SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး အမြင် Talk on Rakhine Issue and Security Outlook စကား ဝိုင်းဆွေးနွေးမှုများ

Sunday, 10 September 2017 11:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ           

Myawaddy Media Group  မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outloo  စကားဝိုင်းဆွေးနွေးပွဲအား ယမန်နေ့နံ နက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော် စစ်သမိုင်းပြ တိုက်ရှိ Mini Theatre Room ၌ ကျင်းပရာ နိုင်ငံတကာရေးရာသုတေသီ ဦးကိုကိုလှိုင်နှင့် ပြင် သစ် နိုင်ငံ အရှေ့တိုင်း ပညာရပ်များ သုတေသနဌာန EFEO) ဒေါက်တာဂျာ့က်ပီ၊ လိုက်ဒါ၊ ညွှန်ကြား ရေးမှူးချုပ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့နှစ်ဦးက ဆွေးနွေးပြောကြားကြသည်။

နောက်နိုင်ငံရေးနဲ့ ပတ်သက်လာတဲ့ အချိန်မှာ ဗိုလ်မှူးကြီးသန်းအေး တင်ပြသွားတဲ့အတိုင်းပဲ ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီးတော့ Partition of India  အိန္ဒိယ လက်ထက်မှာ အိန္ဒိယနိုင်ငံ လွတ် လပ်ရေး တောင်းဆိုတဲ့ လွတ်လပ်ရေး အတွက်ကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ပိုင်း ကွဲသွားမယ့် အနေ အထားထဲမှာပဲ ဘယ်သူတွေက ဘယ်သူ့ဘက်ပါမလဲဆိုတဲ့ ကိစ္စက အဲ့ဒီဒေသ မှာရှိတဲ့ ပြည် သူလူထုတွေ အတွက်က တော်တော်လေး အရေးပါလာတယ်။ ဒါကြောင့်မို့ မွတ်စ လင်နဲ့ဟိန္ဒူဆိုပြီး နှစ်ပိုင်းခွဲလိုက်တဲ့အခါမှာ ဘင်္ဂလားပြည်နယ်က နှစ်ပိုင်းရှိပါတယ်၊ တစ်ပိုင်း က  West   Bengal ခေါ်တဲ့ အနောက်ဘင်္ဂလားပါ၊ တစ်ပိုင်းက East Bengal လို့ခေါ်တဲ့ ယခု ဘင်္ဂလားဒေ့ရှ်ဖြစ်နေတဲ့ အရင်တုန်းက အရှေ့ပါကစ္စတန်ပါ။ အဲ့တော့ အရှေ့ဘက်က လူတွေ က ဗုဒ္ဓဘာသာ ဟိုရှေးရှေးတုန်းကဆိုရင်တော့ ဗုဒ္ဓဘာသာအများစုနေခဲ့တာ။ ဒါကို ဘယ်လို ခေါ်သလဲဆိုတော့ ဝင်ဂတိုင်းလို့ခေါ်တယ်။ ဘုရားလက်ထက်တော်မှာ ဝင်ဂတိုင်း လို့ခေါ်တဲ့ တိုင်းမှာ မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တုန်းက အဲ့ဒီနေရာကို ရောက်ခဲ့တယ်။ နောက်ကျတော့ ဗုဒ္ဓဘာသာကို ဟိန္ဒူတွေကရော၊ မွတ်စလင်တွေကရော ဝင်ရောက်ပြီးတော့ တိုက်ခိုက် ဖျက်ဆီးကြတဲ့ အခါမှာ  ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားပြီး ဘုန်းကြီးတွေက သီရိ လင်္ကာပြေးတဲ့ သူကပြေးရတယ်၊ မြောက်ဘက်ကို တက်ပြီးတော့မှ တိဗက်ကို တက်တဲ့ သူက လည်းတက်ရတယ်။ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားပြီးတော့မှ  ဆင်းရဲသား လူထုက လူတန်း စားခွဲခြားမှု သိပ်မရှိတဲ့ နောက်ပိုင်းမှာ ထိုးဖောက် ဝင်ရောက်လာတဲ့ မွတ်စလင် အစ္စလာမ် ဘာ သာထဲဝင်သွားကြပြီးတော့မှ  East Bengal က မွတ်စလင်တွေဖြစ်သွားကြတာပါ။ အဲ့တော့ အဲ့ဒီ လိုမျိုး နှစ်ပိုင်းကွဲနေတဲ့ အတွက်ကြောင့်မို့ ဗြိတိသျှတွေရဲ့ မူဝါဒအတိုင်းပဲ  J Divide And Rule လို့ခေါ်တဲ့ သွေးခွဲပြီး အုပ်ချုပ် တဲ့စနစ် အရ ဘင်္ဂလား ကိုလည်း နှစ်ပိုင်းခွဲလိုက်တယ်။ နှစ်ပိုင်း ခွဲပြီးတော့မှ အနောက်ဘင်္ဂလားကိုတစ်ပိုင်း၊အရှေ့ ဘင်္ဂလားကိုတစ်ပိုင်း အဲ့ဒီလိုမျိုး ခွဲပြီးတော့မှ ဘာသာရေး အရ အုပ်ချုပ်ခဲ့တယ်။ အဲ့လို ခွဲ လိုက်တဲ့ အချိန်မှာ ဘင်္ဂလားထဲကို ဘယ်သူ့ ထည့်ထားလဲဆိုတော့ အာဖဂန်ကိုလည်းပဲ တွဲထည့်ထားတယ်။ ဆိုတော့ သူတို့ပါကစ္စ

တန်ဖြစ်လာတော့မယ့် အိန္ဒိယ၊ ပါကစ္စတန်ဆိုတာ ခွဲတော့မယ်ဆိုတဲ့အခါကျတော့ အဲ့ဒီမှာရှိနေတဲ့  ဒီအတွင်းဝန်က  ဒီမှာဒီ Slide ထဲမှာပါတဲ့ ခုနကကျွန်တော်ပြတဲ့အရာ ၁၉၉၈ ခုနှစ် မှာ အာသံ ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့ Illegal Migrant ပေါ့။ တရားမဝင်တွေ ကျွန် တော်တို့လိုပဲ ဖြစ်တာပေါ့၊အဲ့ဒီမှာ ဝင်လာတော့ပြဿနာတွေပေါ်လာတဲ့အခါမှာ အမှန်မှာ   အစိုးရ ကခန့်တဲ့ ဗဟိုအစိုးရကခန့်တဲ့ အုပ်ချုပ်ရေးမှူး၊ သူက အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းပါ၊ သူက သမ္မတဆီကို Report တင်တာ၊ ဒီပြဿနာကိုဖြေရှင်းမှ ရတော့မယ်ဆိုတဲ့ Report ကိုအထဲမှာပါတယ်၊ ကျွန် တော်တင်ပြ ချင်လို့ပါ။

အဲ့တော့ အဲ့ဒီကတည်းကသူကဒီ မစ္စတာချောင်ဒရီပေါ့၊ သူကမွတ်စလင်ပေါ့၊ သူက အဲဒီခေတ်တုန်းက ဂျင်းနားရဲ့ ကိုယ်ရေးအရာရှိဟောင်း၊ လွတ်လပ်ရေး ရတဲ့အခါ ကျတော့၊ အာသံ နှင့် ပတ် သက်တဲ့ဝန်ကြီးပေါ့နော်၊ ဒါမျိုးတွေဖြစ်လာတယ်။ အဲ့တော့ ဂျင်းနားကိုသူက  ဘာကတိ ပေးလိုက် လဲဆိုတော့ ခွဲရေး၊ တွဲရေးမှာဒီခွဲထွက်ချင်တဲ့အခါကျတော့ လွတ် လပ်ရေးရ တဲ့ အခါ ကျတော့   အာသံကို နောက်ဖြစ်ပေါ်လာတဲ့ ပါကစ္စတန်နိုင်ငံထဲမှာ ပါအောင်အာသံ နယ်မြေကို ငွေလင်ပန်းပေါ်မှာ ထည့်ပြီးတော့မှဆက်သပါမယ်၊ ဘာကြောင့်လဲဆိုတော့ အာသံကစက တည်းက ဘင်္ဂ လား ထဲမှာတွဲပြီးတော့ပါပြီးသား၊ သို့သော်ရိပ်မိတဲ့ ကျန်တဲ့ Cabinet ကော်မရှင်ကဒီခွဲရေး၊ တွဲရေးကို စီစဉ်နေတဲ့ဒီထဲကလူတွေကအာသံကို ဘင်္ဂလားနဲ့တွဲပြီးတော့ ပါကစ္စ တန်မှာ မထားတော့ ဘဲ Group ပြောင်းပြီး၊ ပြီးတဲ့အခါကျတော့အိန္ဒိယနဲ့တွဲပြီးတော့  အဲ့ဒါကြောင့် မို့လို့ အဲ့ဒီအချိန်နဲ့တစ်တွဲတည်းမှာ ဗိုလ်မှူးကြီး သန်းအေးပြောသလိုပဲ ဘူးသီး တောင်၊ မောင်တော ဧရိယာ ကလည်း ၁၉၃၆ ခုနှစ်တွဲရေး၊ ခွဲရေးကတည်းက ကျွန်တော်တို့က နတ်မြစ်ရဲ့အရှေ့ဘက်ခြမ်းက ကျွန်တော်တို့ရဲ့နယ်မြေပဲ၊ သို့သော် သူတို့ကလူတွေက  ဘူး သီးတောင်၊ မောင်တော ဧရိယာ မှာ သူတို့က အများစု ဖြစ်သွားပြီ၊ အဲ့ဒီချိန်မှာ အများ စုဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်းပဲ ပါကစ္စတန်နဲ့ပေါင်းချင်တယ်ဆိုပြီးတော့မှ အယ်လီဂျင်းနားကို သွားပြီးတော့ တောင်းဆိုတယ်။ သို့သော်ငြားလည်း အဲ့ကာလ အတွင်း မြန် မာနိုင်ငံကလည်းပဲ လွတ်လပ်ရေးရဖို့အတွက်ကို ကြိုးပမ်းနေချိန်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကိုသွားပြီးတော့ အရေးတောင်းဆိုတဲ့အခါမှာ  မိုဟာမက်အယ်လီဂျင်းနားနဲ့ အိန္ဒိယမှာ ဝင်တွေ့ခဲ့ပြီးတော့ ဘူးသီးတောင်၊ မောင်တောကိစ္စမှာ မြန်မာနိုင်ငံရဲ့ နယ်မြေထဲမှာ ဆက်ပြီး တော့မှထားပေးဖို့ ပါကစ္စ တန် ထဲ မထည့်ရအောင်လို့   ဆိုပြီးတော့မှ အဲ့မှာ ညှိခဲ့ကြတယ်။

အဲတော့ ဂျင်းနားကလည်း သဘောတူတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေ ကြောင်း အရလည်းပဲ ဒါဟာကျွန်တော်တို့ရွဲှ့ နမမငအသမပ  ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲ့ဒီကတည်းက   ကိုကိုးကျွန်းကိုလည်းပဲ တကယ်တမ်းပြောမယ်ဆိုရင်တော့ ဟိုးတုန်းက ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးခါစမှာ ဒီကိုကိုးကျွန်းနဲ့အောက်မြန်မာပြည်ကို ဘုရင်ခံချုပ်တစ်ခုတည်းပဲ ထားခဲ့တယ်။

