဖူဆယ်ပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်း တီမောအသင်းကို ဂိုးပြတ်အနိုင်ရ

Tuesday, 22 October 2019 08:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၂၁

၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပရာ မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်းက ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာဖူဆယ်အသင်းသည်  တီမောအသင်းနှင့် စတင် တွေ့ ဆုံခဲ့ပြီး ၆ ဂိုး ၁ ဂိုဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။                       

တီမောအသင်း၏ရုန်းကန်မှုကြောင့် မြန်မာအသင်းသည် ပထမပိုင်းတွင် ခက်ခက်ခဲခဲ ကစားခဲ့ရသော်လည်း ဒုတိယပိုင်း တွင် ကစားပုံပြောင်းလဲ လိုက်သောကြောင့် ဂိုးပြတ်အနိုင်ရခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် ပွဲအစ  တစ်မိနစ် တွင်  ခင်ဇော်လင်း သွင်းယူသည့် ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ချေပဂိုးပြန်ပေးလိုက်ရသောကြောင့် တစ်ဂိုးစီသရေ ကျသွားကာ ပထမပိုင်းတွင် ရုန်းကန်ခဲ့ရသည်။

ပထမပိုင်းပြီးခါနီးတွင် မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ၁၉ မိနစ်တွင် လှိုင်မင်းထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ပြန်လည်ဦးဆောင်နိုင်ခဲ့သည့် မြန်မာဖူဆယ်အသင်းသည် ဒုတိယပိုင်းတွင် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး လေးဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာဖူဆယ် အသင်းအတွက်   အနိုင်ဂိုးများကို ၃၃၊ ၃၅ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၃၆ မိနစ်တွင်  ပြည့်ဖြိုးမောင်-၂ နှင့်   ၃၉ မိနစ်တွင် ကောင်းချစ်သူတို့က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယင်း ပြိုင်ပွဲတွင်  အုပ်စု (က)၌ ထိုင်း၊ တီမော၊ ကမေ်္ဘာဒီးယားအသင်းတို့နှင့် ကျရောက်နေပြီး အခြားပွဲတွင် ထိုင်းအသင်းက ကမော ဒီးယား အသင်းကို ၁၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂၂ ရက် (ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် ကမောဒီးယား အသင်းနှင့်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

Read 106 times Last modified on Tuesday, 22 October 2019 08:33