SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အကြို ခြေစမ်းပွဲတွင် မြန်မာအသင်း နီပေါကို အနိုင်ရ

Friday, 08 November 2019 08:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ 

၂၀၂၂ ကမ္ဘာ့ ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့၏ခြေစမ်းပွဲကို ယနေ့ညနေပိုင်းတွင် မနလေးမြို့ရှိ  မနလာသီရိ ကွင်း၌ ကျင်းပရာ မြန်မာ အသင်းက သုံးဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တစ်ကျော့ပြန်နည်းပြချုပ်   အန်တွမ်နီဟေးလက်ထက် ပထမဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရ ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည်  နီပေါအသင်းကို   ဂိုးပြတ်အနိုင်ရခဲ့သော်လည်း  ခြေစွမ်းအရ အကောင်းဆုံး ပုံစံ မရသေးဘဲ လိုအပ်ချက်များရှိနေသေးသည်။  

အန်တွမ်နီဟေးလက်ထက်တွင် မြန်မာကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စိတ်ဓာတ်ပိုင်းမှာ တိုးတက်မှုရှိလာခဲ့ သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲအစတွင် ကစားပုံ ကောင်းခဲ့ပြီး ၂ မိနစ်မှာပင် အောင်သူ၏ ပြစ်ဒဏ်ဘောကို ဆွမ်လမန်က ပိတ်သွင်းကာ အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းကစားပုံ ကောင်းခဲ့သလို ဂိုးသွင်းခွင့်များ ထပ်မံဖန်တီး နိုင်သော်လည်း အသုံးမချနိုင်၍ ဂိုးထပ်မရခြင်းဖြစ်သည်။ မိနစ် ၂၀ နောက်ပိုင်းတွင် နီပေါ အသင်းပြန်လည်ဖိအားပေးကစား နိုင်ခဲ့ပြီး မြန်မာအသင်းမှာလည်း ဖိအားပေးခံရချိန်တွင် အမှားများကာ အခွင့်အရေး များ ပြန်ပေးခဲ့ရသည်။ ပထမပိုင်းပြီးခါနီးမှ မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဒေးဗစ် ဒန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။  

မြန်မာအသင်းသည် မိနစ် ၆၀ နောက်ပိုင်း ဂိုးရနိုင်သည့်   အပိုင်အခွင့်အရေးများစွာရခဲ့သော်လည်း တစ်ဂိုးသာရခဲ့သော ကြောင့် အဆုံးသတ်ဂိုးသွင်း သေချာရန် ကြိုးပမ်းရမည်ဖြစ်သည်။   မြန်မာအသင်း အတွက် တတိယဂိုးကို ၆၉ မိနစ်တွင် အောင်သူ၏ ဖန်တီပေးမှုမှ တစ်ဆင့် လှိုင်းဘိုဘိုက သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မန္တလေး မြို့၌ ကစားမည့် ကမ္ဘာ့ ဖလားခြေစစ်ပွဲများ အတွက် ဆက်လက်နေထိုင် လေ့ကျင့်မည် ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယား လက်ရွေးစင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Read 182 times Last modified on Friday, 08 November 2019 08:27