SJ WorldNews - шаблон joomla Авто

အသင်း၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေး လုပ်ငန်း များကို တစ်စိုက်မတ်မတ် ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုကြရမည်ဖြစ်

Tuesday, 22 October 2019 21:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၂၂

ဗုဒဘာသာ ကလျာဏယုဝ အသင်းချုပ် (YMBA) သည် တိုင်းပြည်ကို အကျိုးပြုခဲ့သည့် နိုင်ငံရေးကို အခြေခံခဲ့သော လူမှုရေး အဖွဲ့အစည်းဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်ကို ဆက်လက်အကျိုးပြု ကြရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နှင့်ပတ်သက်၍ နိုင်ငံရေး မတည်မငြိမ်မှုများ မဖြစ်စေရေး အတွက် အစွန်းမရောက်သော ထိန်းသိမ်းမှုဖြင့် ထိန်းသိမ်းရမည် ဖြစ်ကြောင်းဖြင့် အသင်းချုပ်၏ ရာသက်ပန် ဂုဏ်ထူးဆောင် နာယက မဟာမင်္ဂလ ဓမဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အဆိုပါ အသင်းချုပ်သို့ သွားရောက်၍ အသင်းချုပ် ဥကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့များအား တွေ့ဆုံစဉ်  ထည့်သွင်း ပြောကြားသည်။

ဦးစွာ ဗုဒဘာသာကလျာဏယုဝ အသင်းချုပ် (YMBA) ၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမဇောတိ ကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များလိုက်ပါ၍ အသင်းချုပ်သို့ ရောက်ရှိလာရာ အသင်းချုပ်ဥက်္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အသင်းချုပ်အတွင်းလှည့်လည်၍ အသင်းချုပ်မှ ထုတ်ဝေဖြန့်ချိလျက်ရှိသော မြတ်ဗုဒ်္ဓ၏ အဆုံးအမ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာ စာအုပ်စာစောင်များနှင့် အသင်းချုပ်၏ မှတ်တမ်းဓာတ် ပုံများအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြ သည်။

ယင်းနောက် ဗုဒဘာသာကလျာဏယုဝအသင်းချုပ် (YMBA) ၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလ ဓမဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အသင်းချုပ်၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်း များအား ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးအကြံပြုပြောကြားရာတွင် အတွေ့ အကြုံများအား ဆွေးနွေးအကြံပြုဖလှယ်နိုင်ရေးအတွက်ယခုကဲ့သို့ လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အသင်းအဖွဲ့ တိုင်းတွင် နာယကဆိုသည်မှာ အသိပညာနှင့် အတတ်ပညာတို့ကို ဆင်ခြင်သုံးသပ်၍ ကောင်းရာကောင်းကျိုးအတွက် အကြံ ဉာဏ်ပေး ကြရသူများဖြစ်ကြောင်း၊ ဥကဋ္ဌဆိုသည်မှာ အသင်းအဖွဲ့၊ အဖွဲ့အစည်းကို ဦးဆောင်၍ ဆောင်ရွက်ကြ ရသူများဖြစ်ပြီး အတွင်းရေးမှူးများက အကောင်အထည်ဖော် ဆောင်ရွက်   ကြရသူများဖြစ်ပါကြောင်း၊ လုပ်ငန်း တစ်ခုအား ဆောင်ရွက်မည်ဆိုပါက စုပေါင်းဝိုင်းဝန်း တိုင်ပင်၍ အဖြေရှာရမည်ဖြစ်ပြီး ရရှိလာသည့်အဖြေကို ဆင်ခြင်သုံး သပ်ကာ အကောင်းဆုံး ဖြစ်စေနိုင်သည့် အဖြေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  အတိတ် ဆိုသည်မှာ သင်ခန်းစာယူရန်သာဖြစ်ပြီး အတိတ်ကဖြစ်ခဲ့သည့် မကောင်း သည့်ဖြစ်စဉ်များအား နောင်မဖြစ်စေရေး အဖြေရှာရန်၊ ကောင်းသည့်အကြောင်းအရာများ ကို ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ရန်ဖြစ်ကာ လက်ရှိပစ္စုန်တွင် ရှိနေကြ သူများက  အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ကြရမည်သာ ဖြစ်ပါကြောင်း၊