သို့သော် ၁၉၃၆ ခုနှစ် ခွဲရေး၊ တွဲရေးမှာ ကိုကိုးကျွန်းမှာ အိန္ဒိယ စစ်ဗာရီပုန်ကန်မှုက ပုန်ကန်တဲ့ ဒီယူတနီရာတွေကို  အက်ဒမန်ကျွန်းကိုပေါ့၊ ကပ္ပလီကျွန်းကိုပို့ပြီးတော့မှ အခြေချထားတယ်။   အဲ့မှာကုလားတွေပဲရှိတော့တယ်။

 ကျွန်တော်တို့ မြန်မာပိုင်ဆိုင်တဲ့ နေတဲ့လူဆိုလို့ရှိရင် သစ်ဆွဲတဲ့ ကရင်တွေ လောက် ပဲရှိတော့တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီအက်ဒမန်ကျွန်းကို ကပ္ပလီကျွန်းကို  အိန္ဒိယကို ပဲပေး လိုက်တော့မယ်ဆိုပြီးတဲ့အခါကျတော့၊တကယ်တမ်းပြောရင် ဆိုတဲ့အခါကျတော့   ပထဝီ အရပြောမယ် ဆိုလို့ရှိရင်တော့ ဒါပဲခူးရိုးမကနေ ရေထဲမြုပ်သွားတဲ့   ကျွန်း ဆက်ပါပဲ၊ သို့သော်ကျွန်တော်တို့ မရလိုက်ဘူး။ ဒါကို တောင်းပါလားဆို ပြီးတော့ပါ လီမန် မှာမေးတယ်။ မေးတဲ့အခါကျတော့ ဗိုလ်ချုပ်တို့က ကျဆုံးခါစဆိုတော့ ဒါသွား တောင်း နေလို့ရှိရင် အင်္ဂလိပ်က ဒါနဲ့ထစ်ထားဦးမယ်၊  ဒါနဲ့ လွတ်လပ်ရေးမပေးဘဲနေပြီးတော့ ဗိုလ်ချုပ်က   တစ်နှစ် အတွင်းမှာ လွတ်လပ်ရေးရမယ်ဆိုပြီး ပြောသွားတယ်။ ငါတို့လက် ထက် ကျတဲ့ အခါ ကျတော့မှ တစ်နှစ်ကျော်သွားလို့ရှိရင်    ငါတို့အကုန်လုံး  အဆဲခံရလိမ့် မယ်ဆိုပြီး တော့ အဲ့မှာဘာမှ မပြောနဲ့တော့ကွာဆိုပြီးတော့မှ ပါလီမန်မှာလည်းပဲ၊ ဒီဗြိတိသျှပါ လီမန် မှာလည်းပဲ မြန်မာ တွေတောင်မှ   မတောင်းတာဗျာ၊ ခင်ဗျားတို့က ဘာဖြစ်လို့ပေးဖို့လုပ်နေတာ

လဲဆိုပြီးတော့အဲ့ကိစ္စပြီးသွားတယ်။ ဆိုလိုတဲ့သဘောက ကျွန်တော် တင်ပြချင်တဲ့ နိုင်ငံတစ်ခု တည်ထောင်တယ်ဆိုတာ မြေကြီးနဲ့ လူအဓိက ပါဝင်တာနှစ်ခုပဲ။ မြေကြီးက ကျွန်တော် တို့မြေကြီး၊ လူက ကျွန်တော်တို့နဲ့ မတူတဲ့လူ၊ သူတို့ကပြန်ပြီးတော့ ဃူငော လုပ်လာ တဲ့ အခါ ရှိရင် မြေကြီးက ပြန်ပြီးတော့ တောင်းဆိုလို့မရဘူး။ ရှိနေတဲ့လူကပဲ တောင်း

ဆိုတာ၊ လူကပဲ စကားပြောတတ်တာ၊ မြေကြီးက စကားမပြောတတ်ဘူး။ အဲ့တော့ နေရာ

တစ်ခုမှာ ကိုယ်ကအထိုင်ဦးထားဖို့လိုတယ်။ ကိုဆိုဗိုဆိုလို့ရှိရင်အထိုင်မဦးနိုင်တဲ့အခါ ကျ တော့ တဖြည်းဖြည်းချင်း ကိုဆိုဗိုဆိုတဲ့ဥစ္စာက ဆာ့ဗ်လူမျိုးတွေ၊Slavic တွေယဉ်ကျေး မှုအခြေချ တဲ့ဒါ Christ of the Culture ဒီ Civilization အဲ့ဒီမှာ အင်မတန်ထင်ရှားတဲ့ ဘုရား ကျောင်း ကြီးတွေ၊ ရှေးဘုရားကျောင်းကြီးတွေ အများကြီးရှိတယ်။ သို့သော်လည်းပဲ နောက် အယ်ဘေး နီးယား မွတ်စလင်တွေက ဝင်ဝင်လာပြီးတော့မှ အခြေစိုက်ရင်း အခြေစိုက်ရင်းနဲ့ သူတို့ က ဘူးသီးတောင်၊ မောင်တောလိုပဲ သူတို့က ၉ဝ ရာခိုင်နှုန်းကျော် ၁ဝဝ ရာခိုင်နှုန်းနီးနီး    ဖြစ်သွားတဲ့အခါမှာ နောက်ဆုံးဘာဖြစ်သွားလဲ၊ မြေကြီးကတော့ ဆားဗီးယားက အပိုင်ပဲ၊ ကုလသမဂ္ဂကလည်း အသိအမှတ်ပြုထားတာ၊ ဘာဖြစ်သွားလဲ ဥပဒေကြောင်းအရ သူတို့ဟာ သူတို့  Plebiscite လို့ခေါ်တဲ့ ဆန္ဒခံယူပွဲလုပ်ပြီးတော့ လွတ်လပ်ရေးကြေညာလိုက်တယ်။   ကြေ ညာလိုက်တဲ့အခါကျတော့ နဂိုကတည်းကရှိပြီး သား လူရှိတယ်၊ အစိုးရရှိတယ်၊ သူတို့ကို ကာကွယ်ပေးမယ့်တပ်ဖွဲ့တွေရှိတယ်။ သူတို့လိုနေတာက nternational Sovere-Ignt လို့ခေါ် တဲ့ အပြင်ဘက်က Legitimacy ပဲလိုတာ။ နိုင်ငံပေါင်းတစ်ရာကျော်က အသိအမှတ်ပြုတဲ့  ယခုဒီ ဆားဗီးယားကို ငုတ်တုတ်ထိုင်ပြီးတော့ ကြည့်နေရတာပဲ။  ဒါကို သဘော ပေါက် ဖို့ကျွန်တော်တင်ပြချင်တာပဲဖြစ်တယ်။

အဲ့တော့ အိန္ဒိယမှာလည်းပဲ ဒီလိုပြ ဿနာ တွေရှိခဲ့တယ်။  သို့သော်ငြားလည်းပဲ အိန္ဒိယ မှာဆို တော့ ဒီ Governer မကြီးရဲ့  report  ပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နဲ့   အိန္ဒိ ယကြားထဲမှာ မိုင်ပေါင်း ၁၇ဝဝ    ကျော်လောက်ကို  ခြံစည်းရိုးခတ်ပစ်လိုက်တယ်။   မျှော်စင်

တွေတပ်ထားတယ်၊  တပ်တွေအများကြီးချထားလိုက်တယ်၊ Border Security Force ဆိုပြီး   BSF ဆိုပြီး ဖွဲ့ထားတယ်။ အဲဒီ  BSF တွေက ခွင့်ပြုချက်မရှိဘဲ  ဝင်လာတဲ့သူတွေကို ပစ်သတ်နိုင်တဲ့  အာဏာ ၁၄၄ နဲ့ ထုတ်ပေးထားတယ်ဆိုတဲ့   အခါကျတော့  ဒါတောင်မှလည်း    ခိုးဝင်ခိုး ထွက်အများကြီးရှိတယ်၊ ဆိုလိုတဲ့သဘောက ကျွန်တော်တို့တင်     ရင်ဆိုင်နေရ  တာ မဟုတ်ဘူး၊ ဒီပြဿနာက Illegal  Migration  အိန္ဒိယလည်းရင်ဆိုင်နေရတယ်၊  ဒါပေမဲ့ လည်း သူတို့ကိုကျတော့  ဘာကြောင့်မပြောကြတာလဲ။ သူတို့က Shootto Kill တောင်မှ Order ထုတ် ထားတာ၊ ဘာကြောင့်ကျွန်တော်တို့ကို ဖိပြောနေကြတာလဲ၊ ဒီဟာတွေက ဘာလဲ ဆိုလို့ ရှိရင် အဓိကကတော့ ဏသတနမ ဏသူငအငချ  အင်အားနိုင်ငံရေးပဲ၊ ကျွန်တော်ဒီ အရေး အခင်းတွေဖြစ်ခါစတုန်းက ၂ဝ၁၆ အောက်တိုဘာပြဿနာဖြစ်ကတည်းက ကျွန်တော် ဆောင်း ပါးတစ်ပုဒ်ကိုရေးခဲ့တယ်။ အဲ့ဆောင်းပါးက ဘာလဲဆိုတဲ့အခါကျတော့ ပဆုပ်ပနီနဲ့ ပုတ်သင်ညို ပုတ်သင်ညိုဆိုတာ အကောင်တော့ကြီးတယ်၊ သို့သော်ငြားလည်းပဲ မကိုက်တတ်ဘူး၊ မကိုက် တတ်တဲ့အခါကျတော့ သစ်ပင်ပေါ်မှာကပ်နေလို့ရှိရင်   လူတိုင်းကလက် တည့်စမ်း တယ်၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက လောက်လေးခွနဲ့လက်တည့်စမ်းတာပဲ၊ ကျောင်း သားတွေ ဆို တော့ တစ်ယောက်တစ်လှည့် ကျောင်းသားလက် ဟိုဘက်ကပြေးရင် ဟိုဘက် ကပစ်၊ ဒီဘက်ကပြေးရင် ဒီဘက်ကပစ်တယ်ဆိုတဲ့အခါကျတော့  ပုတ်သင်ညိုက မခံနိုင်ဘူး၊ မှန်သွား တာ ပေါ့၊သို့သော်ငြားလည်းပဲ လောက်စာလုံးတစ်လုံးက အဲဒီနားက သစ်ကိုင်း ကို မှန်ပြီး ပဆုပ်ပနီအုံကို သွားထိလိုက်တဲ့အခါကျတော့  ပဆုပ်ပနီတွေက ထွက်ပြီးတော့တုပ်ကြ တယ်။

