SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် (၆၄)နှစ်မြောက်ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်

Friday, 08 November 2019 08:53 font size decrease font size decrease font size increase font size increase font size

ဘားအံ   နိုဝင်ဘာ  

၂၀၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး ရှေ့မြက်ခင်းပြင်၌    ကျင်းပရာ နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်တက်ရောက် နှုတ်ခွန်းဆက် စကားပြောကြားသည်။

ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စောချစ်ခင်က ဆောင်ရွက်ပြီး သဘာ ပတိအဖွဲ့ဝင်များအဖြစ်   ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် စောစံလင်း၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥကဋ္ဌ စောကျော်ဝင်းမောင်တို့က ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊  ဦးဟန်ဇော်၊  ဦးအုန်းမောင်၊ နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ အေးဇံ၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် မျိုးမိုးအောင်၊ ကရင်အမျိုးသား အစည်းအရုံး  (KNU)  ဥကဋ္ဌ စောမူတူး စေးဖိုး၊  ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ (NCA) လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းများ၊  နိုင်ငံရေး ပါတီများမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကရင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်အလံအားအလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းတို့အား အလေးပြုကြသည်။

ယင်းနောက် သဘာပတိ ကရင်ပြည်နယ် လွှတ်တော်ဥက  စောချစ်ခင်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော် သမတ ဦးဝင်းမြင့်က (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် သဘာပတိကြီးနှင့်တကွ  အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားညီ အစ်ကို မောင်နှမများ အားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေဟု ဆုတောင်း မေတာ ပို့သအပ်ကြောင်း၊ ယနေ့ကျ ရောက်သည့် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပေးရန်ဖိတ်ကြားသည့် ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်သို့လာရောက်သည့်အခါတွင် လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ် ဆက်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးကို ကျေးဇူးတင်ကြောင်း။

ကရင်ပြည်နယ်သည်ထူးခြားသည့် အင်္ဂါရပ်များရှိကြောင်း၊ ဖားစည်သည် အောင်အတိတ်၊ အောင်နိမိတ်ကို ဆောင်သည့် အောင်စည် ဖြစ်ကြောင်း၊ ထို့အတူ အေးချမ်းသာယာမှုကို ဖော်ဆောင်သည့်အဓိပ်္ပါယ်လည်းဖြစ်ကြောင်း၊  ဖားစည်၏ အလယ်တွင် တက်နေခြည်ဖြာနေသည်ကို တွေ့ရကြောင်း၊   ယင်းမှာမိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်ရန်နှင့်   ငြိမ်းချမ်းရေးရောင်ခြည်ဖြာ မည်ဆိုသည့်    သဘော အဓိပာယ်ကို ဆောင်ကြောင်း။