အသင်းချုပ်သည် နိုင်ငံရေးကို အခြေခံခဲ့သော လူမှုရေးအဖွဲ့အစည်းဖြစ်သည်နှင့် အညီ အများပြည်သူက အတုယူ နေရသည့် လုပ်ဆောင်ချက်များဖြစ်ရန် လိုကြောင်း၊ နိုင်ငံ ရေးအခြေခံသည့် အဖွဲ့အစည်းဆိုရာတွင် တိုင်းပြည်ကို အကျိုး ပြုလျက်ရှိသည့် လူမှုရေး အဖွဲ့အစည်းသာဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရာတိုးတက်ကြောင်းကို ဆန့်ကျင်သည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် ပတ်သက်၍ အမျိုးဆိုသည်မှာ အမျိုးသားရေး စရိုက်လကဏာကို ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး မိမိနိုင်ငံ၏ အမျိုးသားရေးစရိုက် လကဏာကို မိမိတို့ တိုင်းသူပြည် သားများက အပြည့်အ၀ ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ရှိကြောင်း၊ ဘာသာဆိုသည်မှာ ဘာသာစကား နှင့် စာပေဖြစ်ကြောင်း၊ ပြည်ထောင်စုရုံး သုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာ စကားကို တတ်မြောက်ရမည်ဖြစ်ပြီး ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရမည်ဖြစ်ကာ တိုင်းရင်းသားတို့၏ ဒေသသုံး ဘာသာ၊ စာပေ တို့ကိုလည်း မှန်မှန်ကန်ကန် ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ သာသနာဆိုသည်မှာ ထေရ၀ါဒ ဗုဒ်္ဓ သာသနာတော်ဖြစ် ပြီး ထေရ၀ါဒ ဗုဒ်္ဓသာသနာတော်ကို ကိုးကွယ်သည့်နိုင်ငံဖြစ်သည် နှင့်အညီ သာသနာတော် ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နီတိကျင့်ဝတ်ကို အသေးအဖွဲ့ကိစများမှအစ လိုက်နာ ဆောင်ရွက်ကြ စေရေး သာသနာ ကိုအခြေခံသည့် လူမှုရေးစည်းကမ်းများကို သင်ကြားကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဆိုသည်မှာ တိုင်းပြည်အတွက် မရှိမဖြစ် အရေးကြီးဆုံးပင်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာမြင့်မားသည့် လူငယ်လူရွယ်များ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံ့အတွက် များစွာ အကျိုးဖြစ်စေနိုင်ကြောင်း၊ တပ်မတော်တွင်လည်း စာတတ်မြောက်ရေးကို အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စာတတ်သည်နှင့် ပညာတတ်သည်မှာ မတူကြောင်း၊

အသိပညာ ဆိုသည်မှာ ဘ၀တွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ ဖြစ်ပြီး အတတ်ပညာ ဆိုသည်မှာ သင်ယူရသည့် ပညာဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ နိုင်ငံ့အတွက် ကောင်းရာကောင်းကျိုး ဆောင်ရွက်မှုများကို အသိ အမှတ်ပြုရမည် ဖြစ်ပါကြောင်း။

အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို အားပေးပြီး မိမိတိုင်းပြည်တိုးတက်ရေး အတွက် ကောင်းရာကောင်းကျိုးကို ဆောင် ရွက် နေကြသဖြင့် လူတစ်ဦးချင်း၏ စိတ်ပိုင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိမှသာလျင် လုပ်ငန်း အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊   အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ မိတ်ဆွေကိုသာရွေးချယ်နိုင်မည်ဖြစ် ကြောင်း၊ မိမိတိုင်းပြည် တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင်သာ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍ အစွန်းမရောက်သော ထိန်းသိမ်းမှုဖြင့် ထိန်းသိမ်းရမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို အသိပညာ၊ အတတ်ပညာ ကြွယ်ဝသူတို့၏ ဦးဆောင်မှုများ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အနီးကပ် ကြပ်မတ် ကွပ်ကဲမှုများဖြင့် တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ဆက်လက် ကြိုးပမ်းကြစေလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် အသင်းချုပ် ဥကဋ္ဌ ဦးရဲထွန်း၊ ဗုဒတကသိုလ် ပါမောက ဦးမြင့်စိုးနှင့်  အလုပ်အမှုဆောင် အဖွဲ့များက အသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန်းသိမ်းစောင့်ရှောက်မှုများ ဆက်လက် ပြု လုပ်လျက်ရှိသည့် အခြေအနေများအား တင်ပြကြရာ ဗုဒဘာသာ ကလျာဏယုဝ အသင်းချုပ် (YMBA) ၏ ရာသက်ပန် ဂုဏ်ထူးဆောင် နာယက မဟာမင်္ဂလဓမဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ဆွေးနွေး အကြံပြု ခဲ့ပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်၊ ဦးဝိစာရ လမ်းနှင့် ဓမစေတီ လမ်းဆုံရှိ တော်လှန်ရေးပန်းခြံသို့ သွားရောက် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံထိန်းသိမ်းမှု တာဝန်ရှိသူများကို ပန်းခြံအတွင်း မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေ ရေးနှင့် လာရောက်အပန်းဖြေကြသူများ စိတ်နှလုံးချမ်းမြေ့မှု ရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်သွား ရန် လိုအပ်သည်များအား မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

         

         

         

Read 104 times Last modified on Tuesday, 22 October 2019 21:23