SJ WorldNews - шаблон joomla Авто

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံစေတီများအနက် ထီးတော်ရှိသော စေတီများတွင်သာ ထီးတော်သစ် တင်ခွင့်ပြုမည်

Sunday, 20 August 2017 09:23 font size decrease font size decrease font size increase font size increase font size

ညောင်ဦး  သြဂုတ်  ၁၉

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ အနက် ထီးတော်ရှိသော စေတီများ၌သာ ထီးတော်သစ် တင်ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ထီးတော်တင်လှူထားသော စေတီပေါင်း ၂၇ ဆူနီးပါးရှိရာ ယင်းစေတီများတွင်သာ ထီးတော်သစ် တင်လှူခွင့်ပြုမည်ဖြစ်သည်။ အေဒီ ၁၁ ရာစု ပုဂံခေတ်ဦးပိုင်းက ကျန်စစ်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော အာနန္ဒာစေတီသည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရာ သြဂုတ် ၆ ရက်က ထီးတော်သစ်   ပြန်လည်တင်လှူနိုင်ခဲ့သည်။

ထို့ပြင်    တခြားစေတီတော်များတွင် ထီးတော်သစ်တင်လှူရန်  လျှောက်ထားမှုများ ရှိသော်လည်း  မူလထီးတော်မရှိသော စေတီပုထိုးများ၌ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထီးတော်တင်လှူပြီးသော စေတီများတွင်  ပျက်စီးမှုရှိပါက ထီးတော်သစ် တင်လှူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

 ၂ဝ၁၆ ခုနှစ် သြဂုတ်  ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့သည့်  စေတီပုထိုး စုစုပေါင်း ၃၈၉ ဆူရှိပြီး ၂၂၄ ဆူသည် ထိခိုက်မှုနည်းသည့်အတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မှုပြီးစီးခဲ့သည်။ ကျန်ရှိသော စေတီပုထိုးများကိုလည်း လေးနှစ်အတွင်း စီမံကိန်းဖြင့် အရေးပေါ်ပြုပြင် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ၂ဝ၁၇ ခုနှစ်အတွင်း ဘုရားစေတီ ပုထိုးပေါင်း ၅ဝ ပြီးစီးနိုင်ရန် လျာထားပြီး   ယခုလအတွင်း စေတီအဆူပေါင်း  ၃ဝ ကျော် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 836 times Last modified on Sunday, 20 August 2017 09:24