အဲတော့ကာပြေးရတယ်။ ပဆုပ်ပနီတွေက ပုတ်သင်ညိုနဲ့စာလို့ရှိရင် အကောင်သေးသေး လေး ပဲ၊ ဘာဖြစ်လို့ကျွန်တော်တို့ထွက်ပြေးရတာလဲ၊ ကိုက်တတ်တယ် သူတို့က အဆိပ်ရှိတယ်၊ သူက သူ့အုံကိုထိရင် ကာကွယ်တယ်၊ ကျွန်တော်တို့က ပဆုပ်ပနီလုပ်မှာလား၊ ပုတ်သင် ညိုလုပ် မှာလား၊  ကျွန်တော်တိှု့သ်အွှမေါနအ ဖြစ်နေလို့ရှိရင် ပစ်မှတ်ပျော့  ရိုက်လည်းခံ၊ ထိုး လည်းခံ၊    ဆဲလည်းခံဖြစ်နေလို့ရှိရင်တော့  ဒီလိုပဲအနိုင်ကျင့်ကြမှာပဲ၊  ဒါကကမ္ဘာ ပေါ်မှာဖြစ် နေတဲ့   Power Politics ကြိုက်သည်ဖြစ်စေ၊    မကြိုက်သည်ဖြစ်စေ ကိုယ့် ကိုယ် ကိုယ်     အင် အားရှိအောင်မလုပ်ရင်တော့ ဒီလိုပဲဖြစ်မှာပဲ၊ နောက်တစ်ခုကတော့   ဒီအပြင်ဘက် ကနေပြီး တော့မှ  ပါဝင်ပတ်သက်မှု အပြင်ဘက်ကနေပါဝင်ပတ်သက်မှုက ပြောရမယ် ဆိုလို့ရှိ ရင်တော့ လူတိုင်းလူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် လုပ်နေကြတာ၊ သို့သော် မြန်မာနိုင်ငံနဲ့ ပတ် သက်လာရင် ဘာကြောင့်မြန်မာနိုင်ငံကပစ်မှတ်ဖြစ်ရတာလဲ၊ အကျိုးစီးပွားကို အပြင် ဘက်က လှုပ်ရှားနေတဲ့ ဒီ Player တွေပေါ့။ ဇာတ်ကောင်တွေရဲ့ အကျိုးစီးပွားတွေက  ဒီမှာ လာပြီးတော့   စုဆုံနေကြတယ်။

ဒါကိုကျွန်တော်နည်းနည်း နားလည်အောင် တင်ပြချင်ပါတယ်။ အဲတော့ဘာလဲဆိုတော့    အားလုံးကြည့်လိုက်လို့ရှိရင် ဒီပြောရမယ်ဆိုရင်ပေါ့နော်  အပိုင်းသုံးပိုင်း ကျွန်တော်နည်း နည်း လေးခွဲ ပြောလိုက်လို့ရှိရင်ရှင်းနိုင်ပါတယ်။ တစ်ပိုင်းကတော့ ဘာလဲဆိုတဲ့အခါကျတော့ အင်မ တန် အင်အားကြီးတဲ့အုပ်စုပေါ့၊ အနောက်အုပ်စုပေါ့ ပွင့်ပွင့်လင်းလင်းပြောရရင်   အနောက် အုပ် စုက မြန်မာနိုင်ငံအပေါ်မှာ  အခုဖိအားတွေပေးနေတယ်။

Pressure group လို့ မစ္စတာ လိုက်ဒါပြောသွားတယ်။ သူ့ထဲမှာ အနောက်အုပ်စုတွေ ကထိပ် ဆုံး ကပါတယ်၊ သို့သော်လည်းပဲ ဒီနေရာသည်  စောစောက ဗိုလ်မှူးကြီးသန်းအေး တင်ပြ သွားတဲ့ အတိုင်းပဲ၊ The Most Perse-cuted  Minority in  the Worldကမ္ဘာပေါ်မှာ အဖိနှိပ် ခံရဆုံး လူနည်းစုရှိနေတယ်ဆိုတဲ့ပုံစံကို ဖော်ချင်တယ်။

ဘာကြောင့်မို့လို့ဖော်တာလဲ၊ ဒီပြဿနာတွေက အခုမှဖြစ်တာမဟုတ်ဘူး၊ သမိုင်း ကြောင်း နဲ့ပြော လို့ရှိရင် ကျွန်တော်တို့ ၁၉၄၂ ခုနှစ်တုန်းကလည်း   Comm-unal Conflict တွေဖြစ် ခဲ့ကြတယ်၊ လွတ်လပ်ရေးရခါစတုန်းကလည်းပဲ မူဂျာဟစ်ဒင်လှုပ်ရှားမှုဆိုပြီးတော့မှ လုပ်လာ တဲ့ အတွက်ကြောင့် အဲဒီမှာတပ်ကနေပြီးတော့မှ Operation လုပ်ကြတဲ့အခါမှာ ဒီလို မျိုး ထွက် ပြေးတာတွေရှိတာပေါ့၊    ပါကစ္စတန် ဘက်က ဒီပုံစံအတိုင်းပဲ  The Same Accu- sation ပဲ လူတွေအများကြီး သတ်ခဲ့ကြတယ်၊ ရွာတွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို  အဓမ္မ ကျင့်တယ်၊ ဒီလိုမျိုး စွပ်စွဲခဲ့တာပဲ၊ ဒါဦးနုလက်ထက်ကတည်းက သို့သော်ငြားလည်းပဲ အနောက် အုပ်စုအနေနဲ့က ဘာ့ကြောင့်မို့လို့ ဒီလိုမျိုးထပ်ပြီးတော့မှ    မြန်မာနိုင်ငံကို ပစ်မှတ် ထား တာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံရေး  အခြေအနေအရနှစ်ပေါင်းများစွာပေါ့။ ၁၉၈၈ နောက် ပိုင်း ကနေစပြီးတော့မှ တပ်မတော်က တာဝန်ယူထားတဲ့အချိန်မှာ အားလုံး သိတဲ့ အတိုင်းပဲ နိုင်ငံတကာမှာလည်းပဲ ၁၉၉ဝ ပြည့်နှစ်ကစပြီးတော့မှ ကမ္ဘာကြီးမှာ  New World  Orde  ဆိုပြီးတော့မှ   အာဏာရှင်စနစ်တွေလဲသွားပြီ။ ကွန်မြူနစ်စနစ်တွေလည်း   ပြိုလဲ သွားပြီ။ ကမ္ဘာပေါ်မှာ Liberal Demo-cracy  ပဲအနိုင်ရသွားပြီ။ End of the History သမိုင်း ကပြီးဆုံးသွားပြီ။ ဒါကြောင့်မို့လို့ ရှိသမျှအာဏာရှင်စနစ်တွေ ဖြုတ်ချ၊  ရှိသမျှကွန်မြူနစ် စနစ် တွေဖြုတ် ချ၊ ကျန်တဲ့နိုင်ငံတိုင်းမှာ ဒီမိုကရေစီဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ဒီအယူအဆကြီးဟာ အရမ်းကိုအရှိန်ကြီးသွားတယ်။ အဲဒီအချိန်မှာကျွန်တော်တို့ မြန်မာနိုင်ငံသည် ပစ်မှတ်ဖြစ် လာ တယ်။ ပစ်မှတ်ဖြစ်လာတော့ ဒီပစ်မှတ်ဖြစ်လာတဲ့အခါမှာ နိုင်ငံရေး စစ်ဆင်မှုသဘောတရား Political Warfare  အရဘယ်နေရာမှာ  Weak Point ရှိသလဲ။ စစ်တိုက်တယ်ဆိုတာ Weak Point  ကိုရှာတိုက်ကြတာ။ ရှိတဲ့နေရာတွေကိုလိုက်ပြီးထောက်လာတဲ့အခါမှာ နိုင်ငံ ရေး နည်း နဲ့ သံ တမန်ရေး နည်းနဲ့ ဝါဒဖြန့်ချိ Propaganda ဒါဟာ တကယ်တမ်း ပြောရရင်တော့ Psychological Warfareလို့ တပ်မှာသုံးတယ်။ Psychological Operation လို့ အမေရိကန် နိုင်ငံ ရဲ့တပ်မတော်ကသုံးတယ်။  PSYO လို့သုံးတယ်။ဒါမှမဟုတ်လို့ရှိရင် ဒီထက်ပို ကျယ်ပြန့် လာရင် nformation Warfare လို့ခေါ်တဲ့ သတင်းအချက်အလက်စစ်ပွဲဒါနဲ့သုံး တယ်။ Diplomatic   စစ်ပွဲဒါနဲ့သုံး တယ်။ ဒီလိုနည်းလမ်းမျိုးတွေနဲ့ ကျွန်တော်တို့ကို သတင်းတွေကို မ ကောင်း တာတွေမှန်သမျှရွေးပြီးတော့မှ ထုတ်လွှင့်တယ်။သူတို့ရဲ့လက်ထဲမှာ တစ်ကမ္ဘာလုံးရဲ World Stream International Media ဒီဟာရှိနေတယ်။Mainstream ကရှိနေတယ်။ ရှိနေ တော့ ကျွန်တော်တို့ရဲ့Media သည် ဘယ်လောက်ပဲကြိုးစားပြီးတော့  ထိုးဖောက်ထိုးဖောက် အစိုး ရ ရဲ့သတင်းဌာနတွေကဟာတွေကို သူတို့က ဖုတ်လေတဲ့ငါးပိရှိတယ်တောင်မှမထင်ဘူး။ ကျွန်တော်တို့တိုးလို့လည်းမရဘူး။ ကောင်းသတင်းဆိုရင် ဘယ်လောက် ထိမရေးဘူး လဲဆို လို့ရှိရင်    မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များ အသင်းကလူ တွေက ပြောပြ တယ်။  တစ်ခုရေးတယ်တဲ့၊ သတင်းလေးတစ်ခုကဘာလဲဆိုတော့မြန်မာနိုင်ငံမှာ အရှေ့တောင် အာရှ မှာ ဆင်ကောင်ရေအများဆုံး သဘာဝအတိုင်း ဒါမွေးထားနိုင်တဲ့ ဆင်တောရိုင်း Natural Park ကြီးရှိတယ်။ အဲလိုမျိုးပြောတယ်။ အဲဒါကိုလုံးဝမထည့်ဘူး။ မြန်မာနိုင်ငံမှာ ကောင်းတာ

ရှိတယ်ဆိုလို့ လုံးဝမထည့်ဘူး။ ဆင်တောင်မှမထည့်ဘူးဆိုတော့ ကျန်တာတော့ပြောမနေ နဲ့တော့။ အဲလိုအခြေအနေရှိတယ်။အဲတော့ဒီပြဿနာကျတော့ သူတို့အတွက် သိပ်ကောင်း တယ်။ ဘယ်လိုကောင်းသလဲ။

သူတို့ပြောချင်တဲ့ Image က တပ်ကရက်စက်တယ်။တပ်ကလူနည်းစုကိုဖိနှိပ်တယ်။ တပ်က ဘာသာ ရေးလူနည်းစုတွေဖိနှိပ်တယ် ဆိုတော့ ဒါသိပ်ပြောလို့ကောင်းတယ်။ ဘာလဲဆိုတော့ Political Correctness လို့ခေါ်တာပေါ့။ သူတို့ကနိုင်ငံရေးဘက်ကသူတို့က အမှန်မြန်မာနိုင် ငံအစိုးရနဲ့ မြန်မာနိုင်ငံစစ်တပ်ကအမှား၊ ဒါကြောင့်မို့လို့ ဖိအားပေးတာမှန်တယ်။ သူတို့ရဲ့ Sanction  တွေပိတ်တာမှန်တယ်။ ဒါ Regime Change ဆိုတာ အဲ့ဒီခေတ်က အရမ်း ခေတ်စားခဲ့တယ်။ အစိုးရကိုပြောင်းမယ်။ ပြောင်းဖို့လည်းကြိုးစားတယ်။

