SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း အားပျော့

Thursday, 31 May 2018 07:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၃ဝ

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော  လေဖိအား နည်းရပ်ဝန်းသည် အားပျော့သွားပြီဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား ကောင်းနေသည်။

မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန်ပြင်လယ်ပြင် တို့တွင် ၉ ပေ မှ ၁၂ ပေခန့်ရှိနိုင်သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ  မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများတွင် မိုးပိုလာနိုင်သည်။                          

(မိုး/ဇလ) 

 

Read 531 times Last modified on Thursday, 31 May 2018 08:02