SJ WorldNews - шаблон joomla Авто

လပွတ္တာ (ပင်လယ်လေး) တံတားသစ်တွင် မော်တော်ယာဉ်များ စတင်ယာယီ ဖြတ်သန်းခွင့်ပြု … ….

Monday, 02 December 2019 12:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ 

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လပွတ္တာ (ပင်လယ်လေး)တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီ

ဖြစ်သောကြောင့် ယနေ့နံနက် ၅ နာရီမှစတင်၍ မော်တော်ယာဉ်များ ယာယီ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ် ကြောင်း သိရသည်။

““ဒီတံတားသစ်ဟာ လပွတ္တာ မြို့ရဲ့ဒေသ ထွက်ကုန်တွေ၊ ရေထွက်ကုန်ကဏန်းတွေနဲ့ အခြားထုတ်ကုန်တွေ၊ လယ်ယာ ထွက်ကုန်ပစည်းတွေကို မြောင်းမြတံတား သစ်ကနေဖြတ်သန်းပြီး  ရန်ကုန်မြို့ထိ တိုက်ရိုက် တင်ပို့နိုင်ကြမှာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့လည်း ရန်ကုန်- လပွတ္တာ ခရီးစဉ်ကို နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်လို့ သွားလာရေးအတွက်ရော ကုန်စည် စီးဆင်းမှုအပိုင်းတွေမှာပါ အဆင် ပြေပြေနဲ့ နေ့ည ပို့ဆောင် နိုင်တော့မှာပါ””ဟု တံတားဦးစီးဌာန တည် ဆောက်ရေး အဖွဲ့(၁)မှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမျိုးဝင်းကပြောသည်။

အဆိုပါတံတားသည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပင်လယ်လေး မြစ်ကိုဖြတ်ကျော်ကာ မြောင်းမြမြို့နယ်ရှိ လပွတ္တာ -မြောင်းမြ- အိမ်မဲ- ကျောင်းကုန်း- ကျုံပျော်လမ်းပေါ်၌တည်ရှိကြောင်း သိရသည်။ ၎င်းတံတားစီမံကိန်းကို  ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ရက်က စတင်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ယာဉ်များဖြတ်သန်း ခွင့်ပြု လိုက် ခြင်း ဖြစ်သည်။ စီမံကိန်းခန့်မှန်း ခြေတန်ဖိုးငွေ ကျပ်သန်းပေါင်း ၇၁၀၀ အကုန်အကျခံကာ အဆင့်မြှင့်တင် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

တံတားသစ်၏ အောက်ခြေအုတ်မြစ်အား သံကူကွန်ကရစ် လွန်တူး ဘိုးပိုင်ဖြင့် တည်ဆောက်ထားပြီး အောက်ခံ ဖောင် ဒေးရှင်း အား အချင်း ၁ ဒသမ ၅ မီတာရှိသော ဘိုးဗိုင် ရှစ်လုံးဖြင့် တည်ဆောက်ထားသည်။

လပွတ္တာ (ပင်လယ်လေး)တံတားသစ်၏ တံတားအုတ်မြစ်အမျိုးအစားမှာ RC Bored Pile အမျိုးအစားဖြစ်သည်။ တံတား တစ်စင်းလုံး ၏ အရှည်မှာ ပေ ၁၃၄၀ရှိပြီး တံတားသစ်၏အကျယ်မှာ ၉ ဒသမ ၃ မီတာ(၃၀ ဒသမ ၅ ပေ)ရှိသည်။ ပင်မတံတား ခန်းဖွင့်မှာ ၁၈၂ ဒသမ ၈၈ မီတာရှိကာ မြောင်းမြဘက်လမ်းနှင့် လပွတ္တာ ဘက်ကမ်းရှိ ချဉ်းကပ်တံတားများ မှာ ၁၁၂ ဒသမ ၇၇ မီတာစီ ရှိကြောင်းလည်း သိရသည်။ မူလကြိုး တံတားဟောင်း၏ ချဉ်းကပ်တံတားများဖြစ်သော မြောင်းမြဘက် နှင့် လပွတ္တာ အခြမ်းရှိ ပေ ၅၀ အကျယ် အ၀န်းရှိသည့် ချဉ်းကပ်အခန်း ခုနစ်ခန်းစီမှာ ကောင်းမွန် သောကြောင့် ပြန်လည် အသုံး ပြုထားကြောင်း သိရသည်။

ယာဉ်သွားလမ်းတွင် အသွား တစ်လမ်း၊ အပြန် တစ်လမ်းပါဝင်ပြီး အကျယ် ၇ ဒသမ၃၁ မီတာ(၂၄ ပေ)ရှိသည့် နှစ်လမ်း သွား ဖြစ်ကာ ရေလမ်း ကင်းလွတ်ခွင့်အမြင့်မှာ ရေအမြင့်ဆုံးနေရာမှ  ၉မီတာရှိကြောင်း သိရသည်။ ရေလမ်း ကင်း လွတ်ခွင့် အကျယ်မှာ ၇၀ မီတာရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း(ယာဉ်+ကုန် ၆၀)တန်ရှိကာ တစ်ဖက်လျှင် ၃ ပေ အကျယ်အ၀န်းရှိ လူသွား လမ်းပလက်ဖောင်းများ အသွား၊ အပြန်ပါရှိကြောင်း တာဝန်ယူ ဆောင် ရွက်သော တံတား ဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)မှ သိရသည်။

မောင်မျိုး (ဧရာဝတီ)

Read 61 times Last modified on Monday, 02 December 2019 12:55