SJ WorldNews - шаблон joomla Авто

MNL အမှတ်ပေး ပြိုင်ပွဲတွင် ဟံသာဝတီအသင်း အနိုင်ရပြီး ဧရာဝတီနှင့် Southern အသင်းတို့ သရေကျ

Monday, 22 January 2018 08:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၂၁

၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ ဟံသာဝတီ အသင်း အနိုင်ရပြီး ဧရာဝတီအသင်းနှင့် Southern အသင်းတို့ သရေကျခဲ့သည်။ ပဲခူးကွင်း၌ ကျင်းပ သည့် ပွဲတွင် ဟံသာဝတီ အသင်းက စစ်ကိုင်းယူနိုက်တက် အသင်းကို ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီ အသင်းသည်  ယခုပွဲတွင်  ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုး ပြန်သွင်းနိုင်၍ သုံးမှတ် ရခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းတွင် ဟံသာဝတီအသင်းက ပိုဖိ ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဒုတိယ ပိုင်းတွင်  စစ်ကိုင်း ယူနိုက်တက်အသင်းသည် တိုက်စစ်အား မြှင့်လာခဲ့ပြီး ၇၁ မိနစ်တွင်  ဆင်မြူရယ်က  ဦး ဆောင်ဂိုး သွင်းယူခဲ့သည်။ ဟံသာဝတီ အသင်းသည် စဂိုးပေးလိုက်ရသော်လည်း ငါးမိနစ်အကြာတွင် ချေပဂိုးပြန် ရခဲ့ပြီး ရန်နိုင်အောင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ သရေကျ ပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ပိုဖိကစား နိုင်ခဲ့ပြီး အနိုင်ဂိုးကို ၈၂ မိနစ်တွင် တိုက်စစ်မှူး ဂျိုးဇက်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် Southern အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။ ဧရာဝတီ အသင်းသည် အိမ်ကွင်း၌သရေကျခဲ့၍လာမည့်ပွဲများတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။ ၂၇မိနစ်တွင် ကာစီယိုက ဧရာဝတီအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း နှစ်မိနစ်အကြာတွင် ဝီလျံက Southern အသင်း အတွက်  ချေပဂိုးပြန်သွင်း ခဲ့သည်။ ၃၂ မိနစ်တွင် ဧရာဝတီနောက်ခံလူ နိုင်လင်းထွန်း ဘောလုံးဖျက်ထုတ်ရင်း ကိုယ့် ဂိုးကိုယ်သွင်း မိခဲ့၍ှ Southern အသင်းဦးဆောင် ဂိုးရခဲ့သည်။

ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာရာ ၅၂ မိနစ်တွင် အယ်လ်လာ ပက်ထရစ်က ချေပဂိုး ပြန်သွင်းခဲ့၍ ပွဲအပြီးတွင် နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၂)အပြီးတွင် ရတနာပုံနှင့် ရန်ကုန်အသင်းတို့သည် နှစ်ပွဲစလုံး အနိုင်ရကာခြောက်မှတ်စီ ရထားပြီး GFA နှင့်  လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းတို့က  လေးမှတ်၊ ဟံသာဝတီအသင်းက သုံးမှတ်၊ Southern အသင်းက နှစ်မှတ်၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ဇွဲကပင်၊ ဧရာဝတီနှင့် မြဝတီ အသင်းတို့က တစ်မှတ်စီရထားသည်။

Read 1058 times Last modified on Monday, 22 January 2018 08:16