SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေ

Tuesday, 22 October 2019 23:36 font size decrease font size decrease font size increase font size increase font size

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား လာအိုပြည်သူ့ဒီမိုကရက်တစ် သမတ နိုင်ငံ၊ လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးအား ဂါရ၀ပြုတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ- ၂၂

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ်္မတနိုင်ငံ၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM က ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါဂုဏ်ပြုကြိဆိုပွဲ အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ လာအိုနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းတို့ တက်ရောက်ကြပြီး လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ နှင့်အတူ လာအို အမျိုးသားကာ ကွယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ တို့သည် လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမိုင်းကြောင်းအရ တည်ရှိခဲ့သော နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးအား ပိုမိုခိုင်မာအောင် တည်ဆောက်ရေး၊ မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့ တပ်မတော်တို့ အကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက် များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးနှင့် တရားမ၀င်လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးတို့အတွက် နှစ်ဘက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေး၊ အလားတူတပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသော ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစား ဆိုင်ရာ ကိစရပ်များ၌ သက်ဆိုင်ရာ ပညာရှင်များအလိုက် အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး ကိစရပ်များအား အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင် ပစည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာ စစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းနှင့် တာဝန်ရှိသူတို့ တို့လိုက်ပါပြီး ဗီယင်ကျန်းမြို့ရှိ အညတရ စစ်သည်ဗိမာန်သို့ သို့သွားရောက်၍ ပန်းခွေချအလေးပြုကြသည်။

ထို့နောက် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ ဆောင်သို့ သွားရောက်၍ လာအိုအမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန General Chansamone CHANYALATH အား ဂါရ၀ပြုတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ)ဗိုလ်မှူးချုပ် ကျော်စိုးမင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ်္စရပ် များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် စက်မှုစီးပွားရေးကဏ္ဍရပ်၌ ကျွမ်းကျင် ပညာရှင်များအချင်းချင်း ဆွေးနွေး အကောင်အထည် ဖော်ခြင်း ဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ် တံဆိပ်နှင့်  အမှတ်တရ လက်ဆောင်ပစည်းများ ပေးအပ်ကာ အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

လာအိုပြည်သူ့ ဒီမိုကရက်တစ် သမတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Lao Plaza Hotel Grand Ballroom ၌ လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM နှင့်ဇနီး တို့က ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်ဇနီး နှင့်အဖွဲ့ဝင်များအား လာအို အမျိုးသား ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် လာအိုအမျိုးသားကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြပြီး တက်ရောက် လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြ သည်။ ညစာ သုံးဆောင်နေချိန်အတွင်း လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့က အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။  

ညစာ သုံးဆောင်အပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဇနီးနှင့် လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့် ဇနီးတို့သည် လက်ဆောင်ပစည်းများ အပြန် အလှန် ပေးအပ်ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းစည်းများ အသီးသီး ပေးအပ်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

         

         

         

Read 63 times Last modified on Tuesday, 22 October 2019 23:43