SJ WorldNews - шаблон joomla Авто

သက်ထားသူဇာ ကမ္ဘာ့အဆင့်နှစ်ဆင့်မြင့်တက်၊ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

Wednesday, 23 October 2019 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၂

က္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ယနေ့ တွင် ကြက်တောင် အားကစားနည်းအတွက် ကမာ့အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့ရာ   မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ကမာ့အဆင့်   နှစ်ဆင့်မြင့် တက်လာ ခဲ့ပြီး  အဆင့် ၆၃ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ကြက်တောင် သမားများနှင့် အားပေးသူ ပရိသတ်များကိ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

““အခုသွားပြိုင်တဲ့ ပွဲက ပြီးခဲ့တဲ့နှစ်မှာ လည်း ပထမဦးဆုံးအနေနဲ့ ပထမဆုရလာ ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပထမဆုကို ပြန်ယူ လာနိုင်တဲ့အတွက် ပျော်ပါတယ်။ Second နဲ့ ကွာတားဖိုင်နယ်မှာ အိန်္ဒိယကစားသမားနဲ့ ရိုက်ရတယ်။ ပြိုင်ပွဲ တွေကိုတော့ နောက်နှစ် လည်းသွားပြိုင်အုံးမှာပါ။ တစ်နှစ်သွား မပြိုင်ဖြစ်ရင် ကိုယ့်အဆင့် အမှတ်က လျော့သွား မှာဖြစ်တဲ့ အတွက် နှစ်တိုင်း သွားပြိုင်ဖြစ်ဖို့ များပါတယ်။ ပြင်ဆင်မှု အနေနဲ့တော့ လေ့ကျင့်မှုတွေကို တောက်လျှောက် လုပ်ဖြစ်နေတယ်””ဟု မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက ပြောသည်။လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် ကြက်တောင် အားကစားနည်းတွင် အဆင့်အမြင့်မားဆုံး ပြိုင်ပွဲ တစ်ခုဖြစ် သည့် ၂၀၂၂ တိုကျို အိုလံပစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက် ရှိနေသည့် သက်ထားသူဇာ အနေ ဖြင့် ၂၀၁၉ ခုနှစ်အတွင်း ရလဒ်များ ကောင်းမွန်ခဲ့ကာ တစ်ဦးချင်း ဆုတံဆိပ် မြောက်မြားစွာ ရယူနိုင်ခဲ့ပြီး ကမာ့အဆင့် သတ်မှတ် ချက်များ မြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာ အနေဖြင့် ကမာ့ ကြက်တောင် အဖွဲ့ချုပ်မှ အပတ်စဉ် တရားဝင် ထုတ်ပြန်ချက်အရ အမျိုးသမီး တစ်ဦး ချင်း က္ဘာ့အဆင့် ၆၃ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ကျော်လွင်

Read 120 times Last modified on Wednesday, 23 October 2019 10:55