ဒီမှာက ဒီပြဿနာပေါင်းစုံကို ရင်ဆိုင်နေရတဲ့အချိန်မှာ   ဒါအနောက်အုပ်စုက ဘာကြောင့်မို့လို့ ကျွန်တော် တို့ကို Target  ထားလဲဆိုတာ ကျွန်တော်ပြောပြတာ။ နောက်တစ်ခု ကဘာလဲဆို ရင်အဲ့ အချိန်မှာပဲ ဘာဖြစ်လာသလဲဆိုလို့ရှိရင် ကွန်မြူနစ်စနစ်ပြိုလဲသွားတယ်။   ပြိုလဲသွား တဲ့ အခါမှာ အဲဒီတုန်းကအာယာတိုလာခိုမေနီ    ၁၉၈၄ ပြည့်လွန်နှစ်တွေမှာ အီရန်မှာ ဘာသာ ရေး တော်လှန်မှုဖြစ်တယ်။   အစ္စလာမ်မစ် Revolution ဖြစ်တယ်။  အဲ့ဒီအချိန်တုန်းက  အာ ယာတိုလာကြီးက ဘာပြောလဲဆိုလို့ရှိရင် အခုဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ ကွန်မြူနစ် စနစ်ပြို လဲသွားပြီ။ ဆင်းရဲသားတွေဘက်က ရပ်တည်ပေးမယ့် လူမရှိတော့ဘူး။ ကျန်တာက အရင်း ရှင်တွေ ပဲ ကမ္ဘာကိုလွှမ်းမိုးတော့မှာ မိစ္ဆာဒိဋ္ဌိတွေပဲ လွှမ်းမိုးတော့မှာ။ ဒါကို ကြံ့ကြံ့ခံပြီးတော့မှ ရင်ဆိုင် နိုင်တာ ငါတို့ဘာသာပဲရှိတယ်။ ဒါကြောင့် ကျန်တဲ့နိုင်ငံတွေမှာလည်းတို့ဘာသာကိုပဲ ပြန့်ပွားအောင်လုပ်ရမယ်ဆိုပြီး အဲ့လိုကြွေးကြော်ခဲ့တယ်ဆိုတော့ အဲ့အချိန်မှာပဲ   ကမ္ဘာ့ရေ နံဈေး နှုန်းကလည်း သိတဲ့အတိုင်းပဲ ဈေးတွေမြင့်တက်လာတယ်။

ကမ္ဘာကြီး Globalization စီးပွားရေးတွေများတာနဲ့အမျှ   တရုတ်ပြည်ကလည်းပဲ ပြုပြင်ပြောင်း လဲ ရေး လုပ်ပြီးတော့မှ EnergyConsumptionက မြင့်လာတာနဲ့အမျှ ရေနံနိုင်ငံတွေဟာ သူ ဌေးဖြစ် လာတယ်။ ပိုက်ဆံရှိလာတယ်။ အဲ့ဒီမှာတင်ပဲ ဆော်ဒီအာရေးဗီး ယား ဒါကျွန် တော် ပြောတော့ မပြောချင်ဘူး။

သို့သော်ငြားလည်းပဲဒါအဖြစ်မှန်ကိုကျွန်တော်ပြောနေရတာ ဆော်ဒီအာရေးဗီးယားမှာက  သူက အခုချိန်ထိတိုင်အောင် Ottoman  Empire  က သူပြိုကွဲသွားတယ်။ ပြိုကွဲ သွားပြီး တော့  နိုင် ငံထူထောင်နိုင်ခဲ့တဲ့အချိန်ကစပြီးတော့မှ  ခုချိန်ထိတိုင်အောင် ဆော်ဒီအာ ရေးဗီး ယားမှာကြီးစိုးနေတဲ့ Clan  မျိုးနွယ်စုနှစ်ခုရှိတယ်။ တစ်ခုက ဆဥစော်ဘွားတွေ၊ ခုရှင် ဘုရင်ဖြစ်နေတဲ့ ဆဥစော်ဘွားတွေနောက်တစ်ခုကတော့ဘာလဲဆိုတော့ ဝါဟစ်၊ ဝါဟစ်ဆို တာ ဘာသာရေးဆိုတော့ နိုင်ငံတစ်နိုင်ငံကို ထိန်းဖို့ဆိုတာ အာဏာနဲ့တင်ထိန်းလို့မရဘူး။ လူတွေရဲ့စိတ်ကိုပါ ဒီအာဏာရဲ့ အောက်မှာငြိမ်ငြိမ်သက်သက်နေအောင် Spiritual Leadership ပဲလိုတယ်။ Spiritual Leadership က ဘယ်သူလဲဆို  ဝါဟစ်က ဘာသာ ရေး ခေါင်း ဆောင်၊ အဲ့ဒီ ဘာသာရေးခေါင်းဆောင်တွေက ဘာကိုယုံကြည်သလဲ ဆိုလို့ရှိ ရင် Wahhabism  လို့ခေါ်တဲ့ စစ်မှန်တဲ့ဘာသာ    အစ္စလာမ်ဘာသာဆိုတာယုံကြည်ကြတယ်။ စစ်မှန်တဲ့ အစ္စလာမ်ဘာသာက တစ်ချိန်မှာ  Darussalam လို့ခေါ်တဲ့ငြိမ်း ချမ်းတဲ့ နယ်မြေကြီး ကို ထူထောင်ရမယ်။

အဲ့ဒီအချိန်ကဘာလဲဆိုတော့ အားလုံးဟာမွတ်စလင်တွေကြီးပဲဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီး ကငြိမ်းချမ်းသွားမယ်။ အဲ့လိုဖြစ်ဖို့အတွက်ကို တစ်ကမ္ဘာလုံးကို ဗိုလ်မှူးကြီးသန်းအေးပြောသလို တစ်ဘာ သာတည်းဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ Wahhabism ၊  အဲ့ဒီကနေပြီးတော့မှ ဘယ်လို ဆင်း သက်ပေါက်ဖွားလာလဲဆိုတော့  ဂျီဟတ်ဘာသာရေးစစ်ပွဲဆင်နွှဲ ရမယ်ဆို တာပါ လာတယ်။

အဲ့တော့  ဆော်ဒီအာရေးဗီးယားသည် ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အမေရိ ကန်နဲ့ လျှို့ဝှက်ပြီးတော့သဘောတူခဲ့တယ်။ အမေရိကန်သည် ဆော်ဒီအာရေးဗီးယားကို ကာ ကွယ်ပေး မယ်။ စစ်ရေးအရ ဆော်ဒီအာရေးဗီးယားသည် အမေရိကန်ကိုရေနံရောင်းမယ်။ သူတို့ အချင်းချင်းက အပေးအယူရှိတယ်။  ဒီမှာလည်းပဲ  အခုအနောက်အုပ်စုနဲ့ အမေရိ ကန်ဦး ဆောင်တဲ့ အနောက် အုပ်စုနဲ့ ဆော်ဒီအာရေးဗီးယားနဲ့က လက်တွဲလို့ရတယ်။  ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ Islamic Conference  အဖွဲ့အစည်းဟာ နှစ်စဉ် နှစ် တိုင်း ဒီလိုအစည်းအဝေးတွေခေါ်တယ်။ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ နောက်ဆုံး အခြေ အနေကျလို့ရှိရင် ဘယ်နေရာတွေမှာ  သူတို့ကူညီရမလဲ။ဘယ်နေရာတွေမှာ ဒီမွတ်စလင်တွေ ဖိနှိပ်ခံ နေရသလဲ။ ဖိနှိပ်ခံနေရတဲ့နေရာတွေကို သူတို့က ကူညီမယ်။ ဒီနည်းလမ်းနဲ့ပဲ ဘာဖြစ်သွားလဲ။ ကိုဆိုဗိုမှာ ဘော်စနီးယားမှာစစ်ဖြစ် တော့ ဘော်စနီးယားဟာစီဂိုးဗီးနားမှာမွတ်စလင်တွေဒုက္ခ ရောက်နေတယ်။ အဲ့တော့ CIA  နှင့် ဆော်ဒီ နဲ့ပေါင်းပြီး တဲ့အခါကျတော့ လက်နက် တွေ ခိုးသွင်းပေးတယ်။ အဲ့မှာ ဘော်စနီးယားမွတ်စလင်တွေအတွက်ကို လက်နက်တွေရဖို့ အတွက်ကို သူတို့နောက်ကနေထောက်ပံ့ပေးတယ်။ ကိုဆိုဗို   KLA   Kosovo  LiberationArmy ဆိုတာ ဟိုတုန်းကဆို နိုင်ငံတကာအကြမ်းဖက်စာရင်းထဲမှာ ထည့်ထားတယ်။  သို့ သော်ငြားလည်း  ဗမာပ ဖြစ်သွားတယ်။ နောက်ကနေ Support လုပ် တယ်။ အခု ကိုဆို ဗိုမှာ အာ ဏာရနေတာ သူတို့ပဲ တာချီဆိုတဲ့ပုဂ္ဂိုလ်  ဝန်ကြီးချုပ်ဖြစ်သွားတယ်။

အဲ့ဒီတုန်းက ခေါင်းဆောင်ပြောချင်တာကဒီနေရာမှာကျတဲ့အခါကျတော့ သူကညီညွတ်သွားတယ်။ ဒါဒုတိယအုပ်စု၊ တတိယအုပ်စုကဘာလဲ။  ကျွန်တော်တို့အဲ့ဒီကွက်ကွက် ကလေးဘင်္ဂ လားဒေ့ရှ် နှင့် မြန်မာနဲ့ကြားထဲကကွက်ကွက်ကလေးကစားနေတယ်။ တောင် အာရှနိုင်ငံရေး အရ အားလုံးသိတဲ့အတိုင်းပဲ၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယနှင့်ပါကစ္စတန်ကွဲသွားတယ်။ ဟိုးက တည်းက အိန္ဒိယနှင့်ပါကစ္စတန်သည် Base on the religious၊ဒီ Affiliation ပါကစ္စ တန်က အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူ၊ အိန္ဒိယက ဟိန္ဒူဘာသာကိုးကွယ်တဲ့သူဆိုပြီးတော့မှ Generally ဒါအကြမ်းဖျင်းခွဲထားတာ၊ ခွဲထားတော့ အားပြိုင်မှုက   တောက်လျှောက် ခုချိန် ထိအောင် ပါကစ္စတန်နဲ့ အိန္ဒိယကြားထဲမှာ စစ်ပွဲတွေခဏခဏဖြစ်တယ်။ လေးကြိမ် လောက် ရှိပြီဖြစ်ခဲ့တာ။ ခုချိန်ထိလည်း နယ်စပ်မှာတင်းမာနေတာပဲ။ အမြဲတမ်းဟိုဘက်နဲ့ဒီဘက်နဲ့လှည့် ဖြစ် လိုက် အထဲထဲဝင်လိုက်။ နောက်ဆုံးမဖြေရှင်းနိုင်သေးတဲ့ ပြဿနာကကက်ရှမီးယား၊ကက်ရှမီးယားက ဘယ်သူပိုင်လဲဆိုတာ ဘယ်သူမှဖြေရှင်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့  တစ် ဝက်စီ၊ ပထမအကြိမ် အိန္ဒိယ၊ ပါကစ္စတန်စစ်ပွဲပြီးကတည်းက တစ်ဝက်စီယူထားတာ။ The Line of Control (LoC) လို့လည်းခေါ်တယ်။ အဲ့ဒီမှာ Border မရှိဘူး။ မရှိတဲ့အခါကျတော့ အိန္ဒိယကလည်း ဟိုဘက်ကိုသူပိုင်တယ်လို့ ခုချိန်ထိ Claim လုပ်တယ်။ပါကစ္စတန် ကလည်းပဲ Azad ကက်ရှမီးယား ဆိုပြီးတော့မှ ကက်ရှမီးယားကို လွတ်လပ်တဲ့ နိုင်ငံလေး သက်သက် ထောင် ပေးမယ်။

