SJ WorldNews - шаблон joomla Авто

ဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ် (BULBUL) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ

Friday, 08 November 2019 08:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ယနေ့ည ၆ နာရီခွဲအချိန်  တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) ဘာဘ်ဘယ် (BULBUL) သည်  အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး အိန်္ဒိယနိုင်ငံ ပါရာဒစ်ပ်မြို့ (Paradip)(သြရိဿ- Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်၃၀၀ မိုင်ခန့်၊ စာဂါကျွန်း (Sagar  Islands) (အနောက်ဘင်္ဂလားပြည်နယ် - West  Bengal) ၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊  ဘင်္ဂလားဒေ့ရှ် နိုင်ငံ  ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ (Sittwe) ၏အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက်တောင် ဘက် ရေမိုင် ၃၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း  ဘာဘ်ဘယ် (BULBUL)   လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အ၀ါရောင် အဆင့်ဟုသတ်မှတ်သည်။                       

အဆိုပါဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် (BULBUL) သည် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မြောက်လတ်္တီတွဒ် ၁၄ ဒသမ ၇ ဒီဂရီနှင့်  အရှေ့လောင်ဂျီတွဒ် ၈၉ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဟိုချက် လေဖိအား ၉၉၇ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းဖြစ်သည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း““ဘာဘ်ဘယ်”” (BULBUL) သည် နောက် ၁၈ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) ““ဘာဘ်ဘယ်”” (BULBUL) အဖြစ်သို့ရောက်ရှိနိုင်ပြီး မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ““ဘာဘ်ဘယ်”” (BULBUL) ၏အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက် ၄၈ နာရီအတွင်း မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ် တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မနလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ တနင်္သာ ရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်း ဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်  နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး  မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ပေမှ ၁၂ပေခန့်ရှိနိုင်သည်။                                                                   

(မိုး/ဇလ)

 

Read 175 times Last modified on Friday, 08 November 2019 08:20