SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့်တွေ့ဆုံ

Tuesday, 22 October 2019 10:19 font size decrease font size decrease font size increase font size increase font size

တိုကျို     အောက်တိုဘာ     ၂၁

ဂျပန်ဧကရာဇ်၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် နိုင်ငံဝန်ကြီးချုပ် မစတာ ရှင်ဇိုအာဘေးနှင့် ယနေ့နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရေး၊ သီလ၀ါစက်မှုဇုန် အပါအ၀င် မြန်မာ- ဂျပန်စီးပွားရေးအရ   ပူးပေါင်း ဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့် သွားရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ်္စ ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဂျပန်အစိုးရက ဆက်လက်အကူအညီပေးအပ်သွားမည့် ကိစရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ဥက္ကဋ္ဌ Mr.   Kazushige Nobutani  ဦးဆောင်သော အဖွဲ့အား တိုကျို မြို့ Meiji Kinenkan ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ်   ဂျပန်နိုင်ငံမှ ကုမဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမို လာရောက်ရင်းနှီးမြှုပ်နှံရေး၊ အထူးသဖြင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ လုပ်ငန်းများတွင် လာရောက် ရင်းနှီး မြှုပ်နှံရေး ကိစရပ်များနှင့်  JETRO မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ကိစရပ်များကို ဆွေးနွေးကြ သည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးဆက်အောင်၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင်    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် Meiji Kinenkan ၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် မြန် မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့  တက်ရောက်၍  အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက်  ဆွေးနွေးပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒပြုပြင် ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာ နိုင်ငံကုမဏီများဥပဒေတွင် ပါဝင်သည့် အားသာချက်များနှင့် မြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီးမြှုပ် နှံနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ JETRO မှ  မန်နေးဂျင်း ဒါရိုက်တာ Mr. Kazufumi Tanaka က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လျက် ရှိကြသော ဂျပန်စီးပွားရေး ကုမဏီ များနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ““မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေး ပတ်ဝန်းကျင်အပေါ် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ် လျက်ရှိကြ သော ဂျပန် ကုမဏီ များ၏အမြင်””ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယ၀န်ကြီး ဦးဆက်အောင်၊    မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် ဥကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသော ဂျပန် ကုမဏီ များမှ တာဝန်ရှိ သူများနှင့် JETRO မှ မန်နေးဂျင်း ဒါရိုက်တာ တို့က မြန်မာ-ဂျပန် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစရပ် များကို ဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေးနွေးပွဲသို့   ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊    မြန်မာနိုင်ငံမှ  စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထား သူများ စုစုပေါင်း ၇၀၀ ကျော်တက်ရောက် ကြသည်။

JETRO သည်   မြန်မာနိုင်ငံတွင်  ရုံးခွဲဖွင့်လှစ်ထားကာ  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို  ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည်   တိုကျိုမြို့ရှိမြန်မာသံရုံးသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး    ဦးမြင့်သူ  ဦးဆောင်သော  မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ၊  သံရုံးမိသားစု ၀င်များနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် မြန်မာ သံရုံးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက် ရောက်ကြကြောင်း သိရသည်။        

Read 105 times Last modified on Tuesday, 22 October 2019 10:19