သူတို့လက်ထဲမှာ သူတို့ကထိန်းချုပ်ထားမယ်။ဘာလို့လဲဆိုတော့ မွတ်စလင်တွေ ကို။အ တော့ ဘာတောင်း ဆိုလဲဆိုတော့ နိုင်ငံတကာဥပဒေအရလုပ်ပါ။ အဲ့ဒီ ကက်ရှမီးယားမှာနေတဲ့ ပြည် သူ လူထုရဲ့ဆန္ဒနဲ့ဆန္ဒခံယူပွဲလုပ်ပါ။ ဘယ်သူ့ဆီသွားချင်သလဲ၊  ဒါခွဲထွက် ရေးတုန်းက သူက တောင်းဆိုတာ။

ဒါပေမဲ့ အဲ့ဒီတုန်းက ပြဿနာက ကက်ရှမီးယားမှာက ဟိန္ဒူစော်ဘွား သူကအုပ် ချုပ်နေ တာ။အောက်က နယ်မြေလူထုကမွတ်စလင်အများစု၊ Plebiscite (ဆန္ဒခံယူပွဲ) လုပ်လိုက် လို့ရှိရင်  အကုန်လုံးကပါကစ္စတန်ဘက်ကပါမှာ။ အိန္ဒိယက လက်မခံဘူး။ ဘာကြောင့် လဲဆိုတော့ ကက်ရှမီးယားသည် အိန္ဒိယနိုင်ငံကိုနောက်ဖေးပေါက်ကဝင်လာဖို့ အကောင်း ဆုံး နေရာ ဘာကြောင့် လဲ ဆိုတော့ ကျန်တဲ့နေရာတွေက ဟိမဝန္တာတောင်ကြီးကာထားတာ။ အဲ့ဒီ  အနားမှာ  ကာရာကိုရမ်တောင်ကြားဆိုတာလည်းရှိတယ်။   အဲ့ဒီကနေပြီးတော့မှ ဝင်လာမယ် ဆိုလို့ ရှိရင် အိန္ဒိ ယနိုင်ငံကြီး နောက်ဖေးပေါက်ပွင့်သွားမယ်။ သူအဲ့ဒါကို ဘယ်လိုမှမပေး နိုင်ဘူး။ မပေးနိုင်တော့ အတင်းကိုပဲဆုပ်ကိုင်ထားတယ်။ အဲ့ဒါနဲ့ဒီပြဿနာက အခုထိ မပြီးနိုင် ဘူး။    ပြဿနာ မပြီးတော့ တင်းမာမှုများတယ်။  တင်းမာမှုများတော့ စစ်တို့ရဲ့သဘော တရားအရ   စစ်မျက်နှာကို ရန်သူရဲ့စစ်မျက်နှာကို ရှုပ်ထွေးသွားအောင်လုပ်ရတယ်။ ပါကစ္စတန်နိုင်ငံ အနေနှင့် အိန္ဒိယ နိုင်ငံ ရဲ့ အနောက်ဘက် စစ်မျက်နှာ ရင်ဆိုင်ထားရတဲ့အခါမှာ အိန္ဒိယကို အရှေ့ ဘက်မှာပါ ဒုက္ခပေးနိုင်အောင်ကြိုးစားလာတဲ့အခါမှာ အာသံ-မဏိပူရနယ်။ အဲ့ဒီမှာက သာမန် အိန္ဒိယ လူမျိုးတွေ နဲ့ မတူ တဲ့ မွန်ဂိုလွိုက်တွေရှိတယ်။ ချင်းတွေရှိတယ်။ နာဂတွေရှိတယ်။ကသည်းတွေရှိတယ်။ဒိုလိုရှိတယ်။ အကုန်လုံးက  သွားကြည့်လိုက်လို့ရှိရင်  ရုပ်ကလည်း မြန်မာ ရုပ်။ ရှမ်းရုပ်။ အဟုန် ဆို တာ ရှမ်းတွေ။ကသည်းတွေက ရှမ်းတွေ။ ဝတ်ထားတော့ ထဘီ။ ရင်ဖုံးအင်္ကျီနဲ့  မြန်မာပြည်ပြန်ရောက် နေသလား အောက်မေ့ရတယ်။ သူတို့ကလည်းသူတို့ရဲ့ သီးခြား Identity နဲ့ လွတ်မြောက်ရေးအတွက်ကို အဲ့ဒီမှာတင် သူပုန်ပေါင်း ၂၅  ဖွဲ့လောက်ရှိတယ်။  အဲ့ဒါတွေကို  ပါကစ္စတန် နိုင်ငံ ရဲ့ ISI  လို့ခေါ်တဲ့  (Inter-Services Inte-lligence) က နောက်ကနေ ထောက်ပံ့ပေးတယ်။

လက်နက် ခဲယမ်းတွေဘယ်ကရလဲဆိုတော့ ယိုးဒယားဘက်ကနေပြီးတော့မှ KNU  တပ်မဟာ (၄) နယ်မြေ ကိုဖြတ်။ ဖြတ်ပြီးတဲ့အခါကျတော့ မုတ္တမကွေ့ကြီးကိုဖြတ်ပြီးတော့မှ ဘင်္ဂ လားဒေ့ရှ် ရဲ့အဝ တက္ကနင်တင်ဂျောင်းကနေပြီးတော့မှပို့ပေးတယ်။ အဲ့ဒီနေရာလေးက ထွက်ရဖို့ အတွက်ကို  အင်မတန်နေရာကောင်းတဲ့နေရာဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ KNU ဟာ ကျွန်တော် တို့ ၁၉၉၄ လွန်နှစ်တွေမှာ တိုက်ပွဲတွေ အရမ်းဖြစ်တုန်းက သူတို့ဘက်ကို Pressure လျော့အောင်ဆိုပြီးတော့မှ RSO တို့ဘာတို့ကို လက်နက်တွေနောက်ကနေ ပံ့ပိုးပေး တာ ရှိတယ်။ အနောက် ဘက် စစ်မျ က်နှာကိုဖွင့်တယ်။ ဒါမျိုးတွေက အများကြီးရှိတယ်။ ပြောရင်ပြော လို့မပြီးနိုင်လောက်ဘူး။

ဆိုလိုတဲ့သဘောကတောင်အာရှနိုင်ငံရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးက ဘယ်လိုလဲဆိုတဲ့ အခါကျ တော့ အုပ်စုနှစ်စုကွဲတယ်။ တစ်စုကသူတို့ကိုယ်သူတို့ ဘင်္ဂါလီလို့ခံယူတယ်။ဘင်္ဂါလီ ချင်းတူတဲ့ အိန္ဒိယနဲ့ပေါင်းချင်တယ်။ ရှိတ်မူဂျီဘာရာမန်တို့အုပ်စုပေါ့။ အခုဝန်ကြီးချုပ်ရဲ့အဖေ။လုပ်ကြံခံရပြီးသေသွားတာ။ နောက်တစ်အုပ်စုကျတော့ ပါကစ္စတန်ဘက်ကိုသွားတာ။ သူက  ပိုပြီး တော့မှ ဘာ သာရေးနွယ်တယ်။ ပါကစ္စတန်လည်းပဲ မွတ်စလင်။ အိန္ဒိယက ဟိန္ဒူ။ လူမျိုးချင်း တူပေမယ့်  အိန္ဒိယနဲ့မပေါင်းဘူး။

ပါကစ္စတန်နဲ့ပေါင်းမည်ဆိုတဲ့အဖွဲ့။ ဒါ BNP ခါလေဒါဇီယာတို့အဖွဲ့။ အဲ့ဒီအဖွဲ့က ဒီအဘွား ကြီး တွေကိုက ဘင်္ဂါလီစကားနဲ့ ဘီဂန်းလို့ ခေါ်တယ်။ လေဒီပေါ့။ ဆိုတော့ အမြဲတမ်း ဘင်္ဂ လား ဒေ့ရှ်ရဲ့ Politics  နဲ့ပြောရရင်  အဘွားကြီးနှစ်ယောက်ရဲ့စစ်ပွဲပေါ့။ အခုအချိန်အထိ အဘွားကြီးနှစ်ယောက်ရဲ့ စစ်ပွဲကမပြီးသေးဘူး။မပြီးသေးတော့ဘာဖြစ်သလဲဆိုတော့ ဘင်္ဂလားဒေ့ရှ် ကို ဘယ်သူကအုပ်စိုးနိုင်မလဲ။ ဘင်္ဂလားဒေ့ရှ် ကိုအုပ်စိုးနိုင်တဲ့သူက အိန္ဒိယရဲ့အရှေ့ဘက် နယ်မြေ တွေကို ကိုင်ထားလို့ရတယ်။ ဒါကြောင့်မို့ ဘင်္ဂလားဒေ့ရှ်ကို အကုန်လုံးကဝင်ပြီးတော့ မွှေနေတဲ့ အခါ မှာ ISI သည် ဘင်္ဂလားဒေ့ရှ်ထဲမှာ ဒါ့ကြောင့်မို့လို့ ဗိုလ်မှူးကြီးသန်းအေး   ပြောသွား တဲ့ထဲမှာ နောက်ကွယ်က ISI တွေပါနေတယ်ဆိုတာက  ဘာအကျိုးစီးပွားလဲဆို တာကျွန် တော်ပြောပြ မယ်။ ဒါလေးတွေကိုမြင်မှ ဒါအခုတက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်ကြီး တွေက ဒီအဆင့် ကိုမြင်နိုင် ရမယ့် အဆင့်တွေဖြစ်လာမယ်။ ဒါကြောင့်မို့လို့ ဒါကိုကျွန်တော် ပြောပြ တာဖြစ်ပါ တယ်။ တောင်အာရှဘာသာရေးကို အင်မတန်ပိုပြီးတော့မှနီးစပ်ပြီးတော့  ပိုအား ထားရတဲ့ အတိုက် အခံ ဘက်က အခုဆိုရင်  (ရှိတ်ခ်ဟာဆီနာ)သည် ဝန်ကြီးချုပ် သက် တမ်း သုံးဆက် ရှိသွားပြီး  တော်တော်လေးလည်းပဲ သူ့လက်ထက်မှာ ဘင်္ဂလားဒေ့ရှ် စီးပွား ရေးတောင့်အောင်လုပ်ပေးနိုင်တယ်။ IT တွေ ပျံ့နှံ့သွားအောင် လုပ်ပေးနိုင်တယ်။ လူတွေက  တော် တော် သဘော ကျ တယ်။ရှေ့ဆက်ပြီးတော့ လည်းနောက်လာမယ့် ရွေးကောက်ပွဲမှာလည်းသူပဲနိုင်ဖို့များတယ်။ အ ဘွားကြီး။ ဒါအနားမယူမချင်းပေါ့လေ။ ဒါပေမဲ့လည်း သူမကွယ်လွန်မချင်းပေါ့လေ။

