SJ WorldNews - шаблон joomla Авто

မြန်မာ- ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ပြုလုပ်

Monday, 22 January 2018 07:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၂၁

မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်း ဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် လေယာဉ်ကွင်း၌ ပြုလုပ်ရာ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု၊  ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသနှင့် မန္တလေးတိုင်း ဒေသကြီး၊ သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ် ကျောင်းတိုက်၊ ပါဠိနယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက် တည် ကြပြီး ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းတိုက်၏ နာယက ဆရာတော် လုံဖောဓမ္မချိုင်ယို၏ အသံဖိုင် တရားတော်အား နာယူကြကာ ဆရာတော် သံဃာတော်များအား  လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိနယူပဒေသကျောင်း တိုက်ဆရာတော်ထံမှ အနု မောဒနာ တရားနာ ယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်ဧည့်ပရိ သတ်အပေါင်း တို့သည် သံဃာတော်အပါး ၂ဝဝဝဝ ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

                                

Read 1045 times Last modified on Monday, 22 January 2018 07:48