မိမိတို့အားဂုဏ်ပြုဖျော်ဖြေကြသည့် ဒုံးယိမ်းအဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ ဒုံးယိမ်းကကွက်များမှာ ဆန်းပြားပြီး ကကြိုးများမှာလည်းစုံလင်ကြောင်း၊ တီးလုံး သံစဉ်အနိမ့်အမြင့် အများအပြား ပါဝင်သည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ခေါင်း၊ ခါး၊ ခြေ၊ လက်ဟန်ချက်ညီစွာ  မမောနိုင်မပန်းနိုင် အပြုံးပန်းများဖြင့်ကသွားခြင်းသည် ရင်ထဲ တွင် စွဲထင် ကျန်ရစ်စေကြောင်း၊ ကကြိုး ကကွက်များပြားသော်လည်းတစ်ဦးနှင့်တစ်ဦးထိန်းညှိပြီး ဟန်ချက်ညီညီဖြင့်   ကပြသွား သကဲ့သို့ တိုင်းရင်းသားများအားလုံး ညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုပါက ပြည်ထောင်စုကြီး အတွက် လွန်စွာကြီးမားသည့် အင်အားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ကရင်ဒုံးယိမ်းကရာတွင်   ဖြတ်လတ်သွက်လက် တက်ကြွစွာ မမောနိုင်မပန်းနိုင်ဘဲ အပြုံးပန်းများ ဝေဆာပြီး ကပြသွားသကဲ့သို့ မိမိတို့ ဒီမိုကရေစီ ဖက်ဒရယ်  ပြည်ထောင်စု ကြီး အတွက်လည်း   မမောနိုင်မပန်း နိုင်ဘဲနှင့် ပန်းတိုင်ရောက်အောင် အပြုံးပန်း ကိုယ်စီဖြင့်  တစ်ဦးနှင့် တစ်ဦး နားလည်မှုပေးပြီး ဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို  မဖြစ်မနေတည် ဆောက်မည်ဆိုသည့်   စိတ်ပိုင်း ဖြတ်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ နှစ်ပေါင်းများစွာလိုလားတောင့်တနေသည့်  ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့် အရေးတစ်နည်းအားဖြင့် ခံစားသင့် ခံစားထိုက်သည့် ဒီမိုကရေစီအခွင့်အရေး၊ ရသင့်ရထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများ၊ တိုင်းရင်း သားများ၏ အခြေခံအခွင့်အရေးများ၊ တန်းတူညီမျှမှု၊  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်စသည့်ကိစရပ်များကို မိမိတို့ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် သည့်အခါတွင် အားလုံးဝိုင်းဝန်းပူးပေါင်းပြီးကရင်ဒုံးယိမ်းကသကဲ့သို့ တက်ညီလက်ညီ၊ သွက်သွက်လက် လက်နှင့် ဟန်ချက် ညီညီထိန်းညှိပြီး ဆောင် ရွက်သွားကြမှသာ  ပန်းတိုင်ကိုရောက်မည်ဖြစ်ကြောင်း။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သည်ဆိုရာတွင်  တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ဆနတူညီမှု များအပေါ်တွင် အခြေခံပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်ဖြစ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည် နှင့်အညီမိမိတို့အားလုံး ပြည်ထောင်စုစိတ် ဓာတ်ကိုယ်စီကိုယ်ငှထားကြရန်  လိုအပ် ကြောင်း၊   မိမိအနေဖြင့်ခံစားမိသည်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုဥယျာဉ် ကြီးထဲတွင် ဖူးပွင့်ဝေဆာနေသော အရောင် အသွေးစုံလင်သည့် ပန်းများဖြစ်ကြောင်း၊ အဆင်အသွေး၊ အရောင်များစုံလင်သည့် တိုင်းရင်းသားများ အားလုံး တွင်လည်း သဘောထား၊ အယူအဆ မတူညီကြသည့် အသွင်ကွဲ အဆင်ကွဲများရှိကြ မည်ဖြစ်ကြောင်း၊ ယင်းအသွင်ကွဲ အဆင်ကွဲ များကိုလည်း   မိမိတို့ တိုင်းရင်းသား အချင်းချင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်   နှစ်ပေါင်းများစွာ လက်တွဲ လာခဲ့ကြသည့်၊ ကျောချင်းကပ်ရင်ချင်း အပ်လာကြသည့်   တိုင်းရင်းသားညီ အစ်ကိုမောင်နှမများ အချင်းချင်း၊ အပြန် အလှန်  နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများနှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက  ပြည် ထောင်စုအတွက် အမှန် တကယ်  တန်ဖိုးရှိသည့် စုပေါင်းအင်အားဖြစ်ကြောင်း။

