SJ WorldNews - шаблон joomla Авто

KBZ Bank Cup Women's League ပြိုင်ပွဲတွင် သစ္စာအားမာန် အသင်းအနိုင်ရ

Friday, 19 January 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     ဇန်နဝါရီ     ၁၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှူး၍ KBZ  Bank  ၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂ဝ၁၇-၂ဝ၁၈ ရာသီ KBZ  Bank  Cup  Women's  League ပြိုင်ပွဲ ပွဲစဉ်(၄) တတိယ နေ့အဖြစ်  သစ္စာ အားမာန်အသင်းနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန အသင်းတို့ ယနေ့ ညနေပိုင်းတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားရာ သစ္စာအားမာန် အသင်းက ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိသည်။                                  

သုံးပွဲဆက်တိုက် ရှုံးပွဲမရှိသေးသည့် နှစ်သင်းတွေ့ဆုံခြင်း ဖြစ်သောကြောင့် ပွဲမှာအပြန်အလှန် ရှိခဲ့သည်။ အားက စားနှင့် ကာယပညာ ဦးစီးဌာနအသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးပြတ် အနိုင်ရ နေသော်လည်း အနိုင်ရ လဒ်ကို မထိန်းနိုင်၍ ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ နှစ်သင်းစလုံးတွင် လက်ရွေးစင် ကစားသမား အများစု ပါဝင်ခဲ့သော်လည်း အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်း ခေါင်းဆောင် ခင်မာလာထွန်း မှာ ပွဲအစမိနစ် ၂ဝ တွင် ဒဏ်ရာ ရခဲ့သောကြောင့် တိုက်စစ် အားလျော့ခဲ့ရသည်။

ပထမပိုင်းတွင် ပွဲမှာ အပြန်အလှန် ရှိခဲ့ပြီး ၃၈ မိနစ်တွင် တိုက်စစ်မှူး ရီရီဦးက အားကစားနှင့် ကာယပညာ ဦးစီးဌာန အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်းစပြီး လေးမိနစ်အကြာတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ရီရီဦးက ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် သစ္စာအားမာန် အသင်းက ချေပဂိုးရရှိရန် တိုက်စစ်အား မြှင့်လာခဲ့ပြီး ၅၂ မိနစ်တွင် ခိုင်မာဦး၊ ၅၆ မိနစ်တွင် ခင်မိုးဝေတို့က ချေပဂိုး ပြန်သွင်း ခဲ့သည်။

ယင်းနောက်ပိုင်းတွင်ပွဲမှာ အပြန်အလှန် ရှိလာခဲ့ပြီး သစ္စာအားမာန် အသင်းအတွက် အနိုင်ဂိုးကို ၈၁မိနစ်တွင် နော်အား လိုဝါးဖောက သွင်းယူခဲ့ခြင်းဖြစ်သည်။ သစ္စာအားမာန် အသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် ထိပ် ဆုံးသို့ ရောက်ရှိလာခဲ့ပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းမှာမူ ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရသည်။ KBZ Bank Cup Women's  League  ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇန်နဝါရီ ၁၉ရက် (ယနေ့)တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး လက်ရှိ ချန်ပီယံ မြဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Read 1141 times Last modified on Friday, 19 January 2018 09:04