SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တနင်္သာရီ မြို့နယ်အတွင်းရှိ ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်၊ ကားလမ်း ရေကျော်မှုအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

Friday, 03 August 2018 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီ မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု များကြောင့် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများသည် ရေဘေးကင်းလွတ်ရာ ကျောက်မိကျောင်းကျေးရွာရှိ စိတ္တဘုန်းတော်ကြီးကျောင်း၊ ပျို့အိုင် ကျေးရွာရှိ မဏိသိင်္ဂီ ဘုန်းတော်ကြီးကျောင်းနှင့် ဘန်းသဲကျေးရွာရှိ ဓမ္မသီတဂူ ဘုန်းတော်ကြီး ကျောင်းတို့၌ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိရာ အဆိုပါ ရေဘေးရှောင် ပြည်သူများအား ဇူလိုင် ၃၁ ရက်နှင့်ဩဂုတ် ၁ ရက်တို့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီး ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသွားရောက် ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရေဘေးရှောင် ပြည်သူစုစုပေါင်း ၂၅၀ ဦးတို့ကို ဆေးကုသရေး အဖွဲ့က အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ထားဝယ်မြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် ထားဝယ်-မေတ္တာကားလမ်း အနိမ့်ပိုင်း နေရာများနှင့် ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာ အနီးတို့၌ ရေအနက် ၄ ပေ၊ အကျယ်ပေ ၃၀ဝ ခန့် လမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်များ၊ ခရီးသွား ပြည်သူများနှင့် ဒေသခံ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ထားဝယ်တပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 915 times Last modified on Friday, 03 August 2018 08:35