ဆိုတော့ နှစ်ပါတီ  Bi  Party  Politics မှာ တစ်ပါတီကပဲ ဆက်ပြီးတော့ရှိနေတယ်ဆိုရင် ကျန် တဲ့ပါတီက အာဏာရအောင် ပါလီမန်စနစ်နဲ့ဒီမိုကရေစီစနစ်နဲ့လုပ်လို့မရဘူးဆိုရင် ဘာနဲ့လုပ် မ လဲ။ ရိုးရိုးလေးပဲ။ ထိန်းမရအောင်လုပ်။ တိုင်းပြည်ကို ထိန်းမရအောင်လုပ်မယ်။ ထိန်းမရ အောင် လုပ်ပြီးလို့ရှိရင် ရတဲ့နည်းနဲ့အာဏာကိုယူသွားမှာပဲ။ ထိန်းမရအောင်လုပ်ဖို့  ဘာလုပ်ဖို့ လိုလဲ။  အခုခေတ်စားနေတဲ့ အကြမ်းဖက်။ ဘာကြောင့်မို့ အကြမ်းဖက်တွေက  ဒီဘက်ကို  အာရုံ စိုက်လာသလဲ။

ဒါနောက်ဆုံး Factor ပေါ့။ ဒီဟာတွေဟာ ဒီမှာလာပြီး ပေါင်းစုနေတာကို ကျွန်တော်တင်ပြ တယ်။ အပြင်ဘက်က Factor တွေလာပေါင်းနေပြီဆိုတာ  တင်ပြတယ်။  အကြမ်းဖက်က ဘယ် လိုဖြစ် သလဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ မူလအစက ဘာသာရေး နဲ့စတယ်။ Islamic Brotherhood အဖွဲ့။ အီဂျစ်မှာစခဲ့တဲ့အဖွဲ့တွေ။ တချို့ကျတော့   Islamic Brother-hood က သိပ်ပျော့ လွန်းအားကြီးတယ်ဆိုပြီး မာချင်တဲ့သူတွေက  အဲ့ဒီက ခေါင်းဆောင် တွေ ကပဲ   သူကမာမယ့်သူရှာတဲ့အခါမှာ  အယ်ကိုင်ဒါဖြစ်လာတယ်။ 

အယ်ကိုင်ဒါတွေကို  ဘယ်သူကအားပေးသလဲဆိုတော့ အမေရိကန်ကအားပေးခဲ့တယ်။ အယ် ကိုင်ဒါ  မတိုင်ခင်တုန်းက   အာဖဂန်နစ္စတန်မူဂျာဟစ်လို့ခေါ်တယ်။အာဖဂန် နစ္စတန် အာရပ် လို့ ခေါ်တယ်။ ဒီအရှေ့အလယ်ပိုင်းမှာရှိတဲ့ အာရပ်တွေကို    အာဖဂန်နစ္စတန်မှာ သိမ်းပိုက် ထားတဲ့ ဆိုဗီယက်တပ်တွေကိုတိုက်ဖို့အတွက် CIA ကနေ ပိုက်ဆံပေးပြီး တဲ့အခါ ကြ တော့  Train လုပ်ပေးတယ်။ွှ  Train  လုပ်ပေးပြီးတော့မှ ဖောက်ခွဲရေးနည်းလမ်းတွေကို သင် ပေး လိုက်တယ်။ လူတွေကိုပို့ပေးလိုက်တယ်။ အဲ့ဒါကိုတာဝန်ခံပြီးပို့တဲ့သူက အိုစမာဘင်လာဒင်ပဲ။ အိုစမာ ဘင်လာဒင်က အဲ့ဒီမှာ သွားတိုက်ပြီးတဲ့အခါ အယ်ကိုင်ဒါရဲ့အမည် အယ် ကိုင်ဒါ ရဲ့နာမည်ကို The Camp စခန်း။ တပ်စခန်းပဲ။ အာဖဂန်နစ္စတန်မှာနေခဲ့တဲ့ တပ်စခန်းပဲ။ ဒါကြောင့် မို့လို့ သူပြေးရတဲ့အခါကျတော့ အာဖဂန်တွေက သူ့ကို ကျေးဇူး တင်လွန်းလို့ ဆိုပြီး တော့ အိုစမာဘင်လာဒင်ကို အာဖဂန်နစ္စတန်မှာထားထားတယ်။ ဒါကို အမေ ရိကန် ကနေပြီး  ဗုံးခွဲခံရတဲ့ အခါကျတော့  World Trade Center ဗုံးခွဲခံရတဲ့အခါကျ တော့ ဒါအယ် ကိုင်ဒါ လက်ချက်ပဲ။ အိုစမာဘင်လာဒင်  အဲ့ဒီမှာရှိတယ်ဆိုတာသိတယ်။ မင်းတို့ ထုတ် ပေး။ မင်းတို့ ထုတ်ပေး ရင် မင်း တို့ သက်သာမယ်။ ဟိုကသူတို့ရဲ့ဘာသာထုံးစံ အရ သူတို့ရဲ့ ဧည့်သည်။

သူတို့ရဲ့ကျေးဇူးရှင်ကို ထုတ် မပေးဘူး။ ထုတ်မပေးနိုင်ဘူး။ ဒါကြီးမား တဲ့အပြစ်ဖြစ်တယ်။ မထုတ်ပေးရင် မင်းတို့ပါချမယ်ဆိုတဲ့အခါကျတော့ အကုန်လုံး အာဖဂန်နစ္စတန်မှာ ၂ဝဝ၁ ခုနှစ်မှာ ဘာဖြစ်လို့လဲဆိုတော့ တွယ်ဖို့ကလည်းလိုနေပြီ။နယူးယောက်မှာ အကြီးအကျယ် ကိုပျက်စီးသွားပြီ လူပေါင်း ၃ဝဝဝ လောက်သေသွားပြီဆိုတဲ့ အခါကျတော့ အမေရိ ကန်လို ကမ္ဘာ့စူပါပါဝါကို လာပြီးတော့ မှ နားရွက်ကိုတံတွေးဆွတ်တာပဲဆိုတော့ ဒါပေးကိုပေးမှရမယ့် ပညာ။ အဲ့မှာ ဝင်တိုက်တာပဲ ။ အဲ့လိုမျိုး။ အဲ့လိုဝင်တိုက်တဲ့အချိန်မှာ အဲ့ဒီကတည်းက ကျွန် တော် တို့ ဒီဘက် မှာ ရှိနေတဲ့  RSO တွေ။ ဟိုမှာဝင်တိုက်နေကြပြီ။ တာလီဘန်ဘက်ကနေ သူတို့ဝင်တိုက်မယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝဝ ပြည့်နှစ် မတိုင်မီ ၁၉၉ဝ၊  ၁၉၈ဝ ပတ်ဝန်း

ကျင်လောက် ကတည်းက အဲ့ဒီတုန်းကစွာနေတာက  ကဒါဖီက စွာနေတာ။ လစ်ဗျား Trainers တွေက တစ်လောကလုံးမှာရှိနေတဲ့ Terrorrist တွေကို သူတို့အားပေးပြီးတော့မှ လိုက်မြှောက် ပေးနေ တယ်။ ဖိလစ်ပိုင်ပါတယ်။ အင်ဒိုနီးရှားပါတယ်။ မြန်မာနိုင်ငံလည်းပါတယ်။ အဲ့ဒီက တည်း က ပါကစ္စတန်မှာ ဆက်သွားနေကြတဲ့ ဘာသာရေးသွားသင်နေကြတဲ့ ဘင်္ဂါလီတွေဟာ ဟိုမှာ ဘယ်သူနဲ့တွေ့လဲဆိုတော့   ပါကစ္စတန်မှာက Arabic University ရှိတယ်။ အာရှ-ပစိ ဖိတ်မှာ ဆော်ဒီအာရေးဗီးယားက ထောင်ထားပေးတဲ့ Arabic University က နှစ်ခုရှိတယ်။ တစ်ခုက ပါကစ္စ တန် မှာ တစ်ခုက မလေးရှားမှာ။ ပါကစ္စတန်ကိုရောက်သွားတဲ့ ဘင်္ဂါ လီတွေသည် အစောကပြောတဲ့ တာလီဘန်ဖြစ်လာမယ့်ကျောင်းသားတွေ တာလီ ဘန် ဆိုတာက သူတို့ အရွယ်လေးတွေ က ကျောင်းသားဆိုတော့ အဲဒီကျောင်းသား တွေနဲ့သွား ပေါင်းပြီး အစတည်းက သူတို့သူငယ်ချင်းတွေကပါ ဝင်တိုက်နေတယ်ဆိုတော့ အမေရိကန် ကဖမ်း မိတဲ့ တာလီဘန်တွေ ထဲမှာ ဘင်္ဂါလီတွေပါနေတယ်။ ပါနေတဲ့အခါကျ စစ်လိုက် တဲ့ အခါကျတော့ ဘင်္ဂါလီတွေကမြန်မာပြည်ကလာတယ်ဆိုတာကျတော့ သေချာမေးကြည့်တော့  မင်းတို့ ဘယ်ကနေ လာလဲ ဆိုကာ ကျတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်စခန်းတွေနဲ့နေနေတာ အဲဒီတော့ RSO ကလည်း မြန်မာနိုင်ငံမှာ  လှုပ်ရှားနေတဲ့ အချိန်ပေါ့ အဲဒီအခါကျတော့မှ အမေ ရိ ကန်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုး ရကို ဖိအားပေးတယ်။   မင်းတို့ဒီကောင် တွေကို မထားနဲ့တော့ ငါတို့ကိုတိုက်နေတဲ့ကောင်တွေဆိုတော့ အဲဒီမှာ တစ်ဖြတ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီဘင်္ဂါလီ လက် နက်ကိုင် လှုပ်ရှား မှု ဘာကြောင့်ပေါ်ပေါက်လာလဲ။ Brief  back-ground ဆိုပေမယ့်လည်း  ကျွန်တော်နည်းနည်းလောက်ပြောမယ်၊ အားလုံးကိုနားလည် သaဘာ ပေါက်အောင်   ပြောရ တဲ့ အတွက်  နည်း နည်းလေးအချိန်ယူပြီးတော့ ပြောပါမယ်။