ကရင်ပြည်နယ်သည် ရှေ့ဆက်ပြီးဖွံ့ဖြိုး တိုးတက်နိုင်သည့် အလားအလာများရှိကြောင်း၊ ထို့ကြောင့် မိမိသည် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အထောက်အပံ့ပေးနိုင်မည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့်အတူ  လာရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် ကော့ဂွန်းဂူ၊ ဆဒ်္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူစသည့် ထင်ရှားသည့်  ဂူများရှိကြောင်း၊ ကော့ဂွန်းဂူတွင် ရှိသည့် ဗိဿနိုး နတ်ရုပ်များသည် ပုဂံခေတ်ထက် စောကြောင်း၊   ဘုရားဆင်း တုတော်များလည်း သောင်းကျော်ရှိကြောင်း၊ ထိုဂူတွင်ရှိသည့် မွန်ကျောက်စာ များသည်လည်း   နှစ်ပေါင်း ထောင်ကျော် နေပြီဖြစ်ကြောင်း၊ ယင်းတို့မှာ ပြည်နယ်ဘဏ္ဍာငွေ ရရှိရေးအတွက် လွန်စွာ ဆွဲဆောင်အားကောင်းသည့် ခရီးသွားနေရာ များဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားသာချက်များများစွာရှိကြောင်း၊ ယခုဆိုလျှင် ငြိမ်းချမ်း ရေးအလင်းရောင်ရရှိပြီး   ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ  ခံစားနေရပြီဆိုသည်ကိုအားလုံးမျက်ဝါးထင်ထင်  တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး ပြည်ထောင်စုကြီး တစ်ခုလုံးငြိမ်းချမ်းရေးရရှိပြီဆိုပါက ပြည် ထောင်စုကြီး တစ်ခုလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက် သွားမည်ဖြစ်ကြောင်း၊    ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များဆက်လက်ခံစားနိုင်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရန် မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့် အတူ တစ်နည်းအားဖြင့်   ကရင်ပြည်နယ်တွင် ထင်ရှားသည့် ဇွဲကပင်တောင်ကို သက်သေ တည်ပြီး တိုင်းရင်းသား အားလုံး ပြည်ထောင်စု စိတ်ဓာတ်ကိုမယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ကမာတည်သရွေ့ ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု သမတမြန်မာ နိုင်ငံတော်နိုင်ငံတော်သမတထံမှပေးပို့သည့်၂၀၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ် နေ့အထိမ်းအမှတ်သ၀ဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော် သမတသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲကို ဆက်လက် ကျင်းပရာ ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက်္ကဋ္ဌ စောချစ်ခင်၊ တရားလွှတ် တော်တရား သူကြီးချုပ် စောစံလင်း၊ ကရင် အမျိုးသားအစည်းအရုံး (KNU)  ဥကဋ္ဌ စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဦးသန်းနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်သမတက ၂၀၁၉ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပြခန်းများနှင့်   ပျော်ပွဲရွှင်ပွဲမုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမတနှင့် အဖွဲ့ဝင် များသည်  အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ   မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး၂၀၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော် သမတ နှင့်အဖွဲ့သည် ဘားအံမြို့ ကန်သာယာကန်အတွင်း ကျင်းပသည့် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စတုတအကြိမ်မြောက် ရိုးရာလှေလှော်ပြိုင်ပွဲအားကြည့်ရှုအားပေး သည်။

ယင်းနောက် နိုင်ငံတော်သမတနှင့် အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာနရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဘားအံယဉ်ကျေးမှုပြတိုက် သို့ရောက်ရှိကြပြီး ပြတိုက်အတွင်းလှည့်လည် ကြည့်ရှု လေ့လာ ကြသည်။

ဆက်လက်၍ နိုင်ငံတော် သမတနှင့်အဖွဲ့သည် သင်္ဘောဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ဘားအံကမ်းနားလမ်း သာယာလှပ ရေးနှင့် လမ်းတိုးချဲ့ခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ တို့ကို ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော် သမတနှင့် အဖွဲ့သည် ဘားအံမြို့  ဟိုတယ်ဇုန်သို့ ရောက်ရှိ ကြရာဇွဲကပင် ဟိုတယ်၌  ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စု ၀န်ကြီးဦးအုန်းမောင်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေး ၀န်ကြီး ဦးသန်းနိုင်တို့က ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ်္မတကတင်ပြချက်များနှင့် စပ်လျဉ်း၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင်  ရေတို အကျိုးကိုမကြည့်ဘဲရေရှည်အကျိုးကိုကြည့်၍   ဆောင်ရွက်စေလိုကြောင်း၊ မိမိအကျိုးအတွက် သာမက ဒေသ အကျိုး၊ နိုင်ငံတော် အကျိုးရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများအကောင် အထည်ဖော်ရာတွင်လည်း သဘာဝပတ်ဝန်း ကျင်ကိုမထိခိုက်စေရန်လိုကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဘာသာ၊ စာပေစကား၊ ဓလေ့ထုံးစံများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြရန်လိုကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမတနှင့် အဖွဲ့သည် ဘားအံမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ မွန်ပြည် နယ် မော်လမြိုင်မြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့်  တပ်မတော်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

 

Read 175 times Last modified on Friday, 08 November 2019 09:06