SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာအသင်း ဖိလစ်ပိုင် အသင်းကို ခုနှစ်ဂိုးပြတ်အနိုင်ရ

Friday, 03 August 2018 08:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဩဂုတ် ၂

၂၀၁၈ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(က)တတိယနေ့ကို ယနေ့ညနေပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၆ အသင်းက ဖိလစ်ပိုင် ယူ-၁၆ အသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုဒုတိယပွဲတွင် အိမ်ရှင်အင်ဒိုနီးရှား အသင်းကို အရေးနိမ့်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်တက်ခွင့် မျှော်လင့်ချက် အတွက် လက်ကျန်ပွဲများတွင် အမှားမခံတော့ဘဲ အားကုန်ထုတ်ကစားခဲ့ခြင်း ဖြစ်သည်။ အုပ်စုတွင်း အားအနည်းဆုံးဖြစ်သည့် ဖိလစ်ပိုင်အသင်းသည် မြန်မာအသင်းကို ယှဉ်ပြိုင် ကစားနိုင်ခြင်း မရှိဘဲ ဂိုးပြတ်ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ရသည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုပွဲ အနိုင်ရရှိသောကြောင့် ဆီမီးဖိုင်နယ်တက်ခွင့် မျှော်လင့်ချက်ပြန်လည် ရှင်သန်လာသည်။ မြန်မာ ယူ-၁၆ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ရာ ၂ မိနစ်မှာပင် နောင်နောင်စိုးက အဖွင့်ဂိုးသွင်းယူခဲ့သည်။ စောစီးစွာ ဂိုးရခဲ့သောကြောင့် မြန်မာ ယူ-၁၆ အသင်းသည် ဖိလစ်ပိုင် အသင်းဘက်သို့ ဆက်တိုက် ဖိကစားနိုင်ခဲ့ပြီး ၂၅ မိနစ်တွင် အောင်ကိုဦး၊ ၂၉ မိနစ်တွင် နောင်နောင်စိုး၊ ၃၄ မိနစ်တွင် ဇော်ဝင်းသိန်းတို့က ဂိုးများထပ်မံသွင်းယူခဲ့ရာ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက လေးဂိုးပြတ် အနိုင်ရနေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာ ယူ-၁၆ အသင်း ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းအတွက် ဂိုးများကို ၄၆ မိနစ်တွင် ပြည့်ဖြိုးအောင်၊ ၅၃ မိနစ်တွင် ခွန်ကျော်ဇောဟိန်း၊ ၇၇ မိနစ်တွင် ဝေယံစိုးတို့က သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုပွဲအပြီးတွင် သုံးပွဲကစားနှစ်ပွဲနိုင် တစ်ပွဲရှုံးခြောက်မှတ် ရထားပြီး ဩဂုတ် ၄ ရက်တွင် ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

Read 844 times Last modified on Friday, 03 August 2018 08:35