မူလ တုန်းက ကျွန်တော်ပြောခဲ့သလိုပဲ သူတို့ဟာ အရှေ့ပါကစ္စတန်နဲ့ပေါင်းချင်တာ၊ ပေါင်းလို့ မရတော့ ဘူးဆိုတဲ့အခါမှာ  ပေါင်းမရရင် ခွဲထွက်ဖို့ပဲရှိတော့တယ် အဲတော့သူတို့က ဘာ တောင်း ဆိုလဲဆိုတော့ ဒီနတ်မြစ်နဲ့ကုလားတန်မြစ်ကြားထဲက နယ်မြေကို သူတို့နယ်မြေပေးပါ။ မြန်မာနိုင် ငံထဲမှာရှိတဲ့ မွတ်စလင်တွေရဲ့ဒေသအဖြစ် သတ်မှတ်ပေးပါ အဲတော့ ဒီမူဂျာဟစ် လှုပ်ရှားမှုပေါ့နော် အဲတော့ အဲဒီမှာပါခဲ့တဲ့ လူတွေကိုလည်းပဲ ထောင်ထဲမထည့်ပါနဲ့ အကုန်ပြန် လွှတ်ပေးပါ သူတို့ကို သီးခြားပါတီအဖြစ်နဲ့  မူဂျာဟစ် ပါတီဆိုပြီးတော့မှ  ပါတီထောင်ခွင့်ပေးပါ Autonomy တောင်းတာပေါ့နော်။ ဆိုတော့  Autonomy   ရသွားတော့ ဘာဖြစ် သွား မလဲ အဲဒီ အချိန်မှာ  သူတို့ရဲ့ လူဦးရေက ၉ဝ ရာခိုင်နှုန်း ကျော်နေပြီ၊ Autonomy   ရတော့ ဘာဖြစ် သွား မလဲ ရခိုင်ရွာပေါင်း ၁ဝဝ ကျော်လောက်က  လုံးလုံးလျားလျားပျက်သွားမယ် နောက် ထပ် ၁ဝဝ လောက်က အများကြီးအထိနာပြီး    အကုန်ပြေးကုန်ကြလိမ့်မယ်။ အဲဒီ အချိန် မှာ  စာရေး ဆရာကြီး မောင်ထင်က လွတ်လပ်ရေး ရပြီးခါစတုန်းက ရခိုင်ပြည်နယ် မှာအထူး ကော်မရှင်နာ အထူးတိုင်းမင်းကြီးအနေနဲ့ရောက်ခဲ့တာ သူရေးတဲ့ဆောင်းပါးရှိတယ်။ အဲတော့ ဘာမှမ ကျန်တော့ဘူး၊ ဘုရားပျက်ကျောင်းပျက်ကလွဲလို့ ဘာမှမကျန်တော့ဘူး။ ရွာပျက် က လွဲပြီး  ဘာမှမကျန်တော့တဲ့အချိန်မှာ သူတို့ကဒါကိုလုပ်မယ်။  ပြီးရင် ဘာဖြစ်မလဲ၊ ကိုဆို ဗိုလိုလုပ်တော့မှာဆိုတော့ ဒါကိုလက်မခံနိုင်တော့ဒီအစိုးရလက်မခံနိုင်တဲ့ အချိန် မှာအုံကြွ တယ်၊ အုံကြွတဲ့အခါကျတော့ ခုဖြစ်နေတဲ့ပြဿနာမျိုး ပြန်ဖြစ်တာပေါ့၊ ဆိုတော့ အဲဒီ အနေ အထားကနေပြီးတော့မှ စစ်ရေးလှုပ်ရှားမှုကို ၁၉၇ဝ ပြည့်နှစ်လွန်ကနေစပြီးတော့မှ ၁၉၈၂ ခုနှစ်မှာ RSO အဖွဲ့ ဖွဲ့ပြီးတော့ နောက်ကလည်း ထုံးစံအတိုင်း ထောက်ပံ့တယ်။   အဲဒီ ထောက် ပံ့ငွေကို လုရင်းနဲ့  RSO နှစ်ပိုင်းကွဲသွားတယ်။ ဒီဟာပဲ မစ္စတာလိုက်ဒါပြောတဲ့ ARF (Arakan Rohingya Independence Fund) အဲဒီတော့သူတို့နှစ်ယောက်ကြားထဲမှာ ပုဂ္ဂိုလ် ရေး၊ ဘဏ္ဍာရေး အာဏာပြိုင်မှုတွေရှိ သလိုပဲ Ideology မှာလည်း အယူအ ဆကွဲ တာတွေ ရှိတယ်။ တစ်ဖွဲ့က RSO သူက Autonomy ဆိုတော်ပြီ။ အလယ်သံကျော် ကြေညာ ချက်လိုပဲ Autonomy  ဆို ရပြီ။ ဒါပေမဲ့ ARF  ကမရဘူး။ Arakanistan ရခိုင်တစ်ခုလုံးကို သီးခြား နိုင် ငံထောင်ချင်တာ။

မွတ် စလင် နိုင်ငံထောင်ချင်တာဆိုတော့ အဲဒီမှာတင် သူတို့အချင်းချင်းကွဲပြီးတော့မှ မတည့် ဘူး။ အဲဒီတော့ ဆော်ဒီအာရေးဗီးယားက အတင်းပေါင်းစည်းဖို့ မင်းတို့ မပေါင်းရင် ပိုက်ဆံ မပေးဘူး။ အဲတာနဲ့ပဲပေါင်းလိုက်တယ်။

 Arakan Rohin-gya National Organization(ARNO) ဆိုပြီးပေါ်လာတယ်။ ပေါ်လာ ပေမယ့်လည်း ကြာကြာမခံဘူး။ သူတို့က သုံးဖွဲ့ဖြစ်သွားတယ်။ အဲဒီတော့  ဘယ်လိုမှဆွဲစိ လို့မရတဲ့ အခြေအနေမျိုးမှာ အစောကပြောတဲ့ ပြဿနာတွေဖြစ်တယ်။ သူတို့နေစရာဘုံ ပျောက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကို အမေရိကန်က ဖိအားပေးတယ်။

အဲဒီတော့ သူတို့လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပါတယ်ဆိုတဲ့ ကြေညာချက်နဲ့ပုန်းစရာ၊ ပြေး စရာ၊ ခိုစရာ နေရာရှာတဲ့အခါ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်နယ်စပ် ထိုင်းနယ် စပ် မှာ ပြည်ပြေးအုပ်စုတွေ၊သူပုန်တွေဟာ Democratic Alliance of Burma (DAB) ဆိုပြီး တော့ မှဖွဲ့ထားတယ်။ အဲဒီအဖွဲ့ဆီကို ပြေးကပ်တယ်။ အဲဒီပြေးကပ်ကတည်းက ပွဲစားက ဘယ် သူလဲ ဆိုတော့ ကျောက်ဟန်ညောင်ဝေ။ ကျောက်ဟန်ညောင်ဝေက ဘယ်သူ့ အကူ အညီနဲ့သွားလဲဆိုတော့ ပြည်ပြေးကိုအေးဆောင်ဆိုတာ သူက DAB မှာ အဲဒီတုန်းကြွှီဃ ဆိုပြီး တော့မှ ထိုင်းနယ် စပ်ပူးပေါင်းဆောင် ရွက်ရေး  ကူညီရေးအသင်းဆိုပြီးတော့မှ ဖွဲ့ထားတာ ရှိတယ်။

NGO/INGO။ကိုအေးဆောင်ရဲ့ အမျိုးသမီးက ဗြိတိသျှ အင်္ဂလိပ်မ။ အဲဒီကနေ ပတ်ပြီးတော့မှ သူကဝင်သွားတယ်။ ပြီးတော့  DAB သူတို့တင်ပြတယ်။ သူတို့ဝင်ပါရစေ။သူတို့နေပါရစေ။ ဖြစ်နိုင် ရင် လက်နက်ကိုင်နဲ့ရွှေ့ချင်တာ။သို့သော်အဲ့ဒီမှာပါနေတဲ့ရခိုင်အဖွဲ့အစည်းက ALP တို့ ဘာ တို့ ကလုံးဝလက်မခံဘူး။

ဒါ ဘင်္ဂါလီဆို တာ။ ရိုဟင်ဂျာဆိုတာ သူတို့ဆီမှာ မရှိဘူး။  မြန်မာနိုင် ငံသား လည်း မဟုတ်ဘူး။ လက်မခံနိုင်ဘူးလည်းဆိုတော့လက်ခံလို့မရဘူး။   အဲ့ဒီတော့ ဘာဖြစ် သွား လဲဆိုတော့ Observers Status  ပဲရသွားတယ်။ နေလို့မရဘူး။ နေလို့မရတဲ့အခါကျတော့ ဘယ် ကိုပြောင်းသွားလဲဆိုတော့ နိုင်ငံရေးလမ်းကြောင်းကို    ပြောင်းမှဖြစ်တော့ မယ်ဆိုပြီး တော့ နိုင်ငံရေး လမ်းကြောင်း ကို ပြောင်းဖို့ကြိုးစားတယ်။ ကြိုးစားတဲ့အခါကျတော့  ရှိနေတဲ့ RSOတို့၊ ARSO တို့ဆိုတာ လက်နက်ကိုင် Militants အဖွဲ့အစည်းတွေဖြစ်တဲ့အခါကျတော့ သူတို့ ရဲ့ပုံရိပ် ကမကောင်း ဘူး။ မကောင်းတော့အပြင်မှာရောက်နေတဲ့ ဘင်္ဂါလီတွေ။ အဖွဲ့ အစည်း တွေ အကုန်လုံးစုစည်းပြီးတော့မှ တစ်ခုတည်းသော  Arakan Rohingya Council (ARC)  ဆိုပြီးတော့မှ ဖွဲ့မလို့ ဆိုပြီးတော့မှ ကျောက်ဟန်ညောင်ဝေက အဲ့ဒီနောက် ပိုင်းက စပြီးတော့မှ  ကြိုးစားတာ။

၂ဝဝ၆ ခုနှစ်မှာ  ထိုင်းနိုင်ငံချူလာလောင်ကွန် တက္ကသိုလ်မှာ အစည်း အဝေး ကျင်းပတယ်။အဲဒီဘင်္ဂါလီအဖွဲ့တွေ အကုန်လုံးလာတယ်။ ညှိတယ်။ မရဘူး။ တစ် ယောက် နဲ့တစ်ယောက်က ထုံးစံ အတိုင်းပဲပေါ့။ကွဲနေကြတယ်။ စကာစကတော့ ဂျပန်ဘက် ကရောက် နေတဲ့ဘင်္ဂါလီတွေကို အားကိုးရမယ်။ သို့သော် ဘယ်လိုမှမရ။ တဖြည်းဖြည်းနဲ့သူတို့ အဲ့ဒါကို မရမက ကြိုးစား တယ်။ ဘာကြောင့် လဲဆိုတော့ သူက OIc ဂျက်ဒါနဲ့အဆက် အသွယ်ရှိတယ်။

OIc က ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကျောက်ဟန်ညောင်ဝေသူ့ကိုလုပ်ငန်းအပ်လိုက်တာ။ ပြန့်ကွဲနေတဲ့ဘင်္ဂါလီအုပ်စုတွေ တစုတစည်းတည်းဖြစ်အောင် နိုင်ငံရေးအရ၊ အုပ်စုတစ် စုဖြစ်အောင် လုပ်ပါဆိုပြီးတော့မှ အဲ့တော့ ၂ဝဝ၆  ခုနှစ်ကစပြီး ကြိုးစားလိုက်တာ ၂ဝ၁၁ ခုနှစ် ရောက် လာတဲ့အခါကျတော့ မြန်မာနိုင်ငံမှာပါလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့    နိုင်ငံ အသစ် က ထူထောင်တော့မယ်။ရွေးကောက်ပွဲ ဒီနေရာမှာသူက Political entity (နိုင်ငံရေး) လိုလာတယ်။

လိုလာတဲ့အခါကျတော့ အဲ့ဒီတွန်းအားကြောင့်မို့လို့ စုစည်းမိသွားပြီး တော့ ARU လို့ခေါ်တဲ့ Arakan Rohingya Union ဆိုတာကို ဂျက်ဒါမှာ ဥှုဃ နဲ့ကျောက်ဟန်ညောင်ဝေရဲ့ Euro-Burma Office နဲ့တွဲပြီးတော့မှ စပွန်ဆာလုပ်ပြီးတော့မှ ဖွဲ့စည်းနိုင်တဲ့အနေအထားရှိပါတယ်။ အဲဒီ မှာ ဓာတ်ပုံလေးတစ်ခုတောင်ပါသေးတယ်။ ဒီမှာဒါသူတို့ဖွဲ့စည်းတဲ့ အခမ်းအနား ပါ။အဲဒီ တော့ အဲဒီမှာ အတွင်းရေးမှူးချုပ်က ဘယ်သူဖြစ်လာလဲဆိုတော့ မစ္စတာဝါကာအူဒင်၊ မစ္စ တာ ဆက်ကေ ကပြောသွားတယ်။

