SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့အား လက်ခံတွေ့ဆုံ

Tuesday, 22 October 2019 21:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီလ်ဟိနူ ဖောင်ဒေးရှင်း (ဗဟို)အဖွဲ့ဥကဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာ နိုင်ငံ လုံး ဆိုင်ရာ တမီလ်ဟိနူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ ဥကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိနူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့မှ ဦးဆန်းမင်းနိုင်နှင့်  ဥကဌ ဦးသိန်းလွင်တို့က အသင်းပေါ်ပေါက်လာပုံသမိုင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင်  မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်ကြသည့် ပြည်ထောင်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြသူများလည်း ရှိကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင် နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးကို ပညာရေး၊ သာသနာရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့တွင် များစွာ လုပ်ဆောင်ပေးလျက်ရှိသည်ကို ကြားသိရသည့်အတွက် အားပေး ထောက်ခံပါကြောင်း၊ အတတ်ပညာနှင့် အသိပညာကို အခြေခံ၍ တိုင်းပြည်ကို အကျိုးပြုရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကိုအကျိုးပြုလျက်ရှိပြီး တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုး လုံခြုံမှသာလျင် တိုင်းပြည်လုံခြုံ အေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျင် တိုင်းသူပြည်သား တို့၏ လုပ်ကိုင်စားသောက်ရန် အတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရန်အတွက် ငြိမ်းချမ်းမှု ရှိရန် လိုအပ်သည့်အပြင် စီးပွားရေးတိုးတက်ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ကောင်းမွန်ရန်အတွက် အသိပညာ၊ အတတ်ပညာ နှင့်ပြည့်စုံသည့် ပညာတတ်များမွေးထုတ်ပေးရန်လိုကြောင်း၊ ဟိနူ လူမျိုးများသည် မြန်မာ နိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ် သစာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်း ကြစေလိုကြောင်း၊  တိုင်းရင်းသားလူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြား သားများ စသည့်မြန်မာ နိုင်ငံတွင် နေထိုင်သူများ အားလုံးသည် သဟဇာတ ရှိစွာဖြင့် နေထိုင်ကြရ မည်ဖြစ် ကြောင်း၊ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာ ရေးတွင် အစွန်းမရောက်စေရန် လိုကြောင်း၊ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပကများကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြ စေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံး ညီညွတ်စွာဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီလ် ဟိနူ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့ ဥကဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင် ပစည်းများပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး အမှတ် တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

         

Read 102 times Last modified on Tuesday, 22 October 2019 21:05