Print this page

မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

Thursday, 31 May 2018 07:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၃ဝ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြေမြှုပ်မိုင်းတားဆီး ပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အထူးကိုယ်စားလှယ် ဂျော်ဒန်နိုင်ငံမင်းသား Prince Mired Ra'ad A1Hussein နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Read 565 times Last modified on Thursday, 31 May 2018 08:03