မစ္စတာ ဝါကာအူဒင်က အမေရိကန် cultural Pathologist စိုက်ပျိုးရေးဗေဒပါရဂူ ဆိုပေမယ့် စိုက်ပျိုးရေးဘွဲ့ကိုရေဆင်းတက္ကသိုလ်က ရသွားတယ်။ အဲ့ဒီခေတ်တုန်းက ဘင်္ဂါလီတွေက သုံးခေါက် ချိုးမှတ်ပုံတင်တွေရထားတယ်။ ဟိုးတုန်းတည်းကရှိခဲ့တယ်။ အဲ့ဒီတော့ ကျွန်တော် လည်း စိုက်ပျိုးရေးတက္ကသိုလ်ကနေပြီးတော့မှ တပ်ထဲရောက်လာတယ်။ သူက ကျွန်တော်တို့ ထက် နှစ် နှစ်လောက်နောက်ကျတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးတက္ကသိုလ် မန္တလေးမှာပဲ ရှိသေးတယ်။

အဲ့ဒီတော့ အဲဒီကနေပြီးတော့မှ သူကဘင်္ဂလားဒေ့ရှ်ကို ရောက်တယ်။ဘင်္ဂလားဒေ့ရှ် ကနေပြီး တော့မှ အမေရိကန်ကိုထွက်သွားပြီးတော့မှ အမေရိကန်မှာ ဆက်ပြီး တော့မှ    Doctorate တွေ တက်ပြီးတော့မှ   အမေရိကန်နိုင်ငံသားအဖြစ်ခံယူတယ်။

အဲဒီတော့ ဘင်္ဂါလီတွေထဲမှာအကြမ်းဖက်နဲ့  မပတ်သက်တဲ့ အမေရိကန်ဖြစ်နေတဲ့ဘာပဲပြောပြော ပညာအရည် အချင်းကလည်းထိပ်တန်းရှိတဲ့ လူတစ်ယောက်ကို ရွေးချယ်လိုက်ခြင်းအားဖြင့် ကမ္ဘာမှာ အပြကောင်းတယ်။ သူ့ကို နိုင်ငံတကာ အထူးသဖြင့် ဥရောပသမဂ္ဂတို့ဘာတို့နဲ့ ကုလသမဂ္ဂနဲ့ စသည်ဖြင့် ဆက်ဆံဖို့အတွက် ချိတ်ပေးမယ့် ကွန်ရက်ကလည်းရှိပြီးသား ပိုက်ဆံကလည်း အလုံ အလောက်ရှိပြီးသားဆိုတော့ အဲဒီမှာလည်း သူ့ကိုတင်လိုက်ပြီး တဲ့နောက်ပိုင်းမှာ အကုန် လုံးကို ဖြန့်ကြက်တော့ တာပဲ။ အဲ့ဒီမှာတင်  ကျွန်တော်တို့ရဲ့  Image က စပြီးတော့မှ ထိ ခိုက်နေတယ်။

သို့သော် တစ်ဖက်ကပြန်ကြည့်တော့ RSO ကို ARF လူထုအစ္စလာမ်တို့ ဘာတို့က အသက် ကလည်းကြီးလာပြီ။ အခုကျမှဒီတစ်သက်လုံးလက်နက်ကိုင်ပြီး တိုက်ပွဲဝင်လာတာ။ အခုကျမှ နှပ်ပစ်ခံရတော့မှာလား။ နောက်မှပေါ်တဲ့ ရွှေကြာပင်ကနေရာတက်ယူ။ ပိုက်ဆံ တွေလည်း ဒလဟော ဝင်နေပြီ။ ဝါကာအူဒင်တောင်မှ သူ့သားကို ဒုတိယခေါင်းဆောင်နေရာ ကို ထားပြီးတော့မှ ဌာနချုပ်ကို သူ့မြေအောက်ခန်းမှာထားပြီးတော့မှလှုပ်ရှားနေတာ။ ရှိသမျှဝင်ငွေ တွေကို သူ့ဆီကိုသပိတ်ဝင်အိတ်ဝင် သူ့ဆီကိုရောက်ကုန်ပြီဆိုတဲ့အခါမှာ ကျန်တဲ့ သူတွေ ကမကျေနပ်တော့ဘူး။ အထူးသဖြင့် လူထုအစ္စလာမ်တို့ ဘာတို့ကမကျေနပ်တော့ဘူး။ မကျေနပ်တော့တဲ့အခါမှာ သူကအဲဒီဘက်ကနေတက်တက်ကြွကြွမပါတော့ဘဲနဲ့ သူတို့ ဘာ သူတို့နောက်ကြောင်း ကိုပြန်လှည့် လာပြီးတော့မှ ဘာလုပ်လဲဆိုတော့ လူအရင်စုတယ်။ ဘယ် လိုစုသလဲဆိုတဲ့အခါကျတော့ စစ်တကောင်းတက်ကနက်မှာ ဘာသာရေးကျောင်း ထောင် တယ်။ ဗလီနဲ့ ဘာသာရေးကျောင်းထောင် တယ်။

RSO ဟောင်းတွေ၊ ခေါင်းဆောင်တွေ အဲဒီမှာထားလိုက်တယ်။ ထားပြီးတော့မှ ဘာသာရေး သင်ကြား သလိုလိုနဲ့ စစ်တကောင်းတစ်ဝိုက်မှာရှိနေတဲ့ မြန်မာပြည်ကပြေးလာတဲ့ဘင်္ဂါလီတွေ၊

အဲဒီ အချိန်မှာ ဘင်္ဂါလီတွေက တရားဝင်ဘင်္ဂလားဒေ့ရှ်မှာရှိနေတာ စာရင်းအရနှစ်သောင်း လောကfပဲ ရှိတယ်။ စာရင်းအရ ကျွန်တော်တို့ပြန်မခေါ်သေးတာ။ သူတို့လည်းပြန်မလာချင် တော့ ဘူး။ ဘာကြောင့် လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာ အပြင်ထွက်ပြီးအလုပ်လုပ်လို့ရသွားပြီ။ ဆော်ဒီ အာရေးဗီးယားတို့ ဘာတို့မှာ ဘင်္ဂလားဒေ့ရှ်ပတ်စပို့နဲ့  ထွက်လို့ရနေပြီ။

နောက်တစ်ခုကစစ်တကောင်းမှာ စီးပွားရေးဇုန်တွေထောင်ပြီးတော့မှ အထည်ချုပ် စက်ရုံ တွေ၊ အဲဒီမှာ အဲဒီဒုက္ခသည်တွေက ဟိုမှာသွား  အလုပ်လုပ်လို့ရနေပြီ။ အဲဒီအထည် စက်ရုံ တွေက လည်း ဒီဒုက္ခ သည်ဆိုတဲ့ဘင်္ဂါလီတွေကို ဈေးသက်သက်သာသာနဲ့ရလို့ အလုပ်ပေးချင်တယ်။

အဲဒီတော့ သူတို့အချင်းချင်းထဲမှာပဲ ရှိရင်းစွဲစစ်တကောင်းနဲ့ မြန်မာပြည်ကလာတဲ့ဘင်္ဂါလီနဲ့က အဆင်မပြေကြတော့ဘူး။ အဲဒီအချိန်မှာ ဒီကျောင်းထောင်ပြီးတော့မှ လေ့ကျင့်ခန်း တွေ၊   Training  တွေ၊ သဘောတရားတွေကို သွတ်သွင်းပေးလိုက်တယ်။ ဘာသာရေးအစွန်းရောက်သဘောတရားတွေကို  သွတ်သွင်း ပေးလိုက်တယ်။

အဲဒီကနေပြီးတော့  ၂ဝ၁၂   ခုနှစ် ပြဿနာလည်းဖြစ်ရော  ဒီလူတွေအကုန်လုံးက Militant အုပ် စု ထဲမှာ သူတို့ကိုTraining လုပ်ပေးလာတာတွေတွေ့ရမှာပါ။ ဒါ ၂ဝ၁၂ ဖြစ်တဲ့ဖြစ် စဉ်တွေ ပေါ့။ဒါ Current Sit-uation ပါ။ အဲဒီတော့ Training လုပ်ပေးတာ အားလုံး လည်းသိတဲ့ အတိုင်းပဲ။ ကျွန်တော်တို့ ၂ဝ၁၂ ဖြစ်စဉ်ရဲ့နောက်ပိုင်းမှာဘာဖြစ်သွားလဲ။ ကျွန်တော်တို့  Border  ခြံစည်းရိုးလုပ်တဲ့ BE က စစ်သည်သုံးယောက်ကို အဲဒီ Training လုပ်ထား တဲ့ အဖွဲ့ အစည်းက RSO က ဖမ်းမိသွားပြီးတော့ နောက်ဆုံးလည်လှီးပြီးတော့သတ်လိုက်တယ်။  အဲ ဒါနဲ့ပတ် သက်ပြီးတော့ ဒီတူရကီရုပ်မြင်သံကြားကနေပြီးတော့မှ ရိုက်ထားတဲ့ဗီဒီယိုတွေလည်းရှိတယ်။ အဲဒီကတည်းကရှိနေတာ။ ကျွန်တော်တင်ပြချင်တာက သူ့ဘာသူ ARSA ပဲဖြစ်ဖြစ်၊ ဘာဆာ ပဲဖြစ်ဖြစ် နာမည် ဆိုတာက ဒီအကြမ်းဖက် လောကမှာ အမျိုးမျိုးပြောင်းတယ်။ မူလတုန်း က ARNO လို့ပြောတယ်။ အခု ARSA ဖြစ်နေပြန်ပြီ။ နောက်ဘာဖြစ်ဦးမလဲမပြောတတ်ဘူး။ ကျွန်တော် တင်ပြခဲ့သလိုပဲ။ RSO ဖြစ်လိုက်၊ ARNO ဖြစ်လိုက်၊ ARNO ဖြစ်လိုက် နောက် ဆုံးမှာမမှတ်မိနိုင်တဲ့ R ပေါင်းများစွာနဲ့ သူတို့လုပ်ကြဦးမှာပဲ။ သို့သော် နောက်ကွယ်မှာ ဒီတစ် ခု ပဲရှိ တယ်။ နောက်ကွယ်က Fund တွေကဘာတွေလဲ။ နောက်ကွယ်ကထောက်ပံ့နေ တာဘာ တွေလဲ။

သူတို့ဘာလိုချင်တာလဲ။ သူတို့လိုချင်တဲ့အနေအထားက အခုအခြေအနေမှာ ဒီမြန်မာနိုင်ငံနဲ့၊ မြန်မာအစိုးရနဲ့၊ မြန်မာ့တပ်မတော်ကိုထိုးနှက်ဖို့ ကြိုးစားနေတဲ့ လူတွေက လည်းပဲ ဒီကိစ္စ Genocide  ဖြစ်တယ် ဆိုလို့ရှိရင် နိုင်ငံတကာရာဇဝတ်တရားရုံးမှာ တင်လို့ ရပါ တယ်။

ဆက်လက်ဖော်ပြပါမည်။

Read 983 times Last modified on Sunday, 10 September 2017 12:07